မောင်တောနယ်စပ်ဖွင့်လှစ်ပြီး ရက် ၂၀ ကျော်အတွင်း ကန်ဒေါ်လာလေးသိန်းကျော်ဖိုး ကုန်သွယ်

2017-01-19 16:22|၇ ရက်နေ့စဉ်သတင်းစာ

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်၊ မောင်တောနယ်စပ် ကုန်သွယ်မှုဖွင့်လှစ်ပြီး ရက် ၂၀ ကျော် အတွင်း အမေရိကန် ဒေါ်လာ လေးသိန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံ   ဦး ခင်ကျော်မြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာ ၉ ရက်က မောင်တောနယ်စပ်အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် လုံခြုံရေးအခြေအနေ အရ နယ်စပ်ကုန် သွယ်မှုကို နှစ်လကျော်ကြာ ပိတ်ထားခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မောင်တောနယ်စပ် ကုန် သွယ်မှုကို ဒီဇင်ဘာ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့သော်လည်း ဒီဇင်ဘာလကုန်အထိ ကုန်သွယ်မှုမရှိ သလောက်နည်းပါးခဲပြီး ၂၀၁၇ ဇန်နဝါရီ ၁ ရက်တွင် စတင်ကာ ကုန်သွယ်မှု ပုံမှန်ဖြစ်လာကာ ဇန်နဝါရီ ၁၅ ရက်အထိ ကုန်သွယ် မှုတန်ဖိုး ကန်ဒေါ်လာ လေးသိန်း ကျော်ဖိုးရှိခဲ့ကြောင်း ဦးခင်ကျော် မြင့်က ဆိုသည်။

‘‘လောလောဆယ် ပို့ကုန် တစ်ခုပဲ တင်ပို့နေရပါတယ်။ သွင်း ကုန်ကတော့ မရှိသေးပါဘူး။ အဓိကပို့ကုန်တွေကတော့ ငါးခြောက်၊ရေငန်ပုစွန်နဲ့ ဝါးတွေဖြစ်ပါတယ်’’ ဟု ၎င်းက ပြော သည်။

ယခင်က မောင်တောနယ် စပ်စခန်း၏ တစ်လကုန်သွယ်မှု တန်ဖိုးသည် ကန်ဒေါ်လာ လေးသိန်း ဖိုးခန့်ရှိခဲ့ကြောင်း ကုန်သွယ်မှုစာ ရင်းအရ သိရသည်။

မောင်တောနယ်စပ်မှ ပို့ကုန် များတင်ပို့သည့် လှေများနှင့်အတူ လိုက်ပါကြသော လှေသမား နှင့် အလုပ်သမားများကို နိုင်ငံသားစိ စစ်ခံရမည့်ကတ်ပြား (NV)ရှိမှသာ နယ်စပ် ဖြတ်ကျာ် သွားလာခွင့်ပေး သဖြင့် NV ကတ်ရှိ အလုပ်သမားရှားပါးမှုကို ကြုံတွေ့နေရ ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

မောင်တောနယ်စပ်ကုန် သွယ်မှုလုပ်ငန်းများကို ပြန်လည် ခွင့်ပြုထားသော်လည်း လုံခြုံ ရေးကျိုးပေါက်မှုများမရှိစေရန် ပူး ပေါင်းအဖွဲ့များက စစ်ဆေးပြီးမှ သာ တစ်ဖက်နိုင်ငံသို့ စေလွှတ် ကြောင်း သတင်းရရှိသည်။ (By မောင်ကံ)

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》报道,貌多口岸贸易站负责人吴钦觉敏介绍,缅甸—孟加拉貌多口岸边境贸易开放20天以来,贸易额超400万美元。

貌多边境地区自去年10月9日遭遇恐怖袭击以来,出于对安全的考虑,边境贸易被暂停两个月后,于12月24日重新开放。

据了解,貌多口岸贸易市场重新开放以后,边境贸易一直处于萧条的状态,但从今年1月1日开始,边境贸易恢复正常,截至1月15日,边贸额已超400万美元。目前,貌多口岸只有出口贸易,暂时没有进口贸易,主要出口鱼干、咸水虾以及竹子等产品。

据贸易额统计数据显示,此前,貌多口岸每月的贸易额约为400万美元。

当地的一位商人介绍,在貌多口岸从事出口贸易的船只、船只所有者以及工人需持有身份证才能往返于边境地区,但却很少能见到持身份证的工人。

貌多边境贸易自重新开放之后,为了保障该地的安全,往返于两国的边贸人员需接受身份证检查。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်