ရန်ကုန် ပထမလမ်းကြောင်း ဖြစ်သည့် ရေပေါ် ဘတ်စ် ပြေးဆွဲမည်၊ ခရီးစဉ် စဆုံး ၅၀၀ ကျပ်သတ်မှတ်ထား

2017-08-17 16:57|၇ ရက်နေ့စဉ်သတင်းစာ

_SAI7270f

နန်းသီတာဆိပ်ကမ်းတွင် သြဂုတ် ၁၅ ရက်က ဆိုက်ကပ်ခဲ့သည့် ရေပေါ်ဘတ်စ်သင်္ဘောနှစ်စီး (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြစ်ကြောင်းတွင် Water Bus (ရေပေါ်ဘတ်စ်) ပြေးဆွဲရန် မှာယူထားသည့် သင်္ဘော များအနက် သြစတြေးလျနိုင်ငံမှ တင်သွင်းလာသည့် သင်္ဘောနှစ်စီး သြဂုတ် ၁၅ ရက်ညက ရန် ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိလာသည်။

နန်းသီတာဆိပ်ကမ်းတွင် ရေ ကြောင်းလုံခြုံရေးနှင့် အစိုးရရုံး ပိုင်းဆိုင်ရာ ကိစ္စရပ်များ စတင် ဆောင်ရွက်နေ ပြီဖြစ်ကာ နောက် ထပ်မှာယူထားသည့် သင်္ဘောများ လည်း မကြာမီ ရောက်ရှိတော့ မည်ဖြစ်ကြောင်း Yangon Water Bus မှသတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရထံမှ Water Bus ပြေးဆွဲခြင်းအတွက် တင်ဒါ အောင်မြင် ထားသည့် တင့်တင့် မြန်မာ ကုမ္ပဏီသည် ပထမအဆင့်အနေဖြင့် လှိုင်မြစ်တွင် သင်္ဘော ၁၆ စီးမှ ၁၈ စီးအ ထိ အသုံးပြုကာ လှိုင်သာယာမှ ဗိုလ်တထောင်အထိ ရန်ကုန်မြစ်ကြောင်း အတိုင်း စတင်ပြေးဆွဲ မည်ဖြစ်သည်။

လှိုင်သာယာနှင့် ဗိုလ်တ ထောင်ခရီးစဉ်ကို ကြားဆိပ်ကမ်း ခြောက်ခု သတ်မှတ်ထားသည်။ သင်္ဘောအများစုကို သြစတြေးလျ နှင့် ထိုင်းနိုင်ငံတို့မှ မှာယူထားပြီး လက်ရှိတွင် ထိုင်းနိုင်ငံ ပတ္တရား၌ သင်္ဘောအများစု ရောက်ရှိ နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းကဲ့သို့ ပြည်ပမှ မှာယူ ထားမှုအပြင် ဆိပ်ကြီးခနောင်တို သင်္ဘောကျင်းတွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပူးပေါင်းပြီး ရေယာဉ်အစီး ၂၀ တည်ဆောက် နေမှုလည်း ပြီးစီးပြီဖြစ် သည်။

Water Bus ပြေးဆွဲခြင်းလုပ် ငန်းကို တင့်တင့်မြန်မာကုမ္ပဏီက ကန်ဒေါ်လာ ၃၇ သန်းအထိ ရင်း နှီးမြှုပ်နှံမည် ဖြစ်ကြောင်း တရား ဝင် ကြေညာထားသည်။

ပထမလမ်းကြောင်းအဖြစ် လှိုင်သာယာမှ ဗိုလ်တထောင်အ ထိ ပြေးဆွဲမည်ဖြစ်သည်။ ဒုတိယ လမ်းကြောင်း အဖြစ် ငမိုးရိပ် ချောင်းကို အသုံးပြုကာ ညောင် တန်းမှ မြောက်ဒဂုံသို့ ပြေးဆွဲမည် ဖြစ်သည်။

တတိယလမ်းကြောင်း အ ဖြစ် ရန်ကုန်မှ သန်လျင် (Star Ciry) သို့ပြေးဆွဲရန် လမ်းကြောင်း များသတ်မှတ် ထားသည်။

ရေယာဉ်စီးနင်းခကို ခရီးစဉ် စဆုံး ၅၀၀ ကျပ်သတ်မှတ်ထားပြီး ခရီးတိုကို ၃၀၀ ကျပ် သတ်မှတ် ထားသည်။ ပထမလမ်းကြောင်း ဖြစ်သည့် လှိုင်သာယာ- ဗိုလ်တ ထောင် ခရီးစဉ်သည်တစ်နာရီမိနစ် ၂၀ ကြာမြင့်နိုင်ပြီး ခရီးသည် အ သုံးပြုမှုပေါ်မူတည်ကာ ရေယာဉ် စီးရေတိုးချဲ့မည်ဖြစ်သည်။ (By မိုးညို)

_SAI7270f

向澳大利亚订购的两艘游船已于815日抵达仰光市南迪达码头。

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》816日报道,从仰光水上公交公司获悉,向澳大利亚订购的两艘游船已于815日抵达仰光市南迪达码头,这两艘油船将用作仰光河水上公交。

目前,南迪达码头河道安全维护工作和政府部门的有关事宜正在有序开展中,其余游船也将于近期抵达。

为尽快开通水上公交,仰光省政府批准中标的丁丁缅甸公司作为首家公司在仰光河上运行16艘至18搜游船,路线为莱达亚至博德涛。丁丁缅甸公司为水上公交项目投资了3700万美元。莱达亚至博德涛段将作为首条水上公交路线;第二条将在阿莫耶河上开通,路线为袅丹至妙德贡;第三条路线为仰光至丹林(卫星城)。

水上公交全程票价为500缅币,短程为400缅币。莱达亚至博德涛路线全程运行时间为1小时20分钟,乘客可根据需要选择乘坐。

据介绍,莱达亚与博德涛线路之间共设有6个码头。大部分作为水上公交的游船都是从澳大利亚和泰国订购的。截至目前,从泰国订购的大批游船已抵达仰光。除了从国外订购之外,还联合国内外专家在船坞制造了20艘水上公交。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်