ဟိုတယ်အခန်းခဈေးနှုန်းများ လျှော့ချစေလိုကြောင်း ဒုညွှန်ချုပ်ပြော

2017-12-08 16:28|၇ရက်နေ့စဉ်သတင်း

မြန်မာနိုင်ငံတွင် ဟိုတယ်အခန်းခ ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်မှုများရှိနေသဖြင့် ဈေးနှုန်းများ လျှော့ချပေးစေလိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ပြောသည်။
‘‘ကမ္ဘောဒီးယားနဲ့ လာအိုဆို ရင် သက်သာတယ်။ ၇၅ ဒေါ်လာ လောက်ဆိုရင် ကောင်းကောင်းရ နေပြီ။ ရန်ကုန်မှာက Package နဲ့ တောင် ဒေါ်လာ ၁၃၀ ပတ်ချာ လည်လောက်ရှိနေတယ်’’ဟု ၎င်း က ပြောသည်။ ရန်ကုန်မြို့၌ ကြယ်ငါးပွင့်အဆင့်ဟိုတယ်အခန်းခ ဈေးနှုန်းသည် ၂၀၁၀ ပြည့်နှစ်၌ ဒေါ်လာ ၂၅၀ မှ ၆၀၀ အထိ မြင့်တက်ခဲ့သော်လည်း ၂၀၁၅ နောက်ပိုင်းတွင် ဒေါ်လာ ၁၀၀ မှ ၁၅၀အကြားကျဆင်းလာခဲ့ကြောင်း Nature Dream ခရီးသွားလုပ်ငန်းမှ ဒေါ်စံပယ်အောင်ကပြောသည်။

‘‘ဧည့်သည် မ၀င်ရင်တော့ ဈေးကလျှော့ရမှာပဲ။ ဧည့်သည်မရ တဲ့ ဟိုတယ်တွေကတော့ ဈေးနှုန်း သိပ်တင်ရဲတော့မှာ မဟုတ်ဘူး’’ဟု ဒေါ်ခင်သန်းဝင်းက ပြောသည်။

ဟိုတယ်အခန်းခ ဈေးနှုန်းဆိုသည်မှာ ရောင်းလိုအားနှင့် ၀ယ်လိုအားအပေါ် မူတည်နေကြောင်း၊ ဟိုတယ်အလုံးရေ တိုးပွားလာသည့်အတွက် ဈေးနှုန်းလျော့ကျလာကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကြည်သိန်းကိုက ပြောသည်။

ဟိုတယ်လုပ်ငန်းတွင် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ် လာ ၂ ဒသမ ၇ ဘီလီယံ (သန်း ၂,၇၀၀) ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

၂၀၁၆ ဒီဇင်ဘာလစာရင်း အရ ရန်ကုန်မြို့တွင် ဟိုတယ် ၃၅၄ ခုရှိပြီး အခန်းအရေအတွက် ၁၇,၇၀၈ ခန်းရှိသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၇ စာရင်းအရ တစ်နိုင်ငံလုံးတွင် ဟိုတယ် ၁,၅၅၉ ခုရှိပြီးအခန်းအရေအတွက် ၆၂,၂၀၇ခန်းရှိသည်။ ဟိုတယ်အရေအတွက်သည် ၂၀၁၆ နှင့် နှိုင်းယှဉ်ပါက ၂၂၀ ကျော် တိုးတက်လာခြင်းဖြစ်သည်။

‘‘၂၀၁၂-၂၀၁၃ ခုနှစ်လောက်က ဟိုတယ်တွေက ဆောက်တုန်း။ ဈေးကြီးတယ်။ အခုကတော့ နိုင်ငံ တကာအဆင့်မီတဲ့ ဟိုတယ်တွေ လည်း ပေါ်လာပြီ’’ဟု ဦးကြည် သိန်းကိုက ပြောသည်။ မြန်မာနိုင်ငံခရီးသွားကဏ္ဍတွင် ဟိုတယ် အခန်းခဈေးနှုန်းသာမက လေယာဉ်လက်မှတ်ခလည်း မြင့်မားသည်။

လေကြောင်းလိုင်းလက်မှတ်ခကြီးမြင့်နေခြင်းကို လျှော့ချရန် လေကြောင်းလိုင်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များစုပေါင်းအဖြေရှာရန် လိုအပ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ၂၀၁၆ ဒီဇင်ဘာလတွင် ပြောကြားသည်။

昆明信息港-彩云桥 记者金玉 据缅甸《七日新闻》报道,缅甸酒店与旅游部副部长杜钦丹温表示,缅甸酒店客房被指价格过高,当局将采取措施调低价格。据悉,在柬埔寨和老挝花75美金就可以入住较好的酒店,但在仰光领包入住需花费140美金左右。

杜钦丹温表示,并不是没有客人入住客房价格就会降低,也不是有客人入住的酒店大力哄抬价格。

Nature Dream旅行社杜伞贝昂表示,虽然在2010年缅甸五星级酒店客房价格涨到250至600美元,但2015年后期又下降了100至150美元左右。

缅甸旅游业协会秘书长吴吉登哥表示,酒店客房价格以供应力和购买力为基础,酒店数量增加,价格自然会降低。2012年至2014年正处酒店建设期间,客房价格昂贵。近年来,缅甸国内已经出现一些国际级酒店。

酒店和旅游部发布消息称,缅甸酒店行业外国投资达27亿美元。据统计,截止2016年12月,仰光市共有354家酒店,约17708间客房。到2017年,缅甸共有1559家酒店,62207间客房。全国酒店数量比2016年增加了220余家。

此外,缅甸不仅酒店客房价格昂贵,机票价格也不便宜。2016年12月,缅甸旅游业协会吴阳温就曾表示,航空公司、相关组织及负责人需要合作解决机票价格过高问题。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်