ပသျှူးထမင်းကြော်

2017-10-30 09:06|၇ ရက်နေ့စဉ်သတင်း

 

22833619_10156753521371040_2116030639_o

ထမင်းဟင်းတွေ ချက်မစားချင်သူတွေ အတွက် ပသျှူးထမင်းကြော်နည်းလေး ဖော်ပြပေး လိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ ကြက်သားကို အတုံးသေးသေးလေးများတုံး၍ အရ သာမှုန့်၊ ဆား၊ ခရုဆီ အနည်းငယ်တို့ဖြင့် နယ်ထားပါ။

၂။ ဗိုလ်စားပဲသီး၊ မုန်လာဥနီ၊ ပြောင်းဖူးတို့ကို အတုံးလေးများလှီး၍ ရေစင်အောင်ဆေးကာ စစ်ထားပါ။

၃။ ငရုတ်သီးစိမ်းကို ပါးပါးလေးများ ညှပ်တားပါ။

၎။ ဒယ်အိုးထဲတွင် ဆီ (စားပွဲတင်ဇွန်း ၁ ဇွန်းခန့်) ထည့်၍ အပူပေး ပြီး ကြက်ဥကို မွှေကြော်ကာ အတုံးလေးများချေပြီးလျှင် ဆယ်ထုတ်ထား ပါ။

၅။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကိုရော၍ နုပ်နုပ်စဉ်းကာ ဆီပူပူ တွင် ဆီသတ်ပါ။

၆။ အနံ့မွှေးလာလျှင် ရှမ်းငရုတ်ချဉ် အနှစ်ထည့်၍မွှေပေးပါ။

၇။ ထို့နောက် ကြက်သား၊ ပင်စိမ်းရွက်၊ ငရုတ်သီးစိမ်းတို့ကို ထည့် ၍ မီးပြင်းပြင်းနှင့် ကြော်ပါ။

၈။ ကြက်သားများ အရောင်ပြောင်းလာလျှင် လှီးထားသော အသီး များထည့်၍ ကြော်ပါ။

၉။ အသီးများနွမ်းခါနီးလျှင် ထမင်းဖြူ၊ ကြက်ဥကြော်၊ တရုတ်မဆ လာ၊ ကြက်သားမှုန့်၊ ဆား အနည်းငယ်တို့ထည့်၍ သမအောင်မွှေကြော် ပါ။

၁၀။ ထမင်းများခြောက်၍ အနံ့မွှေးလာလျှင် မီးပိတ်ပြီး သုံးဆောင် လို့ရပါပြီ။        

ပါဝင်ပစ္စည်းများ

ထမင်းဖြူပန်းကန်လုံး (၃) လုံး

ကြက်သား ၂၀ ကျပ်သား

ရှမ်းငရုတ်ချဉ် စားပွဲတင်ဇွန်း (၁) ဇွန်းခွဲ

ဗိုလ်စားပဲသီး အနည်းငယ်

မုန်လာဥနီအနည်းငယ်

ပြောင်းဖူးသေးအနည်းငယ်

ကြက်ဥ၂ လုံး (ခလောက်ထားပါ)

ကြက်သွန်နီ၁ လုံး

ကြက်သွန်ဖြူ၃ မြွှာ

ပင်စိမ်းရွက်လက်တစ်ဆုပ်စာ

တရုတ်မဆလာစားပွဲတင်ဇွန်း (၁) ဇွန်း

ခရုဆီစားပွဲတင်ဇွန်း (၁) ဇွန်း

ငရုတ်သီးစိမ်းအစပ်စားနိုင်သလောက်

ဆီစားပွဲတင်ဇွန်း (၈) ဇွန်း

 

22833619_10156753521371040_2116030639_o

昆明信息港-彩云桥 记者金玉 炒饭是一道世界美食,不同地域文化的人都会做出一道有特色的炒饭,不仅方便快捷,并且美味可口,不管在哪里都十分受欢迎。做炒饭看似简单,实际非常讲究,除了对大米有特殊要求外,其他配料也决定着一碗炒饭的口感。今天,小编将为大家介绍一款马来西亚风味炒饭。

所需食材

米饭、鸡肉、酸辣椒、大蒜、洋葱、鸡蛋、豆角、胡萝卜、玉米笋、金不换、青椒、油、咖喱粉、耗油

做法

1.鸡肉洗净切丁,用少许盐、味精、耗油等腌制

2.豆角、胡萝卜、玉米笋洗净切丁备用

3.准备少许青椒

4.鸡蛋搅匀,锅内倒入适量油,油热后倒入鸡蛋翻炒捣碎

5.洋葱和大蒜切碎放入油中炝熟

6.炒出香味后倒入酸辣椒汁搅拌均匀

7.放入鸡肉、金不换叶、青椒爆炒

8.炒至鸡肉变色,放入切好的各种蔬菜一起翻炒

9.蔬菜炒熟后放入适量米饭、熟鸡蛋、咖喱粉、鸡精、盐搅拌均匀

10.炒至米饭水分干了,香味出来即可关火

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်