ကူမင်း မြေအောက်ရထားလမ်း အမှတ်(၃)၊ အမှတ်(၆) ပထမလုပ်ငန်းရပ်က တရားဝင် စမ်းသပ်ခုတ်မောင်း
2017-08-30 16:29|
ကူမင်း မြေအောက်ရထားလမ်း အမှတ်(၃)၊ အမှတ်(၆) ပထမလုပ်ငန်းရပ်သည် သြဂုတ်လ ၂၉ရက်နေ့ နံနက် ၁၀နာရီတွင် တရားဝင် စမ်းသပ် ခုတ်မောင်း ခဲ့ပါသည်။
မြေအောက်ရထားလမ်း အမှတ်(၃)သည် ကူမင်းမြို့တွင် အရှေ့အနောက် ဆက်သွယ်သော အမာခံ ရထားလမ်းဖြစ်၍ စုစုပေါင်း (၂၃.၃၅)ကီလိုမီတာ ရှည်ပြီး လမ်းတစ်လျှေက်လုံးတွင် ဘူတာရုံ (၂၀)ခု စီစဉ်ပါသည်။
မြေအောက်ရထားလမ်း အမှတ်(၆)သည် လေဆိပ်သို့ အထူးမီးရထား ဖြစ်၍ စုစုပေါင်း (၂၅.၆)ကီလိုမီတာ ရှည်ပြီး လမ်းတစ်လျှေက်လုံးတွင် ဘူတာရုံ (၈)ခု စီစဉ်ပါသည်။ ပထမလုပ်ငန်းရပ်သည် စုစုပေါင်း (၁၈.၀၇)ကီလိုမီတာ ရှည်ပြီး ဘူတာရုံ (၄)ခု ထူထောင်ပါသည်။
မြေအောက်ရထားလမ်း အမှတ်(၃)၏ ခုတ်မောင်းအချိန်သည် နံနက် ၆နာရီ ၂၀မိနစ်မှ ညနေ ၂၂နာရီ ၄၅မိနစ် အထိ ဖြစ်ပြီး မြေအောက်ရထားလမ်း အမှတ်(၆) ပထမ လုပ်ငန်းရပ်၏ ခုတ်မောင်းအချိန်သည် နံနက် ၆နာရီ ၂၀မိနစ်မှ ညနေ ၂၂နာရီ ၂၀မိနစ် အထိ ဖြစ်ပါသည်။
မြေအောက်ရထားလမ်း အမှတ်(၃)၊ အမှတ်(၆) ပထမလုပ်ငန်းရပ်သည် ခရီးတာအရ လက်မှတ်အဖိုးကို သတ်မှတ်၍ (၄)ကီလိုမီတာ မလွန်လျှင် လက်မှတ်အဖိုး (၂)ယွမ် လိုပါသည်။ နောက်ပြီးတော့ တစ်ကြိမ် ခရီးတာသည် (၂)ကီလိုမီတာ တိုးပွားလျှင် လက်မှတ်အဖိုး (၁)ယွမ်ကို တိုးပွား လာပါသည်။
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့