လယ်ယာစိုက်ပျိုးရေး စီးပွားရေးစင်တာများဖွင့်ရန် ဆန်စပါးအသင်းချုပ်နှင့် တရုတ်အစိုးရပိုင် ကုမ္ပဏီတို့ MoU ရေးထိုး

2017-07-24 17:23|၇ ရက်နေ့စဉ်သတင်းစာ

လယ်ယာစိုက်ပျိုးရေး စီးပွားရေးစင်တာ ၃၃ ခုကို တိုင်း နှင့်ပြည်နယ် ၁၀ ခုတွင် ကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရင်းနှီးမြှုပ်နှံပြီး ဖွင့်လှစ်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။ အဆိုပါစိုက်ပျိုး ရေး၊ စီးပွားရေးစင်တာများ ဖွင့်လှစ်ရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် တရုတ်အစိုးရ ပိုင် CITIC ကုမ္ပဏီတို့ ဇူလိုင် ၂၁ ရက်က နေပြည်တော်၌ နားလည် မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။

ကျောက်ဖြူ ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် တည်ဆောက်ရေး လုပ်ပိုင်ခွင့် ရရှိထားသော တရုတ်အစိုးရပိုင် CITIC (China International Trust Invest-ment Corporation) ကုမ္ပဏီသည် အာဖရိက နိုင်ငံများ တွင်လည်း ဖန်လုံအိမ်စိုက်ပျိုးရေး စီမံကိန်းများ လုပ်ကိုင်နေသည့် အ တွေ့အကြုံရှိသဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင် ရွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက် တာစိုးထွန်းက ပြောသည်။

‘‘တရုတ်အစိုးရကုမ္ပဏီ ဖြစ်တော့ တရုတ်ကနေ ဖွံ့ဖြိုးရေး ချေးငွေကိုလည်း ချေးလို့ရမယ်။ ဖွံ့ဖြိုးရေးချေးငွေက စီးပွားဖြစ် ချေးငွေထက် အတိုးနှုန်းက နည်း တယ်’’ ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

လယ်ယာစိုက်ပျိုးရေးစီးပွား ရေးစင်တာများ ဖွင့်လှစ်နိုင်ရေး တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင် ရခြင်းက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းတို့တွင် ရင်းနှီးမြှုပ် နှံမှုငွေကြေးလိုအပ်ချက်ကြောင့် ဟု ၎င်းက ပြောသည်။

လယ်ထွန်စက်၊ ရိတ်သိမ်း ခြွေလှေ့စက်၊ ကောက်စိုက်စက် စသော လယ်ယာလုပ်ငန်းသုံး စက်ကိရိယာ များအပါအဝင် စပါးသီးနှံ သိုလှောင်ရန် ဂိုဒေါင်ဝန် ဆောင်မှုများပါ ဆောင်ရွက် ပေးမည့် စိုက်ပျိုးရေး စီးပွားရေး စင်တာ များသည် လက်ရှိ နိုင်ငံလယ်ယာ ကဏ္ဍဖွံ့ဖြိုးရေး အတွက် လိုအပ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြောင်း ပဲခူးတိုင်း အရှေ့ခြမ်း ဆန်စပါးအသင်း ဥက္ကဋ္ဌ ဦးကိုကို ကြီးက ပြောသည်။

‘‘လယ်ယာစိုက်ပျိုးရေးနဲ့ စက်ကိရိယာရောင်းချတဲ့ဇုန်တွေ တိုင်းနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ် ပေးမယ်။ စိုက်ပျိုးရေးနဲ့ပတ်သက် တဲ့ ကုမ္ပဏီတွေ အဆိုပြုလွှာလာ တင်ပါ’’ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရှစ်ကြိမ်မြောက် ဒုတိယသမ္မတနှင့် မြန်မာ့စီးပွား ရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ပွဲတွင် ပြောသည်။

လယ်ယာစိုက်ပျိုးရေးနှင့် စက်ကိရိယာရောင်းဝယ်ရေးဇုန် များ အကောင်အထည်ဖော်ရေး မြေနေရာများကို စီစဉ်ထားပြီး လိုအပ်သည့် ချေးငွေများကို အစိုးရက ထုတ်ပေးရန် စီစဉ်ထား ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

စက်ကိရိယာများ ဝယ်ယူ ရန် တောင်သူလယ်သမားများကို တစ်ဆင့်ခံ ချေးငွေစနစ်ဖြင့် ငွေချေးနိုင်ရန် စီစဉ်ပေးမည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။(By ပြည်သိမ်း)

昆明信息港-彩云桥 记者文丽荣 据缅甸《七日新闻》7月24日报道,21日,中信集团与缅甸大米协会在内比都签署谅解备忘录,中信集团将投资4亿美元在缅甸10个省邦建设33个农业经济中心。

缅甸大米协会副主席梭通表示,缅甸之所以与中信集团合作共建农业经济中心,是因为缅甸大米协会及农业经济合作社需要投资资金,并且中信集团已经获得了缅甸皎漂深水港及经济特区的建设权,该公司还有在非洲国家进行温室农业项目建设的经验。此外,缅甸也可以通过中信集团向中国借开发性贷款,此类贷款利率比商业贷款低。

勃固省东部大米协会主席吴古古表示,农业经济中心可为农民们提供拖拉机、收割机、播种机等农用设备,以及种子储藏库,这正是目前缅甸农业发展所必须的服务型中心。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်