မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းတွင် ၁၁ လအတွင်း ကုန်သွယ်မှု ဒေါ်လာသန်း ၅၀၀ ခန့် လျော့ကျ
2017-03-01 17:08|
မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းတွင် ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၁၁ လခန့်အ တွင်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာ လတူထက် ကုန်သွယ်မှု အမေရိ ကန်ဒေါ်လာ သန်း ၅၀၀ ခန့် လျော့နည်းခဲ့ကြောင်း သတင်းရရှိ သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့် ကုန် သွယ်နိုင်ခဲ့သော်လည်း ယခုဘဏ္ဍာ နှစ်ကာလတူတွင် ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံခန့် သာ ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သတင်း ရရှိသည်။
‘‘နိုဝင် ဘာ ၂၀ ရက်တိုက်ပွဲတွေက တော်တော်လေး အထိနာခဲ့တယ်။ နောက်တစ်ခုက ကားလမ်းကျပ် တာက ကုန်စည်စီးဆင်းမှုကို အများကြီးထိခိုက်စေတယ်’’ ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီး ဦးစိုးညွန့်လွင်က ပြောကြားသည်။
နိုဝင်ဘာ တိုက်ပွဲများ ကြောင့် မူဆယ်ကုန်သွယ်ရေးဂိတ် တွင် ကုန်သွယ်မှုများ တစ်ရက် လျှင် အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၆ သန်းအထိ နစ်နာခဲ့ သည်ဟု ၎င်းက ဆက်လက် ပြော ကြားသည်။
မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းတွင် အဓိကပို့ကုန် တန်ဖိုးကျဆင်း ခြင်းဖြစ်ပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာနှစ်သန်း ခွဲကျော်ကျဆင်းခဲ့သည်ဟု စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထား သည်။
မူဆယ် နယ်စပ်ကုန်သွယ် စခန်းတွင် ကုန်သွယ်မှုမြှင့်တင် ရေးအတွက် လမ်းပိုင်းအဆင့်မြှင့် မှုကို ပြည်ထောင်စု အစိုးရက ဆောင်ရွက်နေကြောင်း ဦးစိုးညွန့် လွင်က ပြောသည်။
မူဆယ်နယ်စပ်ကုန်သွယ် ရေးဂိတ်တွင် ကုန်သွယ်မှုလျော့ ကျခဲ့သော်လည်း ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်း၌ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူ ထက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ပိုခဲ့ကြောင်း ၀န်ကြီးဌာန ထုတ်ပြန်သော စာရင်းများအရ သိရသည်။ အစိုးရသစ်၏ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ၁၁ လအ တွင်း နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုအနက် မူဆယ်၊ ကျိုင်းတုံ၊ ကော့သောင်း၊ နဘုလယ်/ထီးခီး နှင့် စစ်တွေနယ်စပ် စခန်းများ တွင် ကုန်သွယ်မှုကျဆင်းခဲ့သည်။ နယ် စပ်စခန်းများတွင် အဓိကကျဆင်း မှုသည် ပို့ကုန် တန်ဖိုး ကျဆင်းခြင်း ဖြစ်ပြီး ၁၁ လအတွင်း ပြီးခဲ့သည့် နှစ်ထက် သန်း ၁၀၀ ကျော် ရှိခဲ့ သည်။ (By ထွန်းထွန်းမင်း)
昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》报道,从缅甸商务部获悉,2016-2017财年前11月(2016年4月-2017年2月),木姐边贸口岸贸易额为43亿美元,比上一财年同期下降约5亿美元。
针对木姐边贸口岸贸易额下降的原因,掸邦计划与经济部长吴索纽伦分析指出,一是2016年11月20日爆发的军事冲突,对边贸造成严重冲击,木姐边贸口岸每天的贸易额损失达1200万-1600万美元;二是交通堵塞导致货物无法按时输送。
据缅甸联邦部门统计数据可知,2016-2017财年前11月,木姐边贸口岸贸易进出口额均下降,其中,进口额下降250万美元。而清水河边贸口岸贸易额却同比上涨2亿美元。
吴索纽伦表示,为进一步提高木姐边贸口岸贸易额,联邦政府将着力改善道路拥堵问题。
据悉,2016-2017财年前11月,缅甸16个边贸口岸中,木姐、景栋、高当、那布雷(提基)和实兑口岸的贸易额均有所下降。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့