တောင်ကိုရီးယားဘူဆန်၌ဖွင့်မည့်အာဆီယံရှေးဟောင်းယဉ်ကျေးမှုပြတိုက်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုံစံတူ ပြခန်းပြသ

2017-08-02 17:12|၇ ရက်နေ့စဉ်သတင်းစာ

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ တွင် ဖွင့်လှစ်ရန် တည်ဆောက်နေ သည့် အာဆီယံ ရှေးဟောင်းယဉ် ကျေးမှုပြတိုက် (Asean Ancient Culture House)၌ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုံစံတူပြခန်း တစ်ခု ထည့်သွင်းပြသမည်ဖြစ် ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သတင်းရရှိသည်။

‘‘ပုဂံဒေသရဲ့ ပုံစံတူပြခန်း တစ်ခုကို ထည့်သွင်းပြသဖို့အ တွက်ဆိုပြီး သံရုံးကနေတစ်ဆင့် ဝန်ကြီးဌာနကို တင်ပြပြီးတော့ ပုဂံ မှာ မှတ်တမ်းရုပ်သံ လာပြီးတော့ ရိုက်ကူးတာဖြစ်ပါ တယ်။ ရိုက်ကူး မှုတွေ လုပ်သွားတာ ကတော့ နှစ် ရက်လောက်ပဲ ရှိသေးတယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

တောင်ကိုရီးယားနိုင်ငံအနေ ဖြင့် အာဆီယံရှေးဟောင်းယဉ် ကျေးမှုပြတိုက်ကို အာဆီယံ အသိုက်အဝန်း တည်ထောင်ခြင်း နှစ် (၅၀)ပြည့် အထိမ်းအမှတ်အနေ ဖြင့် တောင်ကိုရီးယားနှင့် အာဆီ ယံဒေသတွင်း နိုင်ငံများအကြား အပြန်အလှန်ဆက်ဆံမှု တိုးမြှင့်ရန် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

‘‘ဒီမှာတော့ ဒရုန်းတွေ ဘာ တွေနဲ့ မှတ်တမ်းရုပ်သံလေး ရိုက် ကူးတာပဲ၊ သီးခြားဆောင်ရွက် တာ မရှိပါဘူး။ ဌာနအနေနဲ့ကတော့ လိုအပ်တဲ့အပိုင်းလေးတွေ ခွင့်ပြု ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါ တယ်’’ဟု ဦးအောင်အောင်ကျော် က ပြောသည်။

အဆိုပါ ယဉ်ကျေးမှုပြတိုက် ကို တောင်ကိုရီးယားနိုင်ငံ ဘူဆန် မြို့ရှိ စတုရန်းမီတာ ၂,၆၄၀ အကျယ်အဝန်း ရှိသည့် မြေပေါ်တွင် အထပ်ပါရှိသည့် အဆောက်အအုံ တစ်ခု တည်ဆောက်မည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုပုံစံများ ထည့်သွင်း ဖော်ပြကာ ၂၀၁၇ အောက်တိုဘာတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေ ကြောင်း သိရသည်။ (By နိုင်လင်းအောင်)

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》8月2日消息,从缅甸考古和民族博物馆司获悉,目前正在建设的韩国釜山古文化博物馆将设立一个新展馆,用于展示蒲甘地区古文化。

“为设立蒲甘地区展览馆,我们通过大使馆向上级部门提交了相关报告,随后,摄制组来到蒲甘进行实地拍摄,拍摄大概花费了两天时间。”缅甸考古与民族博物院司主任吴昂昂觉介绍说。

据悉,为纪念东盟成立50周年,增进韩国与东盟国家之间的相互联系,韩国在釜山市建造了东盟古文化博物馆。博物馆占地面积为2640平方米,为独栋建筑,主要展示东盟各国的传统文化,计划于2017年10月正式开馆。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်