ကျိုက်ထီးရိုးတွင် ကေဘယ်ကားခနှင့် တောင်တက်ကားခကို ပေါင်းပြီးကောက်ခံမည့်အစီအစဉ် ပျက်ပြယ်

2017-07-25 16:42|၇ ရက်နေ့စဉ်သတင်းစာ

kabel

တည်ဆောက်လျက်ရှိသော ကျိုက်ထီးရိုး ကေဘယ်ကားစီမံကိန်းလုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ−သန္တာလှိုင်)

ကျိုက်ထီးရိုးတွင် ပြေးဆွဲမည့် ကေဘယ်ကား (ကောင်းကင် ကြိုးရထား) စတင်ပါက တောင်တက်ကားခနှင့်အတူ ပေါင်းပြီး ယာဉ်စီးနင်းခ ကောက်ခံမည့် စနစ်ကို ကျင့်သုံး တော့မည် မဟုတ် ကြောင်း ကျိုက်ထီးရိုး တောင် တက်ကားအသင်းမှ သတင်းရရှိ သည်။

မူလက ကင်မွန်းစခန်းမှ ရသေ့တောင်အထိ တောင်တက် ကားဖြင့်တက်ကာ ကေဘယ်ကား (ကောင်းကင်ကြိုးရထား) ဖြင့် ကျိုက်ထီးရိုးတောင်ပေါ်အထိ တက်မည့်သူ များအတွက် ယာဉ်စီးခကို တောင်တက်ကားခနှင့် ကေဘယ် စီးနင်းခပေါင်းပြီး ကောက်ခံရန် စီစဉ်ထားရာ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ကားလိုင်းကိုလည်း တောင်ပေါ်အထိ ရောက်သော ကားနှင့် ရသေ့တောင်အထိ ရောက်ပြီး ကေဘယ်နှင့် ချိတ်ဆက်မည့် ကားလိုင်းဟူ၍ ပြောင်းလဲရန် စီစဉ်ထားသည်။

‘‘ကေဘယ်ကားလိုင်း  အ တွက် လိုင်းသီးသန့်ပြေးဖို့တော့ မရှိဘူး။ အခုလက်ရှိမှာ ကင်မွန်း စခန်း၊ ရသေ့တောင် ပြေးနေတာ ရှိတယ်လေ။ အဲဒီလိုင်းကိုပဲ ဆက် ပြေးဆွဲမှာပါပဲ။

ကေဘယ်ကားခပါ တပေါင်းတည်းကောက်ခံဖို့ မရှိပါဘူး’’ဟု ကျိုက်ထီးရိုးတောင် တက်ကား အသင်းဥက္ကဋ္ဌ ဦးမျိုး မြင့်က ပြောသည်။

ထို့ကြောင့် တောင်တက်ကားဂိတ်က ယာဉ်စီးခကိုသာ ကောက်ခံမည်ဖြစ်ပြီး ရသေ့တောင် ရောက်မှသာ ကေဘယ်ကားစီးနင်းလိုသူများအနေဖြင့် ထပ်မံပြီး စီးနင်းခပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ Sky Asia က တည်ဆောက်နေသော ကေဘယ်ကြိုးစီမံကိန်းသည် ရသေ့တောင်မှ ကျိုက်ထီးရိုးဘုရားသို့ ပြေးဆွဲမည်ဖြစ်ကာ ယခုလာမည့် ဘုရားဖူး ရာသီတွင် စတင်ဖွင့်လှစ်နိုင်ရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။

ကေဘယ်ကား  စီမံကိန်း သည် လက်ရှိတွင် ၈၀ ရာခိုင်နှုန်းပြီးစီးကာ ဘုရားပွဲကာလ သီတင်းကျွတ်လပြည့်နေ့အမီ ပြီးစီးမည် ဟု Sky Asia ကုမ္ပဏီ လီမိတက် စီမံကိန်း ဒါရိုက်တာ ကိုရီးယားနိုင်ငံသား Mr.Han Jung Seuk က ပြောကြားထားသည်။

ကေဘယ်ကားစီးခကို နိုင်ငံ ခြားသားတစ်ဦးလျှင် ငါးဒေါ်လာ သတ်မှတ်ထားပြီး မြန်မာနိုင်ငံ သားတစ်ဦးလျှင် ယခင်သုံးထောင်ကျပ် သတ်မှတ်ထားသော်လည်း အသက်အာမခံကြေး ပါကောက်ခံ မည်ဖြစ်၍ အသက်သာ ဆုံးဖြစ် အောင်လုပ်ဆောင်မည်ဟု ကုမ္ပဏီက ပြောကြားထားသည်။

ကေဘယ်ကား ၄၃ စီးနှင့် အရန်တစ်စီးပြေးဆွဲမည်ဖြစ်ကာ ထိုစီမံကိန်းကို ကန်ဒေါ်လာ သန်း၂၀ အထိ အကုန်အကျခံတည်ဆောက်ပြီး ကေဘယ်ကားနှင့် ဆက်စပ်ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ တင်သွင်းထားသည်။

ကေဘယ်ကားလိုင်း ပေါ် ပေါက်လာသောကြောင့် တောင် တက်ကားများတွင် စီးနင်းသူ လျော့ကျလာနိုင်ခြင်း မရှိဘဲ ဘုရားဖူးများက ယင်းကားများသာ စီးနင်းအသုံးပြုမည်သာဖြစ် ကြောင်း ကျိုက်ထိုမြို့ခံ တောင်တက်ကားပိုင်ရှင်များက သုံးသပ်သည်။

ကျိုက်ထီးရိုးတွင် ကင်မွန်း စခန်းနှင့် တောင်ပေါ်သို့ ပြေးဆွဲ နေသည့် တောင်တက်ကားအစီး ရေ ၁၅၀ ကျော်ရှိ သည်။ (By မင်းဟိန်းကျော်၊ မိုးညို)

kabel

洁梯优景区正在建设中的缆车项目

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》7月25日报道,从缅甸大金石(又称洁梯优佛塔)登山车协会获悉,洁梯优空中缆车项目建成运行后,将不再合并收取缆车费和登山车费。

洁梯优景区将对此前游客需购买登山车和缆车套票,先乘坐登山车从京孟站前往亚德山,然后再换乘缆车登顶的规定进行调整。此外,还计划调整开往山顶的登山车以及与前往亚德山的缆车衔接的汽车路线。

“目前已经开通了前往京孟站和亚德山的缆车,暂时没有专门的缆车线路。我们不会要求游客购买登山和缆车套票。”洁梯优景区登山车协议主席吴苗敏表示,车站只收取登山车票费用,如果游客想前往亚德山的话,需单独购买缆车票。

洁梯优空中缆车项目由韩国亚天国际有限公司施工建设,计划于今年朝圣季开通运行亚德山至洁梯优佛塔段缆车。据韩国亚天国际有限公司项目经理介绍,目前,洁梯优空中缆车项目建设已完成80%,将在朝圣季解夏节前完工。

据了解,洁梯优将分别向外国游客和本国游客收取空中缆车费,外国游客每人5美元,本国游客每人3000缅币,保险费将另外收取。

洁梯优空中缆车共有43个车厢及一个备用车厢,项目总投资2000万建设,缆车相关配件均是从法国进口而来的。目前共有150多辆登山车往返于京孟站与亚德山之间。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်