နိုင်ငံတကာ ကျောက်မျက်ပြပွဲ မတ် ၂၄ ရက်တွင် ကျင်းပမည်

2017-03-09 17:06|မြန်မာတိုင်းမ်

နိုင်ငံ ၁၁ နိုင်ငံပါဝင် ပြသမည့် သတ္တမကြိမ်မြောက် နိုင်ငံတကာ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကိုမတ်လ ၂၄ ရက်မှ ၂၇ ရက်ထိ ရန်ကုန်မြို့ရှိ မြန်မာကျောက်မျက်ရတနာ အရောင်းခန်းမ တွင် ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါပြပွဲကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ပါဝင်ပြသသွားမည်ဖြစ်ပြီး ထိုင်း၊ ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ အစ္စရေးနှင့် အိန္ဒိယနိုင်ငံတို့မှ ဆိုင်ခန်းပေါင်း ၅ဝ ဖြင့် လာရောက်ပြသမည် ဖြစ် ကြောင်း ပြပွဲစီစဉ်သည့် Asia Connect မှ ဒါရိုက်တာမစ္စတာမိုက်ကယ်က ပြောသည်။

ယခုနှစ်တွင် ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့က လက်ဝတ်ရတနာ ဖန်တီးပြုလုပ်ခြင်း နှင့်ပတ်သက်သော နောက်ဆုံးပေါ် နည်းပညာများကို ပြသသွားမည်ဖြစ်၍ ကျောက်မျက် ရတနာလုပ်ငန်းလုပ်ကိုင်မည့်သူများ လာရောက်လေ့လာ နိုင်မည်ဖြစ် သည်။

ပြပွဲ၌ ကျောက်မျက်ရတနာအကြမ်းထည်၊ အချောထည်များ၊ ပတ္တမြား၊ နီလာ၊ ပုလဲ၊ ကျောက်စိမ်း အစရှိသည့် ကျောက်မျက် ရတနာများ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ အဖိုးတန်ကျောက်မျက်သယံဇာများကိုလည်း တွေ့ရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံသို့ အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍအပေါ် အရေးယူပိတ်ဆို့မှု မပြုလုပ်ခင်က ကျောက်မျက်ရတနာပြပွဲများသွားရောက်ပြသမှုများ ပြုလုပ်ခဲ့ သော်လည်း အရေးယူ ပိတ်ဆို့ခံရပြီး နောက်ပိုင်းသွားရောက်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ယခုအခါအမေရိကန်က မြန်မာ နိုင်ငံအပေါ် ကျောက်စိမ်း၊ ကျောက်မျက်
ကဏ္ဍကို အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးလိုက်ပြီဖြစ်ရာ အမေရိကန်ကျောက်မျက် ပြပွဲများတွင် မြန်မာကျောက်မျက် ရတနာလုပ်ငန်းရှင်များ ပြန်လည်သွားရောက်ပြသ နိုင်တော့မည်ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၊ အတွင်းရေးမှူးဦးထွန်းလှအောင်က ပြောသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိခဲ့သော အရေးယူပိတ်ဆို့မှုများကို ပြီးခဲ့ သည့်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်အပြီးတွင် ရုပ်သိမ်းခဲ့သည်။ (ချမ်းမြထွေး) 

昆明信息港-彩云桥 记者文丽荣 据《缅甸时光报》报道,第七届缅甸国际珠宝展将于3月24日至27日在仰光缅甸珠宝销售大厅举行,届时,将有缅甸等11个国家及地区参展。

主办方Asia Connect公司董事麦革先生表示,此次珠宝展中,共有泰国、中国香港、中国、日本、越南、德国、美国、意大利、以色列及印度等11个国家和地区参加,共设置50个展位。

值得一提的是,德国和美国将在本届珠宝展上展示手镯制作的最新工艺,业界人士可前来观摩学习。此外,还能在展会上购买珠宝原石、成品、红宝石、蓝宝石、珍珠及玉石等,并能够感受缅甸珍贵的珠宝资源。

缅甸珠宝商协会总会书记吴通腊介绍说,在美国政府对缅甸玉石以及各种珠宝实行限制之前,缅甸曾参加美国等西方国家举办的珠宝展;限制之后就再也没有参加过。现在,美国已经解除对缅甸玉石及各类珠宝的限制,缅甸珠宝商将可以重新参加美国珠宝展。

据悉,在昂山素季的美国之行结束后,美国就取消了对缅甸的限制。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်