သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ငါးရက်လျှော့ချရန် စီစဉ်
2017-03-09 16:59|
သင်္ကြန်နှစ်သစ်ကူးရုံး ပိတ်ရက်ရှည်ကို ၁၀ရက်မှ ၅ရက် သို့ လျှော့ချရန် ပြည်ထောင်စုအ စိုးရအဖွဲ့ရုံးက စီစဉ် နေသည်။
နှစ်သစ်ကူးရုံးပိတ်ရက်ကို ၅ ရက်သို့လျှော့ချပြီး ကျန်ရုံးပိတ် ရက်အား သီတင်းကျွတ်၊ တန် ဆောင်တိုင်နှင့် နိုင်ငံတကာနှစ် သစ်ကူးရုံးပိတ်ရက်များတွင် အစားထိုးဖြည့်တင်း ဆောင်ရွက်မည် ဆိုပါက ဌာနဆိုင်ရာ လုပ်ငန်းများ ထိခိုက်မှုရှိ၊မရှိ ပြည်ထောင်စု အစိုးရက သုံးသပ်နေကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
‘‘၀န်ကြီးဌာနတွေကို ၈ရက် နေ့မှာ အဆင်ပြေနိုင်၊ မပြေနိုင် လှမ်းမေးတာ’’ဟု ၎င်းက ဆက် လက်ပြောသည်။
မတ်လ ၈ရက်တွင် ပြည် ထောင်စုအစိုးရအဖွဲ့ရုံးက ဗဟို အဖွဲ့အစည်းများနှင့် ပြည်ထောင် စုဝန်ကြီးဌာန အားလုံးကို မဟာ သင်္ကြန်ပိတ်ရက်များ ပြင်ဆင်ခြင်း နှင့် ပတ်သက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲရှိ နိုင်၊ မရှိနိုင် စိစစ်ကာ မတ်လ ၉ ရက် ညနေ ၃နာရီအရောက် ပြန်လည်အကြောင်းကြားရန် ညွှန်ကြားထားသည်။
ထိုအကြောင်းကြားစာတွင် မဟာသင်္ကြန်ပိတ်ရက်ကို အကြို နေ့မတိုင်မီ ၁ ရက်ကစ၍ ၁၀ ရက် တိတိ သတ်မှတ်ခဲ့သဖြင့် ရက်ရှည်ကာလ ရုံးပိတ်ရက်၊ ဘဏ်ပိတ်ရက်များ ဖြစ်ပေါ်ခဲ့ ရသည်။ ထို့ကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းနှင့် ဘဏ် လုပ်ငန်းများ ဖြစ်ပေါ်လာခြင်းနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ပေါ်ခဲ့ သည်ဟု ဖော်ပြပါရှိ သည်။
ထို့ကြောင့် ၂၀၁၇ နှစ်သစ် ကူးရုံးပိတ်ရက်များကို မဟာသင်္ကြန်အကြိုမတိုင်မီ ၁ ရက်ကစ၍ ၁၀ ရက် ပိတ်ရက်သတ်မှတ်ခြင်းအစား မဟာသင်္ကြန်အကြိုနေ့မှ နှစ်ဆန်း ၁ ရက်နေ့အထိ ငါးရက် သာ သတ်မှတ်ပြီး ကျန်ရှိသည့် ရုံးပိတ်ရက်ငါးရက်ကို သီတင်း ကျွတ်၊ တန်ဆောင် တိုင်နှင့် နိုင်ငံ တကာ နှစ်သစ်ကူးပိတ်ရက်များ တွင် အစားထိုးဖြည့်တင်းမည်ဆိုပါက ဗဟို အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ၀န်ကြီးဌာနများ တွင် ကြိုတင် စီစဉ်ထားသောလုပ်ငန်း အတွက် ထိခိုက်နစ်နာမှုနှင့် အဆင်ပြေခြင်း ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ မတ် လ ၉ ရက် ညနေ ၃ နာရီအရောက် ပြန်လည်ပေးပို့ရန် ဖော်ပြထား သည်။
သင်္ကြန်ပိတ်ရက်များတွင် ပိတ်ရက်ရှည်ကြာသဖြင့် နိုင်ငံတ ကာနှင့် ချိတ်ဆက်လုပ်ဆောင် ရ သည့် ကိစ္စများရှိ ၍ ပိတ်ရက်ရှည် လျှင် အခက်အခဲများရှိသည်ဟု နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦး စီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်ကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အချို့ကို ဆက်သွယ်မေးမြန်း ခဲ့ သော်လည်း မသိရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
‘‘ကျွန်မတို့က နယ်ကလာ တာဆိုတော့ သင်္ကြန်ပိတ်ရက်မှာ အိမ်ပြန်ရတာ။ မိသားစု ပြန်ဆုံရ တာ။ ဒီလို ပိတ်ရက်ရှည်ကို အခု လို လျှော့မယ်ဆိုတာ လက်မခံ ဘူး။ အစိုးရက ပြည်သူကို အဆင် ပြေအောင်လုပ်ပေး ရမှာ။ အခုက အစိုးရက သူတို့လုပ်ငန်းတွေ အဆင်ပြေ အောင် ပြည်သူက ပြန်အ နစ်နာခံနေရတယ်’’ဟု ပုဂ္ဂလိက ဘဏ်ဝန်ထမ်း တစ်ဦးဖြစ်သော မအေးအေးလင်းကပြောသည်။
‘‘သင်္ကြန်ပိတ်ရက်ဆိုပေ မယ့် လုပ်ငန်းအပြီးသတ်ရေးဆိုပြီး အချိန်ပိုဆင်းရတာပဲ။ ဒါကြောင့် ထူးထူးခြားခြား ရှိလာမယ်မထင် ဘူး။ သီတင်းကျွတ်လို့ အခြားရက် တွေ အစားထိုးပေးမယ်ဆိုရင် ကောင်းတဲ့အစီအစဉ်ပါ’’ဟု စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ကန်ဒေါ်လာ ၂၇ ဒသမ ၇ ဘီလီယံ ကျော် ရှိပြီး တစ်နေ့လျှင် ပျှမ်းမျှကုန်သွယ် မှု ဒေါ်လာ ၇၆ သန်းခန့်ရှိသည်။ (By ထွန်းထွန်းမင်း)
昆明信息港-彩云桥 记者文丽荣 据缅甸媒体报道,近日,缅甸总统府发言人吴佐特表示,政府正计划将泼水节假期由10天缩短至5天,最终决定将在和各部门商讨之后,最快于泼水节之前向民众宣布。
吴左腾表示,泼水节减少的5天假期将填补到缅历七月、八月及国际新年假期里面。至于这样做可能会对各部门产生怎样的影响,政府还在考虑当中。
“泼水节假期太长,在此期间,缅甸的各项国际事务难以得到处理”。 缅甸对外经济关系部秘书长吴吞吞奈解释说。据悉,之前由于泼水节假期太长,所有机关单位及银行都放假,缅甸的部分国际业务无法得到及时处理,造成贸易下滑。
自以民盟为首的政府执政以来,采取了一系列措施对泼水节期间的各种行为进行管制,如:限制在仰光搭建临时泼水彩棚,禁止从甘朵基公园及茵雅湖抽水。这些措施今年还将继续执行。
此外,根据已出版的2017年日历,泼水节将于4月12日至21日放假。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့