ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတွင် ပြည်တွင်းလူငယ်များ တည်ဆောက်သည့် မောင်းသူမဲ့လေယာဉ်ပြိုင်ပွဲ ပါဝင်မည်
2017-10-31 21:37|
ပြင်ဦးလွင် တန်ဆောင် တိုင်ပွဲတော်တွင် ပြည်တွင်းလူ ငယ်များကိုယ်တိုင် တည်ဆောက် ထားသည့် မောင်းသူမဲ့လေယာဉ် ငယ်များ စွမ်းရည်ပြပွဲနှင့် အလှပြ ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဌေးကိုက ပြောသည်။
‘‘ပြည်တွင်းက လူငယ်တွေ ကိုယ်တိုင် တည်ဆောက်ပြီး လုပ် ထားတဲ့ မောင်းသူမဲ့လေယာဉ် လေးတွေကို အားပေးတဲ့အနေနဲ့ ပြိုင်ပွဲလေးတစ်ခု စီစဉ်ပေးမှာဖြစ် ပါတယ်။ သူတို့ရဲ့ ဝါသနာနဲ့ တီထွင်လိုစိတ်တွေကို အားပေးတဲ့အ နေနဲ့ အခုလို ပြိုင်ပွဲပြုလုပ်ပေး တာဖြစ်ပြီး အများပြည်သူတွေအ နေနဲ့လည်း လေ့လာခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်’’ဟု ဦးကျော်ဌေးကို က ပြောသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်တွင် မောင်းသူမဲ့လေယာဉ် အလှပြမောင်းနှင်ပြိုင်ပွဲကို ပြီးခဲ့ သည့် ၂၀၁၆ က ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပပြီး လေယာဉ်မှူးဟောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ယခုနှစ်တွင်ဒုတိယအကြိမ် ဆက်လက်ထည့်သွင်းကျင်းပ မည်ဖြစ်သည်။
‘‘မနှစ်ကတော့ လေကြောင်း ပိုင်းလော့ကြီးတွေကိုယ်တိုင် ဦးစီး ပြီးတော့ လာလုပ်သွားတဲ့အတွက် ဒီနှစ်လည်း အစဉ်အလာမပျက် ဦးစီးပြီးတော့ ကော်မတီကနေ ဦးစီးပြီး ဆက်လုပ်ပေးတာပါ။ ကော်မတီကတော့ ဘတ်ဂျက်မရှိ တော့တဲ့အတွက် တခြားအားပေး ချင်တဲ့ စပွန်ဆာကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဆုပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးကျော်ဌေးကို က ပြောသည်။
ပြင်ဦးလွင် တန်ဆောင်တိုင် ပွဲတော်ကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ငါး ရက်ကြာကျင်းပမည်ဖြစ်ပြီး မီးပုံး ပျံပြိုင်ပွဲ၊ ဆွမ်းကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် ဇာတ်သဘင်ပွဲ တို့ ပါဝင်မည်ဖြစ်သည်။
မောင်းသူမဲ့လေယာဉ်ပြိုင်ပွဲ ကို နိုဝင်ဘာ ၂ ရက်တွင် ကျင်းပ ရန် စီစဉ်ထားပြီး လက်ရှိ၌ မောင်းသူမဲ့ လေယာဉ်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ သီပေါ၊ ကျောက်မဲနှင့် ပြင်ဦးလွင်တို့မှ စာရင်းသွင်းထား ကြောင်း ပွဲတော်ကျင်းပရေးကော် မတီ တာဝန်ရှိသူများက ပြော သည်။(By နိုင်လင်းအောင်)
昆明信息港-彩云桥 记者金玉 据缅甸《七日新闻》报道,为鼓励和培养国内青少年的兴趣爱好及创新精神,彬乌伦点灯节期间将举行青少年无人机大赛。届时,其他人可前往参观。
据悉,今年是第二届彬乌伦点灯节无人机创作大赛。去年和今年一样都是由组委会统率,参赛选手自己规划航道,此外,由于大赛组委会没有财政预算,将与一家企业合作颁发奖项。
彬乌伦点灯节于10月30日开始,持续到11月4日,共5天。期间,将举行孔明灯大赛、布施会、祭神会、戏剧表演。无人机大赛将于11月2日举行,目前,仰光、曼德勒、梅提拉、锡袍、皎梅及彬乌伦地区已报名参加。
缅甸彬乌伦点灯节青少年无人机大赛今举行 6个地区报名参加
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့