ရန်ကုန်နှင့် ခတ္တမန္ဒူမြို့အကြား တိုက်ရိုက်လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲ

2017-02-27 17:53|၇ ရက်နေ့စဉ်သတင်းစာ

ရန်ကုန်မြို့နှင့် နီပေါ နိုင်ငံ ခတ္တမန္ဒူမြို့အကြား တိုက် ရိုက်လေကြောင်းလိုင်း ပြေးဆွဲခြင်း ကို ဖေဖော်ဝါရီ ၂၄ က စတင် ကာ တစ်ပတ်လျှင် ငါးရက် ပျံ သန်းပြေးဆွဲနေကြောင်း သတင်း ရရှိသည်။

နီပေါနှင့် တရုတ်ဖက်စပ် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Himalaya Airlines (ဟိမ၀န္တာ လေကြောင်း လိုင်း) က အဆိုပါ ခရီးစဉ်ကို ပျံသန်းပြေးဆွဲခြင်းဖြစ် ပြီး ယင်း လေကြောင်း လိုင်း၏ စတုတ္ထမြောက် ပြေးဆွဲ သည့် ခရီးစဉ်ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘နီပေါနိုင်ငံအနေနဲ့ တခြား သော အာရှဒေသများကို လေ ကြောင်းခရီးစဉ်များ ချိတ်ဆက် ပျံသန်းမှု တိုးတက်များပြားလာစေ ဖို့ သန္နိဋ္ဌာန်ချထားတဲ့အတိုင်း သမိုင်းမှတ်တိုင်သစ် တစ်ခု ထပ်ပြီး စိုက်ထူ နိုင်ခဲ့ပြီဖြစ် လို့ ၀မ်းမြောက် ဂုဏ်ယူမိပါတယ်။ ဒီခရီးစဉ် သစ်ကလည်း မြန်မာလူမျိုးများနဲ့ နီပေါလူမျိုးများအတွက် နှစ်နိုင်ငံ အချင်းချင်း အဆင်ပြေပြေနဲ့ ဒေသ တွင်း ချိတ်ဆက်မှု ကွန်ရက် များ အထောက်အကူပြုစေဖို့ ဖြစ် ပါ တယ်’’ဟု အဆိုပါ လေကြောင်း လိုင်း ဒုတိယဥက္ကဋ္ဌ Mr. Vijay Dhrestha က ပြောသည်။

ယခုကဲ့သို့ နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်ပျံ သန်းပြေးဆွဲမှု ပြုလုပ်နိုင်ခြင်း သည် နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး ပြန်လည်ပြေးဆွဲနိုင်ခဲ့ ခြင်းဖြစ်ပြီး တိုက်ရိုက် လေကြောင်း ခရီးစဉ်ရှိလာပြီ ဖြစ်သဖြင့် မြတ်စွာ ဘုရားဖွားမြင်တော်မူရာ လုမ္ဗိနီ ဒေသသို့ လွယ်ကူသက်သာစွာဖြင့် သွားရောက် ဖူးမြော် နိုင်မည်ဖြစ် ကြောင်း နီပေါ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးက ပြောသည်။

အဆိုပါ လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုကို တနင်္လာမှ သောကြာအထိ တစ်ပတ်လျှင် ငါးရက် ပြေးဆွဲ မည်ဖြစ်ပြီး ရန်ကုန်- ခတ္တမန္ဒူ- ရန်ကုန် အ သွားအပြန် ခရီးစဉ်အတွက်   အမေရိကန်ဒေါ်လာ ၂၉၂ ဒေါ်လာ ခန့် ကျသင့်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

၂၀၁၁ နောက်ပိုင်း မြန်မာ နိုင်ငံသို့ ပြည်ပနိုင်ငံများမှ ပျံသန်း ပြေးဆွဲသည့် လေကြောင်းများ ပိုမိုတိုးတက် များပြားလာပြီး လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့၊ တရုတ်နိုင်ငံရှိ ဟောင်ကောင်၊ အရှေ့အလယ် ပိုင်းရှိ ဒူဘိုင်း စသည့် မြို့များအ ပြင် အာဆီယံဒေသတွင်း နိုင်ငံ များ၊ တောင်အာရှဒေသနိုင်ငံများ သို့လည်း တိုက်ရိုက်လေကြောင်း လိုင်းများ ပျံသန်း ပြေးဆွဲလျက်ရှိ သည်။ (By မင်းဟိန်းကျော်)

昆明信息港-彩云桥 记者文丽荣 据《七日新闻》报道,仰光直飞尼泊尔加德满都航线已于224日开航,该航线每周一到周五执飞,单人往返票价262美元。

据悉,仰光—加德满都直飞航线由中国与尼泊尔合作成立的喜马拉雅航空公司执飞,是喜马拉雅航空公司成立以来执飞的第四条航线。

喜马拉雅航空副总裁Mr. Vijay Dhrestha表示,仰光直飞尼泊尔加德满都航线开航,为喜马拉雅航空新开更多至尼泊尔及其他亚洲地区航线树立了新里程碑,我对此感到高兴和自豪。此外,该航线让缅甸和尼泊尔两国人民之间的联系更加便利,同时还有助于区域内联系网的建设。

缅甸驻尼泊尔大使吴伦吴表示,仰光—加德满都直飞航线是20年间开通的缅甸至尼泊尔首条直飞航线。直飞航线开航以后,去尼泊尔佛教创始人释迦牟尼诞生地——蓝毗尼朝拜将更加容易。

2011年以后,从其他国家飞往缅甸的航班越来越多。目前,除韩国首尔、中国香港及中东部的迪拜等国之外,还开通了直飞东盟国家、南亚国家的航线。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်