Malindo လေကြောင်းလိုင်း ရန်ကုန်- ကွာလာလမ်ပူခရီးစဉ် ပြေးဆွဲမည်

2017-03-17 17:01|၇ ရက်နေ့စဉ်သတင်း

မလေးရှားနိုင်ငံ အခြေစိုက် Malindo လေကြောင်းလိုင်း က ဧပြီ ၁ ရက်ကစတင်ကာ ရန်ကုန်မြို့နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အကြား တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။

ရန်ကုန်-ကွာလာလမ်ပူ (သို့မဟုတ်) ကွာလာလမ်ပူ-ရန် ကုန် ခရီးစဉ်အတွက် အမေရိကန် ဒေါ်လာ ၉၀ ကျော် ကျသင့်မည် ဖြစ်ပြီး တစ်ပတ်လျှင်လေးရက် ပြေးဆွဲမည်ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။

‘‘သင်္ကြန်ပိတ်ရက်မှာ ခရီးသွားမယ့်သူတွေအတွက် အဆင်ပြေမှာပါ။ ခရီးသည်တွေ အနေနဲ့ နောက်ထပ် အပိုထပ်ဆောင်း ဝန်ဆောင်ခတွေ ထပ်ပေးစရာမလိုပါ ဘူး’’ဟု Malindo Air လိုင်းတည် ထောင်ထားသည့် My Golden Lion Aviation Ltd မှ မန်နေဂျင်း ဒါရိုက်တာ Mr Philip Phang က ပြောသည်။

ခရီးသည် ၁၆၀ ကျော် လိုက်ပါနိုင်မည့် Boeing 737-800ER အမျိုးအစား လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကာ လေယာဉ်ပေါ်တွင် ၁ နာရီကြာ အခမဲ့ Wifi သုံးစွဲခွင့်၊ ကီလို ၃၀ မှ ၄၀ အထိ တန်ဆာ သယ်ဆောင်ခွင့်တို့ ပါဝင်မည်ဖြစ်သည်။

Malindo Air Line ၏ ၁၅ နိုင်ငံမြောက် နိုင်ငံတကာ ခရီးစဉ် ပျံသန်းမှုအဖြစ် မြန်မာနိုင်ငံသို့ တိုးချဲ့ပျံသန်းပြီးတနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲမည် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ Malaysia Air Line နှင့် Air Asia လေကြောင်းလိုင်းများမှ တိုက်ရိုက်ပြေးဆွဲနေသည်။

၂၀၁၁ နောက်ပိုင်း မြန်မာ နိုင်ငံသို့ ပြည်ပနိုင်ငံများမှ ပျံသန်း ပြေးဆွဲသည့် လေကြောင်းများ ပိုမိုတိုးတက် များပြားလာပြီး လက်ရှိတွင် ဆိုးလ်၊ ဟောင်ကောင်၊ ဒူဘိုင်း စသည့်မြို့များ အပြင် အာဆီယံဒေသတွင်းနိုင်ငံများ၊ တောင်အာရှဒေသ နိုင်ငံများသို့လည်း တိုက်ရိုက် လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲနေသည်။ By မင်းဟိန်းကျော်

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》报道,近日,马印航空宣布将于4月1日起开通缅甸仰光—马来西亚吉隆坡直飞航线。航线单人往返票价约为90美元,提供长达1小时的免费Wifi服务。

仰光—吉隆坡直飞航线由可载160名乘客的波音737-800ER执飞,每周四班,每一、三、五、七执飞,乘客可托运30—40公斤重的行李。

“仰光—吉隆坡直飞航线的开通,对泼水节出行的旅客来说,是一个利好消息,他们无需再支付Wifi使用费等额外费用。”马印航空创始公司—印尼狮子航空公司经理Mr.Philip Phang介绍说。

马印航空是继马来西亚航空和亚洲航空两家航空之后,开通仰光—吉隆坡直飞航线的第三家航空公司,马印航空现已开通了至15个国家的国际航线。

据悉,2011年后期,缅甸国际航线逐渐增加。目前,除首尔、中国香港、迪拜等地之外,还开通了至东盟国家、南亚国家的国际航线。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်