၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အတည်ပြု

2017-03-02 16:19|၇ ရက်နေ့စဉ်သတင်း

၂၀၁၇ ပြည် ထောင်စု၏ အခွန်အကောက်ဥပ ဒေကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်သည်။

လာမည့်ဧပြီ ၁ ရက်တွင် စ တင်အကျိုးသက်ရောက်မည့် ဥပ ဒေ၌ အထူးကုန်စည် အမျိုးအစား တွင်ပါဝင်သည့် စီးကရက်နှင့် အ ရက်အမျိုးမျိုးတို့ကို ယခင်နှစ်က ထက် အခွန်တိုးမြှင့်ကောက်ခံ ထားသည်။

စီးကရက်နှင့်အရက်ကို အခွန်တိုးမြှင့် ကောက်ခံခဲ့သော်လည်း ဘီယာကိုမူ ယခင်နှစ်က အတိုင်း ၆၀ ရာခိုင်နှုန်းသာအခွန် ကောက်ခံထားသည်။
ကွမ်းစားဆေးအမျိုးမျိုးကို လည်း ယမန်နှစ်က ၆၀ ရာခိုင် နှုန်းကောက်ခံခဲ့ခြင်းကို ယခုနှစ် တွင် ၈၀ ရာခိုင်နှုန်းအထိ အခွန် တိုးမြှင့်ကောက်ခံခဲ့သည်။

သစ်လုံးသစ်ခွဲသားများကို ၅ ရာခိုင်နှုန်း၊ ကျောက်စိမ်းအရိုင်း ထည်များကို ၁၅ ရာခိုင်နှုန်းနှင့် ပတ္တမြား၊ နီလာ၊ မြအရိုင်းထည် များကို ၁၀ ရာခိုင်နှုန်းအခွန်အဖြစ် သတ်မှတ်ထားသည်။ ကျောက် စိမ်း၊ ပတ္တမြား၊ နီလာ၊ မြအချော ထည်များ၊ လက်ဝတ်ရတနာတွင် စွဲကပ်ထား သည့် ကျောက်စိမ်း ထည်များ၊ နီလာများ၊ အချော ထည်များကို ၅ ရာခိုင်နှုန်းအခွန် သတ်မှတ်ထားသည်။

မူလဥပဒေကြမ်း၌ အထူး ကုန်စည်အမျိုးအစားတွင် အလှ ကုန်ပစ္စည်းများနှင့် ကား အလှဆင် ပစ္စည်းများကို အခွန် ၅ ရာခိုင်နှုန်း ကောက်ခံရေးဆွဲထားသော်လည်း ဥပဒေကြမ်းပူးပေါင်းကော်မတီ က ပယ်ဖျက်ပေးခဲ့သည်။

ဝင်ငွေခွန်သည် ယခင်နှစ်က အတိုင်း လစာမှ တစ်နှစ်အတွင်း ၄၈ သိန်းအထက်ရရှိသူ ကိုသာ သက်သာခွင့်များ ခုနှိမ်ပြီး ကျန် ၀င်ငွေအပေါ် ၀င်ငွေအလွှာအ လိုက် စည်းကြပ် ကောက်ခံထား သည်။ (By နန္ဒ ထက်အာကာကျော်)

据缅甸《七日新闻》报道,2月24日,缅甸联邦议会审议通过了2017联邦税法。该税法将于4月1日起实施,将上调包括烟、酒在内的各类特殊商品的税率。

2017联邦税法中规定,将提高烟酒税的征收比例,但啤酒税不变,仍按照2016年税法规定的60%征收。而槟榔税将从去年的60%提高到80%。

此外,木材税提高至5%,玉石毛料税提至15%,红、蓝、绿宝石原石税提至10%,玉石、红蓝宝石等首饰税提高至5%。同时,废除原税法中征收5%化妆品税和5%汽车饰品税的规定。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်