သီလ၀ါအထူးဇုန်အပိုင်း(ခ)ကို ၂၀၁၈ နှစ်လယ်ပိုင်းတွင် ပြီးစီးရန် ဆောင်ရွက်နေဟု ဆို
2017-08-23 17:13|
သီလ၀ါအထူးစီးပွား ရေးဇုန်အပိုင်း(ခ)ကို ၂၀၁၈ နှစ် လယ်ပိုင်းတွင် ရာနှုန်းပြည့်ပြီးစီး ရန် ရည်ရွယ်ထား ကြောင်း မြန်မာ -ဂျပန်သီလ၀ါ ဖွံ့ဖြိုးရေးလီမိ တက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က)သည် အောင်မြင်မှုရရှိ ပြီး ရင်းနှီးမြှုပ်နှံသူများအကြား အ ထူးစိတ်ဝင်စားသောကြောင့် အ ပိုင်း(ခ)ကိုလည်း အောင်မြင်မှုရရှိ စေရန် အမြန်ဆုံးအကောင်အ ထည်ဖော်မည်ဖြစ်ကြောင်း သီလ ၀ါအထူးစီးပွားရေးဇုန်အကောင် အထည်ဖော်မှုကော်မတီမှ သိရ သည်။ အပိုင်း(ခ)ကို ၂၀၁၆ နှစ် လယ်က စတင်အကောင်အ ထည်ဖော်နေပြီး ဆွေးနွေးညှိနှိုင်း မှုအချို့ လုပ်ဆောင် နေသော ကြောင့် ၂၀၁၈ နှစ်လယ်ပိုင်းတွင် ပြီးစီးရန် လျာထားကြောင်း မြန် မာ-ဂျပန်သီလ၀ါဖွံ့ဖြိုးရေးလီမိ တက်မှ တာဝန်ရှိသူက ပြော ကြားသည်။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု များအတွက် သီလ၀ါအထူးစီးပွား ရေးဇုန်၌ မြေနေရာများ အငှား ချထားရာတွင် မြေငှားရမ်းခအဖြစ် တစ်မီတာပတ်လည်အကျယ်အ ၀န်းကို ကန်ဒေါ်လာ ၈၀ သတ် မှတ်ကောက်ခံသော်လည်း ဘဏ္ဍာ ရေးနှစ်အလိုက် ဈေးနှုန်းအ ပြောင်းအလဲရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခုအကောင်အထည်ဖော် နေသည့် အပိုင်း(ခ)တွင် ၁၀၁ ဟက်တာဧရိယာ ကျယ်ဝန်းပြီး ဧက ၂၅၀ ကျော်ရှိ ကာ လက်ရှိ၌ အ ခြေခံအဆောက်အအုံ တည် ဆောက်မှုများ စတင်နေပြီဖြစ် သည်။ ထို့ကြောင့် ရင်းနှီးမြှုပ်နှံ လို သူများ ၀င်ရောက်လိုပါက ၂၀၁၇ နှစ်လယ်ပိုင်းတွင် အပိုင်း(ခ)မှ မြေနေရာများ ငှားရမ်းနိုင်ရန်စီစဉ်နေ ကြောင်း သိရသည်။
လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၁၇ နိုင်ငံမှ ကုမ္ပဏီ ၈၇ ခုက၀င်ရောက် ရင်း နှီးမြှုပ်နှံရန် မြန်မာအစိုးရ နှင့် စာ ချုပ်ချုပ်ဆိုထားသည်။
ယင်းမှ ကုမ္ပဏီ ၈၄ ခုသည် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုချက်ရရှိ ထားပြီဖြစ်ကာ လက်ရှိအပိုင်း (က)တွင် စီးပွားဖြစ် လည်ပတ်နေ သော စက်ရုံ ၃၂ ခုရှိသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအ ထူးစီးပွားရေးဇုန်ဖြစ်သည့် သီလ ၀ါအထူးစီးပွားရေးဇုန်ကို ပြီးခဲ့ သည့် ၂၀၁၅ စက်တင်ဘာတွင် စီးပွားဖြစ်လုပ်ငန်းများလည်ပတ် ပြီး စုစုပေါင်းမြေအကျယ်အ၀န်း ၂,၄၀၀ ဟက်တာပေါ်၌ တည် ဆောက်ရေးလုပ်ငန်းများကို ဇုန် များခွဲကာ အပိုင်းလိုက်လုပ်ကိုင် နေသည်။ (By မိုးညို)
昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》8月22日报道,日缅迪拉瓦发展有限公司有关负责人介绍,缅甸迪拉瓦经济特区B区项目现正在建设中,预计2018年年中完工。
从迪拉瓦经济特区开发委员会获悉,迪拉瓦经济特区A区项目完工后,吸引了大批投资者前来投资。依照A期的成功经验,将会加快B区项目的建设。
为营造良好的投资环境,迪拉瓦经济特区向外国投资商收取的土地租赁费为每平方米80美元,同时,根据每财年的情况进行调整。
据悉,迪拉瓦经济特区B区项目面积为101公顷,基础设施建设现已完成。如若投资商对此感兴趣的话,可于今年年中租赁土地。
截至目前,迪拉瓦经济特区共有来自17个国家的87家公司进入投资。在这些公司中,84家公司已获运营权,其中的32家公司已开始进行商业运营。
作为缅甸最大的经济特区,迪拉瓦经济特区占地2400公顷,于2015年开始运营, A区面积为400公顷。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့