မြန်မာ့ဟင်းသီးဟင်းရွက်များ စင်ကာပူနိုင်ငံတွင် စတင်ရောင်းချခွင့်ရ

2017-03-02 17:21|ရောင်စုံတိမ်တံတား

မြန်မာနိုင်ငံမှ ဟင်းသီး ဟင်းရွက်များကို စင်ကာပူနိုင်ငံရှိ စူပါမားကက် ၁၅ ခုတွင် မတ်လ ၁ ရက်က စတင်ရောင်းချနေပြီဖြစ် သည်။

Myanmar Golden Pro-duce (MGP)က စင်ကာပူရှိ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များ ရောင်းချသည့် Cold Storage စူပါမားကက် ၁၅ ခုတွင် မြန်မာ ဟင်းသီးဟင်းရွက် ခြောက်မျိုးကို ရောင်းချနေကြောင်း MGP ဒါရိုက်တာ ဒေါ်လဲ့လဲ့ဦးက ပြောကြားသည်။

အဆိုပါ စူပါမားကက်များ တွင် မြန်မာနိုင်ငံထွက် ခရမ်းကြွပ် သီး၊ ခရမ်းသီး၊ ဘိုစားပဲသီး၊ ရုံး ပတီသီး၊ ငရုတ်သီး၊ သခွားသီးတို့ ကို ရောင်းချနေကြောင်းနှင့် ColdStorage စူပါမားကက် က မြန်မာ နိုင်ငံမှ ဟင်းသီး ဟင်းရွက်များ ရောင်းချရန် နေရာပေး၍ ရောင်းနေရကြောင်း ၎င်းက ပြောကြားသည်။

‘‘အဲဒီမှာ ရောင်းဖို့လုပ်နေ တာ လေးလလောက်ရှိပြီ။ ဟင်း သီးဟင်းရွက် နမူနာတွေယူသွား ပြပြီး Cold Storage နဲ့ ညှိနှိုင်းပြီး မှ အောင်မြင်သွားတာပါ။ Cold Storage နဲ့က အရင်တုန်းက သရက်သီးတို့၊ သခွားမွှေးတို့ ပို့ခဲ့ တာရှိတော့ ဆက်ဆံရေးတော့ ကောင်းတယ်။ ဟင်းသီးဟင်းရွက် တွေလည်း တင်ပို့ချင်တယ်။ အန် တီတို့ မြန်မာတွေ တော်တော်များ များလည်း အဲဒီမှာ ရှိနေတော့ မြန်မာကထွက်တဲ့ ဟင်းသီးဟင်း ရွက်လေး စားချင်ကြမယ်ဆိုပြီး တော့ လုပ်ဖြစ်တာပါ’’ ဟု ဒေါ်လဲ့ လဲ့ဦးက ပြောသည်။

လက်ရှိ ရောင်းချနေသည့် ဟင်းသီးဟင်းရွက်များတွင် ရုံး ပတီသီးများကို ဧရာဝတီတိုင်းရှိ ညောင်တုန်း၊ မအူပင်၊ ရေလဲကလေး စသည့်ဒေသများ၊ ခရမ်းသီးနှင့် ခရမ်းကြွပ်သီးများကို ပြည် မြို့ဒေသနှင့် ဘိုစားပဲသီးများကို ရှမ်းပြည်နယ်ရှိ အောင်ပန်းမြို့တို့မှ မှာယူရောင်းချနေ ကြောင်း ဒေါ်လဲ့လဲ့ဦးက ပြောကြားသည်။

လက်ရှိ စင်ကာပူတွင် စတင် ရောင်းချပြီး ဈေးကွက်အကြိုက် တွေ့၍ အောင်မြင်မှုများ ရလာပါ က သီးနှံ အမျိုးအစားများနှင့် ပမာ ဏများ ထပ်တိုးရောင်းချနိုင်ရန် မျှော်မှန်းကြောင်း ၎င်းက ပြော ကြားသည်။

လက်ရှိ ရောင်းချရာတွင် အအေးခန်းစနစ်မရှိ၍ အခက်အ ခဲအချို့ရှိကြောင်း ဒေါ်လဲ့လဲ့ဦးက ပြောသည်။

‘‘စိုက်ခင်းက ဒီတိုင်းခူးလာ ပြီးတော့ ရိုးရိုးပဲသယ်လာတယ်။ အန်တီတို့ဆီရောက်တော့မှ အအေးခန်းထဲမှာ ထုပ်ပိုးတယ်။ အ အေးခန်းထဲထည့်တယ်ပေါ့။ ပို့ တော့လည်း ရိုးရိုး လေယာဉ်နဲ့ သွားတယ်။ အအေးခန်းမဟုတ်ဘူးပေါ့ နော်။ ဟိုကျတော့ အအေးခန်းထဲ ကို ပြန်ထည့်တယ်။ ဒီပူလိုက်၊ အေးလိုက်ဖြစ်တဲ့ ပြဿနာလေး တွေတော့ ရှိတယ်’’ဟု ဒေါ်လဲ့လဲ့ ဦးက ပြောသည်။

သို့သော် လက်ရှိ ရောင်းချ နေသည့် ဟင်းသီးဟင်းရွက်များ ၏ ၈၀ ရာခိုင်နှုန်းသည် အောင်မြင်စွာ ရောင်းချနိုင် ကြောင်း ၎င်းက ပြောသည်။ Cold Storage စူပါ မားကက်သည် စင်ကာပူတစ်နိုင်ငံ လုံးတွင် ဆိုင်ခွဲပေါင်း ၄၈ ဆိုင်ရှိ ပြီး မြန်မာဟင်းသီးဟင်းရွက်များ ကို ဆိုင်ပေါင်း ၁၅ ဆိုင်၌ စတင် ရောင်းချခွင့်ရရှိခဲ့သည်။ (By ထက်မြက်)

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》报道,缅甸黄金农产品公司(Myanmar Golden Produce)董事长杜蕾蕾乌介绍,3月1日起,缅甸向新加坡出口紫花茄、茄子、秋葵、辣椒、黄瓜等6种缅甸蔬菜,并且可以在15家Cold Storage 超市直接购买。

我们大概花了4个月的时间完成接洽,通过展示蔬菜样品,与Cold Storage 超市协商,最终成功获得销售权。”杜蕾蕾乌表示,此前,缅甸黄金农产品公司一直向Cold Storage 超市供应缅甸芒果和香瓜,深受当地消费者喜爱。

在提到目前向新加坡出口蔬果面临的困难时,杜蕾蕾乌表示,最大的困难是运送途中无法冷藏。采摘好的蔬菜直接被空运到公司,然后再被放置在冷藏室,这样一热一冷的方式极大破环了蔬菜的新鲜度。

现出口至新加坡的秋葵产自伊洛瓦底省袅栋、玛乌彬、耶雷嘎勒等地,茄子和紫花茄产自卑谬地区。杜蕾蕾乌预计,如果现在出口的蔬果能在新加坡获得广泛市场的话,公司将会增加出口蔬果的种类,以及扩大出口量。

据悉,新加坡Cold Storage 超市全国共有48家分店,允许销售缅甸蔬菜的共有15家。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်