ဒုတိယအကြိမ် ရန်ကင်းတောင် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပမည်

2017-03-31 16:41|ရောင်စုံတိမ်တံတား

17499680_10203119913835237_1727302717_o

ဒုတိယအကြိမ် ရန်ကင်း တောင်ဖိတ်ခေါ် Mountain bike စက်ဘီးပြိုင်ပွဲကို ဧပြီ ၂ ရက်တွင် မန္တလေးမြို့၌ ကျင်းပမည်ဖြစ် သည်။

၂၀၁၆ က ပထမအကြိမ်ပြု လုပ်ခဲ့သည့် ရန်ကင်းတောင်ဖိတ် ခေါ် Mountain Bike စက်ဘီးပြိုင် ပွဲ၌ ကျောက်လမ်းပေါ်တွင် စီး နင်းသည့်ပြိုင်ပွဲနှင့် လမ်းကြမ်း တောင်ဆင်း (Down Hill) ပြိုင်ပွဲ ဟူ၍ ပြိုင်ပွဲနှစ်မျိုး ပါဝင်ခဲ့သော် လည်း ဒုတိယအကြိမ် ဖိတ်ခေါ် ပြိုင်ပွဲတွင် ကျောက်လမ်းပေါ်၌ စီးနင်းသည့် ပြိုင်ပွဲသာ ပါဝင်မည် ဟု အဆိုပါပြိုင်ပွဲကို စီစဉ်သည့် မန္တလေးမြို့ အိုစတိုးမှ မန်နေဂျာ ကိုအောင်ကိုဝင်းကပြောသည်။

ပြိုင်ပွဲတွင် အမျိုးသား အ သက်(၂၅) နှစ်အောက်၊ ၂၅- ၃၅ နှစ်၊ ၃၅-၄၅ နှစ်၊ ၄၅-၆၀ ၊ ၆၀ နှစ် အထက်နှင့် အမျိုးသမီး အ လွတ်တန်း စသည့်ပြိုင်ပွဲဝင်အ တန်းများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲ ၀င်ကြေးကို ကျပ် ၅,၀၀၀ သတ် မှတ်ထားကြောင်း စက်ဘီးအဖွဲ့ ချုပ် တာဝန်ရှိသူတစ်ဦးကပြော သည်။ ပြိုင်ပွဲဝင်လိုသူများသည် မတ်လ ၃၁ ရက် နောက်ဆုံးထား ကာ ဖုန်း ၀၉-၄၀၂၅၉၇၃၅၉၂ သို့ စာရင်းပေးသွင်းရမည်ဖြစ် ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါပြိုင်ပွဲကို ဧပြီ ၂ ရက် နံနက် ၆ နာရီတွင် ၇၈ လမ်း ပေါ်ရှိ အိုစတိုးရှေ့မှ စတင်တာ လွှတ်မည်ဖြစ်ပြီး ရန်ကင်းတောင် ပေါ်ရှိ သတ်မှတ်ထားသည့်နေရာတွင် ပန်းဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကင်းတောင် ဖိတ်ခေါ် Mountain Bike စက်ဘီးပြိုင်ပွဲကို မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် မန္တ လေးတိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာန၊ MFR စက်ဘီးကလပ်နှင့် အိုစတိုးတို့ ပူး ပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး ဆု ကြေးငွေများ ချီးမြှင့်မည်ဖြစ် ကြောင်း သတင်းရရှိသည်။ (By ထက်သာဦး)

17499680_10203119913835237_1727302717_o

昆明信息港-彩云桥 记者文丽荣 据《七日新闻》报道,缅甸第二届仰金山山地自行车邀请赛将于4月2日在曼德勒举行,参赛者须在3月31日前报名。

比赛分为男子组25岁以下、25—35岁、35—45岁、45—60岁、60岁以上,及女子自由赛等组别,奖金为5000缅币。参赛者须在3月31日前拨打电话09-4025973592报名。

据介绍,第一届仰金山山地自行车邀请赛于2016年举行,包括越野赛和速降赛两种类型,但这一届只计划进行越野赛。

该比赛由缅甸自行车协会曼德勒省运动和体育部、MFR自行车俱乐部等单位联合主办并颁奖。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်