ရာသီတုပ်ကွေးကြောင့် အိပ်မက်ဆုံရာဖျော်ဖြေပွဲ ရွှေ့ဆိုင်း

2017-08-04 09:02|၇ ရက်နေ့စဉ်သတင်းစာ

လက်ရှိကြုံတွေ့နေသည့် ရာသီတုပ်ကွေးရောဂါကြောင့် သြဂုတ် ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော အိပ်မက်ဆုံရာ Dream Come True ဖျော်ဖြေပွဲကို ရက်ရွှေ့လိုက်ကြောင်း ပွဲ စီစဉ်သူ ကိုပြည့်ဖြိုးဟန်က ပြော သည်။

‘‘ဘယ်အချိန်ထိ ရွှေ့တာလဲ လောလောဆယ်တော့ မသိသေးဘူး။ အစိုးရအနေနဲ့ ဒါကို စိတ်ချရပြီဆိုတဲ့အချိန် လောက်အထိတော့ ရွှေ့ရမှာပေါ့’’ဟု ၎င်းက ပြောသည်။

အိပ်မက်ဆုံရာ Dream Come True ဖျော်ဖြေပွဲကို ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် အဆိုရှင် များထဲမှ ပရိသတ် များက အွန်လိုင်းမဲစနစ်ဖြင့် ၁၅ ဦး ရွေးချယ်ကာ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ဖျော်ဖြေရန် စီစဉ် ထားခြင်းဖြစ်သည်။

‘‘ဖျော်ဖြေပွဲလုပ်ရင် အနည်း ဆုံး လူက ထောင်ဂဏန်းရှိမှာ။ အဲဒီအချိန်မှာ တစ်ခုခု ကြောင့်ဖြစ် ရင် မကောင်းဘူးလေ။ ပွဲလုပ်ဖို့က တစ်ပတ်တောင်မလိုတော့ လုပ်လိုက်လို့ ရတယ်။ ဒါပေမဲ့ ကျန်းမာ ရေးက ပိုအရေးကြီးတယ်။ ပွဲက ဘယ်အချိန်လုပ်လုပ် လုပ်လို့ရ တယ်။ အဲဒါကြောင့် ရွှေ့လိုက် တာ’’ဟု ဖျော်ဖြေပွဲရွှေ့ရသည့်အကြောင်းကို ကိုပြည့်ဖြိုးဟန်က ပြောသည်။

ထို့အပြင် လက်မှတ်ဝယ်ယူ ထားသူများအနေဖြင့် ငွေထုတ်ယူလိုပါက ပြန်လည်ထုတ်ယူ နိုင်သလို မထုတ်ယူ လိုသူများအနေဖြင့် ဖျော်ဖြေပွဲပြုလုပ်ပါက ယင်းလက်မှတ်ဖြင့် ကြည့်ရှု နိုင်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါပွဲတွင် ထက်အောင်၊ မိုးဈာန်၊ မိုးသောက်၊ လွန်းဇောင်း၊ သားဂန်း၊ အောင်ထက်၊ အောင်မြင့်မြတ်၊ Leo၊ ဆုထက်လှိုင်၊ နန့်ချစ်နဒီဇော်၊ လူးလူ၊ လဖိုင်နန်ရော်၊ ၀ိုင်းလေးနှင့် Jenevy တို့ ပါဝင်ဖျော်ဖြေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကို ၂၀၁၂က စတင်ခဲ့ပြီး အိပ်မက်ဆုံရာအမည်ဖြင့် Season 1 မှ 10 အထိ ပြုလုပ်ခဲ့ကာ အိပ်မက်ဆုံရာ ရာသက်ပန်အမည်ဖြင့် Season 1 မှ 5 အထိ ပြုလုပ်ပြီးချိန်တွင် ရပ်နားခဲ့သည်။ (By ဇွဲဉာဏ်)

昆明信息港 -彩云桥 记者袁思思 据缅甸《七日新闻》8月4日报道,“梦想成真”演唱会组织者哥贝朴翰表示,缅甸近期爆发H1N1流感疫情,受此影响,将推迟“梦想成真”演唱会的举办时间。

目前暂不知道要推迟到什么时候,至少也要等到疫情完全被控制住的时候吧。”哥贝朴翰说道,预计将有上千名观众观看演出,考虑到健康问题,他们决定延迟举办时间。

据悉,“梦想成真”演唱会将在缅甸活动公园举办,共有泰昂、莫昝、莫稻、伦枣、达甘、昂泰、昂敏咩、Leo、苏泰莱、楠琪纳迪佐、露露、腊柏楠绕、歪雷及Jenevy等15位歌手参与演出,歌手们都是在歌手大赛中通过观众网上投票选举出来。对于已购票的观众来说,若有需要可以无条件退票,而不退票的观众,演唱会举办时持票入场即可。

梦想成真”歌手大赛自2013年以来共举办了10季,后更名为“生命之梦”,在举办了5季之后被暂停。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်