ရွှေတိဂုံစေတီသို့ နိုင်ငံခြားခရီးသွားဝင်ကြေး တစ်ဦးလျှင် ကျပ်တစ်သောင်းကောက်ခံမည်
2017-09-22 17:09|
ရွှေတိဂုံစေတီသို့ လာ ရောက်လည်ပတ်သည့် နိုင်ငံခြား သားခရီးသွားဧည့်သည်များကို လာမည့် ဒီဇင်ဘာက စတင်ကာ ဝင်ကြေး ကျပ်တစ်သောင်းအထိ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က စက်တင်ဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်သည်။
လက်ရှိတွင် ရွှေတိဂုံစေတီ သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားများကို တစ် ဦးလျှင် ဝင်ကြေးငွေ ကျပ်ရှစ် ထောင်ကောက်ခံနေသည်။
ထိုသို့တိုးမြှင့်ကောက်ခံရန် သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနစီမံခန့်ခွဲမှုကော်မတီအ စည်းအဝေးတွင် သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
‘‘တိုးပြီးကောက်ခံတော့ လည်း ပေးရမှာပေါ့။ ခရီးသွားတွေ အတွက်လည်း ထိုက်တန်တဲ့ဝန် ဆောင်မှုဖြစ်တယ်ဆိုရင်တော့ ကန့်ကွက်စရာမရှိပါဘူး။ တိုးတာ ကလည်း နှစ်ထောင်လောက်ပဲ တိုးတာလေ။ ရွှေတိဂုံဘုရားမှာ ဧည့်သည်တွေအတွက် လုံခြုံရေး အပိုင်းနဲ့ ဝန်ဆောင်မှုအပိုင်းလေး တွေ ပိုပြီးကောင်းအောင် လုပ်ပေး နိုင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးသက်လွင် တိုးက ပြောသည်။
ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့အနေဖြင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များကို ဝင်ကြေးတိုးမြှင့်ကောက်ခံရန် ယခုနှစ် မေလ ကတည်းက စီစဉ်ခဲ့သော်လည်း အနည်းဆုံးခြောက်လခန့် ကြိုတင် ကြေညာသင့်ကြောင်း ခရီးသွား လုပ်ငန်းရှင်များက သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တင်ပြသဖြင့် ယခုကဲ့သို့ ဒီဇင် ဘာတွင် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း
တရားဝင်ကြေညာ ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
‘‘ဟိုတုန်းကတော့ ရုတ်တ ရက်ကြီး တိုးကောက်မယ်ဆိုတော့ လက်မခံလို့ အသင်းအနေနဲ့ ခြောက်လလောက်တော့ အချိန် ယူပါဆိုပြီး စာပို့လိုက်တော့ ခေတ္တ ရွှေ့ဆိုင်း လိုက်ပါတယ်။ အခု တော့လည်း ခြောက်လပြည့်ပြီဆို တော့ ဝင်ကြေး တိုးကောက်တာ စတော့မှာ ဖြစ်ပါလိမ့်မယ်’’ဟု ဦးသက်လွင်တိုးက ပြောသည်။
ဝင်ကြေးငွေတိုးမြှင့်ကောက် ခံသလို ခရီးသွားဧည့်သည်များ အဆင်ပြေစေရန် ဝင်ကြေးငွေကို မြန်မာကျပ်ငွေ(သို့မဟုတ်) ဒေါ်လာဖြင့် တစ်ပြေးညီ ကောက်ခံ သင့်ပြီး ဒေါ်လာဖြင့် ပေးချေရာ တွင် ငွေလဲနှုန်းမြှင့်တင်ကောက်ခံ ခြင်းမရှိစေရန် ကြပ်မတ်သင့်သည် ဟု Nature Dream ခရီးသွား လုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က အကြံပြုသည်။ (By နိုင်လင်းအောင်)
昆明信息港-彩云桥 记者文丽荣 据缅甸《七日新闻》报道,近日,仰光大金塔管理方发布消息称,12月起,大金塔将对外国游客提高门票费用,从目前的8000缅币提高到1万缅币。
据悉,管理方5月起就开始计划提高门票费用,但考虑到突然提高门票费,游客无法接受,所以将涨价日期延后。8月31日,宗教和文化事务部管理委员会会议举行,各参会人员达成一致,同意提高门票费用,并确定于今年12月开始执行。
缅甸旅游企业家协会主席吴德伦多表示,如果大金塔管理方能为游客提供更优质服务的话,不反对增加门票费,且此次只涨了2000缅币。希望涨价后,管理方能够为游客提供更多安全保障及更优质服务。
同时,为方便购票,一家旅游公司经理建议外国游客使用缅币及等价美金付款,此外,还建议游客在使用美金购买门票时做好监督工作,以防购票处故意提高汇率多收费用。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


