အာဆီယံထူထောင်မှုနှစ် ၅၀ပြည့်အထိမ်းအမှတ်အကပြိုင်ပွဲပြုလုပ်မည်

2017-08-03 18:21|ဧရာဝတီ

 သာသနာရေးနဲ့ ယဉ်းကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်မယ့် အာဆီယံထူထောင်မှုနှစ် ၅၀ ပြည့် အထိမ်း အမှတ် အာဆီယံနိုင်ငံများရဲ့ ရိုးရာအကပြိုင်ပွဲကို သြဂုတ်လ ရရက်နေ့တွင် ကျင်းတော့ပြုလုပ်မှာဖြစ်တယ်လို့ သြဂုတ်လ ၂ရက်နေ့ ရန်ကုန်မြို့ မြို့မကျေင်းလမ်းမှာရှိတဲ့ အမျိုးသားဇာတ်ရုံတွင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။

အာဆီယံဒေသမှာရှီတဲ့ အကတွေကို မြန်မာနိုင်ငံမှာ အနုပညာကို သင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသူတွေကို သင်ပြပြီး ယှဉ်ပြိုင်စေတဲ့သဘောပါ။ ရိုးရာယဉ်ကျေးမှုအက တွေကို မြန်မာနိုင်ငံအနေနဲ့ ကျင်းပတာပါလို့အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် သဘင်ပညာဌာနမှ ပါမောက္ခဌာနမှး ဦးခိုင်ထွန်းက ပြောပါတယ်။

ဒီပွဲ ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ ၂၀၁၇ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကျရောက် မယ့် အာဆီယံ အသင်းကြီး ထူထောင်တဲ့နှစ် ၅၀ ပြည့အထိမ်းအမှတ်အဖြစ် အာဆီယံ အဖွဲ့ဝင်နိုင်ငံများရဲ့ ရိုးရာအကပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ပြီး မြန်မာနိုင်င့အနေနဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တဲ့နှစ် ၂၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါပြိုင်ပွဲမှာယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေကို မြန်မာနိုင်ငံနဲ့အာဆီယံနိုင်ငံများမှ သံရုံးက သတ်မှတ်ပေးထားတဲ့ ဒိုင်လူကြီးများကု အကဲဖြတ်အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။

အာဆီယံအကပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံမျာရှိတဲ့ ရိုးရာ အက တွေကို ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ အနု ပညာသင်းတန်းကျောင်း(ရန်ကုန်/မန္တလေး)ကျောင်းနှစ်ကျောင်းတို့မှ ကျောင်းသူ ၃၀ ဦးတို့ က ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပြိုင်ပွဲကိုတော့ သြဂုတ်လ ၇ ရက်နေ့တွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)တွင် နေ့လည် ၁ နာရီမှစတင် ကျင်းပမှာ ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် မည်သူမဆို လာရောက်ကြည့်ရှုနိုင် တယ်လို့ သိရပါတယ်။ (By ယုဖြုဟန်)

昆明信息港-彩云桥 记者袁思思 据缅甸《伊洛瓦底江新闻社》83日报道,从庆祝东盟成立50周年暨东盟传统舞大赛记者招待会上获悉,东盟传统舞蹈大赛将于8713点在仰光民族剧院举行,市民可免费观看,近距离感受东盟各国传统舞蹈的魅力。

本次东盟传统舞蹈大赛由缅甸宗教与文化部主办,旨在庆祝东盟成立50周年及缅甸加入东盟20周年。

“缅甸高校艺术生学习东盟10个国家的舞蹈后,再进行比拼。”民族文化与艺术大学戏剧艺术学院系主任吴凯吞表示。

据了解,本次舞蹈大赛共有30名参赛者,均为来自仰光民族文化与艺术大学、曼德勒民族文化与艺术大学、艺术培训学校仰光校区和曼德勒校区的学生。大赛裁判由缅甸和东盟国家大使馆指定。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်