ရှေးဟောင်းဂန္ထ၀င်ကားပြပွဲ ဒုတိယအကြိမ်ပြုလုပ်မည်
2017-01-09 17:56|
ပထမအကြိမ် ရှေးဟောင်းဂန္ထဝင်ကားပြပွဲတွင် ပြသထားသည့် ကားအချို့ (ဓာတ်ပုံ−စိုင်းဇော်)
မြန်မာနိုင်ငံမှ စုစည်း ထားသည့် ရှေးဟောင်းဂန္ထ၀င် ကားပြပွဲကို ရန်ကုန်မြို့တွင် ဒုတိ ယအကြိမ် ပြုလုပ်မည် ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၁၅ က ပထမဆုံးအကြိမ်ပြသခဲ့သည့် အဆိုပါကားပြပွဲကို ယခု ၂၀၁၇ ဇန်န၀ါရီ ၂၈ ရက်တွင် ဒုတိယအကြိမ် ပြသမည်ဖြစ်ကြောင်း ပြပွဲကိုဦးဆောင်ကျင်းပမည့် Myanmar Classic Car Club မှသိရသည်။
ပြပွဲတွင် စုစုပေါင်းကားအစီး ရေ ၃၀ ကျော်ကို ဇန်န၀ါရီ ၂၈ရက် နှင့် ၂၉ရက်တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြည် ၌ ပြသမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ရှေးဟောင်း တန်ဖိုးကြီး ကားအများစုသည် ပြုပြင်ထိန်းသိမ်းလိုသူ နည်းပါး သဖြင့် အရည်ကျို ခြင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံသို့ ရောင်းချခြင်းများ ပြုလုပ်သဖြင့် ဆုံးရှုံးခဲ့ ရကြောင်း မြန်မာနိုင်ငံ ရှေးဟောင်း ကားချစ် သူများကလပ်က ခန့်မှန်းထားသည်။
၂၀၁၅ မတ်လတွင် မြန်မာ နိုင်ငံရှေးဟောင်းကားချစ်သူများ ကလပ်က ရန်ကုန်မြို့၌ ရှားပါး တန်ဖိုးကြီးကား အစီးရေ ၂၀ ကျော် ကိုပြပွဲအဖြစ်ပြသပြီး လူအများ စိတ်ဝင်စားသည့် ပြပွဲ တစ်ခုဖြစ်ခဲ့ သည်။
မြန်မာနိုင်ငံ၏ရှေးဟောင်း ကားချစ်သူများစုစည်းထားသည့် ကားများထဲတွင် ရှားပါးစာရင်း ၀င် ကားများအဖြစ် သတ်မှတ်ထား သည့် ဒေါ့ဂျစ်၊ ချက်ကာမာရသွန်၊ ဗဲလန့်၊ ဗီလား၊ အန်ပလာ၊ ကယ်ဒီလက်စ်ဒီဗီလာ စသည့် ကားများ ပါရှိသည်။
ယနေ့အထိ ထိန်းသိမ်းခဲ့သည့် ကားများထဲတွင် အမေရိကန်သံအမတ်ကြီးစီးခဲ့သည့် ချက်ကာမာရသွန်၊ အိန္ဒိယ သံအမတ်ကြီးစီးခဲ့သည့် အန်ပလာနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ကျော်က ကားလောကတွင် နာမည်ကြီးခဲ့သည့် ဒီဆိုတိုမောရင့်ဗဲလန့်ကားများအထိ မြန်မာနိုင်ငံမှ ၀ါသနာရှင်များက စုဆောင်းထားခဲ့ကြ သည်။
ယခုပြုလုပ်မည့်ပြပွဲတွင်ရှေး ဟောင်းကားများအပြင် ရှေး ဟောင်းပစ္စည်းများနှင့်ပတ်သက် ၍ ၀ါသနာပါ စုဆောင်း ထားသူ များလည်း လာရောက်ပြသနိုင်ပြီး ၀ါသနာရှင်များ အချင်းချင်း လဲ လှယ်ရောင်းချနိုင် ကြောင်းသိရသည်။
လာရောက်ပြသသည့်ကား များထဲမှ Classic Car Award 2017, People Choice Award 2017 တို့ကို ဆုများအဖြစ် ချီးမြှင့် ရန် စီစဉ်ထားကြောင်းသိရသည်။ (By မိုးညို)
首届缅甸古董车展
昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》消息,从缅甸古董车俱乐部获悉,第二届缅甸古董车展于今年1月28日-29日在仰光举行,届时,将有30余辆古董车亮相车展。
缅甸古董车展自2015年3月在仰光举办以来,一度成为深受民众喜爱的展会之一。首届缅甸古董车展由缅甸古董车收藏爱好者俱乐部举办,共展出20余辆稀少且价格昂贵的古董车。
据缅甸古董车收藏爱好者俱乐部介绍,由于缅甸维修保养古董车的技术人才稀缺,车辆都必须送到中国进行维修保养工作,耗费大量的财力和物力。缅甸古董车爱好者所收藏的汽车品牌较为罕见,包括道奇、维拉克斯等。
除了古董车外,此次车展还将展出古文物,收藏爱好者们可以携带自己收藏的物品前来展示,同时,还可以进行买卖。
据悉,此次展出的古董车将想参与2017古董车奖、2017人民选择奖等奖项的角逐。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့