ရန်ကုန်-မန္တလေး ကုန်သေတ္တာသီးသန့်ရထား ပြေးဆွဲမည်

2017-08-03 18:29|၇ ရက်နေ့စဉ်သတင်းစာ

ကုန်သေတ္တာ သီးသန့် တင်ဆောင်ပြေးဆွဲမည့် ရန်ကုန်- မန္တလေးရထားခရီးစဉ်ကို သြဂုတ် ၄ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ယခင်က ယင်းလမ်းပိုင်းတွင် ကုန်စည်ပို့ဆောင်မှုအတွက် လူစီးရထားများဖြင့် တွဲဆိုင်းချိတ် ဆက်၍သာ ပြေးဆွဲမှုရှိခဲ့ရာမှ သီး သန့် ကုန်သေတ္တာတင်ရထားအ ဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ် ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၇) သွား/လာရေး ဌာန အထွေထွေမန်နေဂျာ ဦးဇော်လွင်ကပြောသည်။

‘‘သူက ကုန်သီးသန့်ပါပဲ။ ၄ ရက်နေ့မှာ စဆွဲမှာဆိုပေမယ့် ရထားထွက်မယ့် အချိန်ကိုတော့ တွက်နေတုန်းပါ’’ဟု ၎င်းက ဆို သည်။

အဆိုပါ ကုန်သေတ္တာတင် ရထားသည် ရန်ကုန်ဝါးတန်းကုန်သေတ္တာဝင်း အနီးမှ မန္တလေး ပုလိပ်ဘူတာအထိ ပြေးဆွဲမည် ဟု မြန်မာ့မီးရထားက ထုတ်ပြန် သည်။ လက်ရှိအချိန်တွင် ချိတ် ဆက်ပြေးဆွဲမည့် တွဲအရေအ တွက် အတိအကျမသိရသေးဘဲ ရထား တစ်စီးတည်းဖြင့်သာ တစ် ပတ်လျှင် တစ်ကြိမ်ခန့် ပြေးဆွဲနိုင်မည်ဖြစ်သည်။

နောက်ပိုင်း၌ ကုန်စည်ပို့ ဆောင်နိုင်မှုအခြေအနေအပေါ် မူ တည်၍ ရက်တိုး ပြေးဆွဲ နိုင်ဖွယ်ရှိ ကြောင်း ဦးဇော်လွင်ကဆိုသည်။

ယင်းရထားသည် စစ်ဆေးရေးရှိသည့်နေရာများမှအပ လမ်းတစ်လျှောက်ရှိ ဘူတာများ၌ ရပ်နားမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကုန်သေတ္တာတင် သီးသန့်ရထားကို ကုန်စည်ပို့ ဆောင်ရေးကဏ္ဍ ပိုမိုမြန်ဆန်စေ ရန်နှင့် ကုန်စည်ပို့ဆောင်မှု ကုန်ကျစရိတ် လျော့နည်းသက်သာ စေရန် ရည်ရွယ် ပြေးဆွဲကြောင်း မြန်မာ့မီးရထား စီးပွားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

မြန်မာ့မီးရထားဌာနသည် ရန်ကုန်တိုင်းဒေသကြီးတွင် ရွာသာကြီးနှင့် မန္တလေးတိုင်းဒေသကြီး၌ မြစ်ငယ်တို့တွင် ကုန်သေတ္တာတင်ဝင်းဖြစ်သည့် ကုန်တွင်းဆိပ် များ ဆောက်လုပ်ကာ မြန်နှုန်းမြင့် ကုန်သေတ္တာတင်ရထားများ ပြေးဆွဲရန် စီစဉ် ထားကြောင်းလည်း ထုတ်ပြန်ချက်များအရ သိရသည်။ (By မိုးမင်း)

昆明信息港-彩云桥 记者文丽荣 据缅甸《七日新闻》8月3日消息,记者从缅甸铁路局获悉,为提高货物运输速度,缩减运输费用,铁路局将于8月4日起开通仰光—曼德勒货运专列,这也是该路段首次开行货运专列。

列车将从仰光瓦丹物流中心附近出发,开往曼德勒贝垒火车站,每周预计开行一列,后期将根据货物运输情况增开列车。目前,列车具体车厢数量还不清楚。除在检查站停靠外,其他站点均不停靠。

缅甸火车7号线相关负责人吴左伦表示,以前,仰光—曼德勒路段没有货运专列,只有客货混合列车,此次是该路段首次开行货运专列。该列车只运货,将于8月4日起开始运行,但具体开通时间还在计算中。

据悉,除即将开行货运专列外,缅甸铁路局还计划在仰光育瓦达基和曼德勒地区建内陆港,开行高速货运列车。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်