ကင်းမွန်ချဉ်စပ်အိုးကပ်ချက်
2017-03-28 16:46|
ဒီနေ့တော့ ကင်းမွန်ကိုချဉ်ချဉ်စပ်စပ်လေးချက်ပြီး ထမင်းစားမြိန်စေဖို့ ဖော်ပြလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ပထမဦးစွာကင်းမွန်များကို သန့်စင်၍ အကွင်းလေးများ လှီးကာရေစင်အောင် ဆေးပြီးစစ်ထား ပါ။
၂။ ကြက်သွန်ဖြူကို ညက်ညက်ထောင်း၍ ခရမ်းချဉ်သီးများကို လေးစိတ်လှီးကာ ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းထားပါ။
၃။ ဒယ်အိုးထဲတွင် ဆီထည့်၍ ပူလာလျှင် ကြက်သွန်ဖြူထည့်၍ ဆီသတ်ပါ။
၎။ အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးနှင့် ကင်းမွန်များထည့်၍ မွှေပေးပါ။
၅။ ကင်းမွန်အရောင်ပြောင်းလာလျှင် ငရုတ်သီးစိမ်း၊ အရသာမှုန့်၊ ဆားအနည်းငယ်၊ မန်ကျည်းမှည့်ရည်တို့ ထည့်ကာ သမအောင်မွှေပြီး အဖုံးအုပ်၍ တည်ပေးပါ။
၆။ ရေခန်း၍ ဆီပြန်အိုးကပ်လာလျှင် အရသာစိတ်ကြိုက်မြည်းကာ နံနံပင် အုပ်ပေးလို့ရပါပြီ။
ပါဝင်ပစ္စည်းများ
ကင်းမွန်၂၅ ကျပ်သား
ငရုတ်သီးစိမ်း၁၀ တောင့်
မန်ကျည်းနှစ်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ၅ မြွှာ
ခရမ်းချဉ်သီး၂ လုံး
နံနံပင် အနည်းငယ်
ဆီစားပွဲတင်ဇွန်း ၅ ဇွန်း
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့