Yangon Book Plaza တွင် အခြေခံပန်းချီသင်တန်း ဖွင့်မည်
2017-08-24 16:59|
အခြေခံပန်းချီသင်တန်း ကို ပထမဆုံးအနေဖြင့် Yangon Book Plaza တွင် စက်တင်ဘာ ကစ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါပလာဇာတည်ထောင်သူ ဦးစန်းမွန်အောင်က ပြောသည်။
အဆိုပါပန်းချီသင်တန်းတွင် ရေဆေး၊ ဆီဆး၊ ပုံတူ၊ ခဲစသည့် အခြေခံပန်းချီများကို ပန်းချီဆရာ အောင်နိုင်မောင်က သင်ကြား မည်ဖြစ်သည်။
‘‘သီအိုရီတွေနဲ့ ချက်ချင်းပန်းချီကားတွေရေးတတ်သွားအောင် လက်တွေ့ရေးပြီး သင်ပေး မှာပါ’’ ဟု ၎င်းက ပြောသည်။
သင်တန်းကြေး တစ်လ ငါးသောင်းကျပ်ဖြစ်ပြီး သင်တန်း ကာလသုံးလဖြစ်ကာ အသက် အရွယ်မရွေး တက်ရောက်နိုင်မည်သည်။
‘‘Book Plaza က စာအုပ် ရောင်းချရုံ၊ စာပေပွဲတော်တွေ ကျင်းပရုံတင်မဟုတ်ဘဲ ပန်းချီ၊ ဂီတစတဲ့ စာပေအနုပညာနဲ့ ဆက် စပ်တဲ့ သင်တန်းတွေကို ဖွင့်ဖို့ အစီအစဉ်ရှိပြီးသားပါ။ ပန်းချီသင်တန်းကတော့ အခုပထမဆုံးပါ’’ဟု ဦးစန်းမွန်အောင်က ပြောသည်။
ရုံးဖွင့်ရက် သင်တန်းရက် များအဖြစ် ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် ရုံးပိတ်ရက် သင်တန်းအဖြစ် စနေ၊ တနင်္ဂနွေနေ့များတွင် တက် ရောက်နိုင်သည်။
Yangon Book Plaza ကို ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲ များ၊ စာအုပ်ဈေး ပွဲတော်များ၊ ကဗျာရွတ်ပွဲများ၊ စာအုပ်ဆွေးနွေးပွဲများ လက်ခံကျင်းပနေ သည်။ (By ခင်ရူပါမော်)
昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》8月24日报道,仰光图书广场创始人吴伞孟昂介绍,仰光图书广场首轮基础绘画班将于9月开班,届时,将由画家昂奈貌亲授水彩画、油画、肖像画及素描等课程。
据悉,昂奈貌在教学课程中,将采用理论结合实践的方法,让学员在短时间内掌握绘画技巧。绘画班学费为每月5万缅甸,培训时间为3个月,上课时间为每周三、四以及周六周日,学员年龄无限制。
“目前,我们正在不断扩大图书广场的业务范围,在销售图书、举办文学节的同时,还将开设绘画、音乐等文学艺术培训班。”吴伞孟昂表示。
仰光图书广场自2月26日开业以来,举办了图书交流会、背诗词等多项活动。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့