ရန်ကုန်မြို့တော် ကိုယ်စားပြုလိုဂိုဒီဇိုင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဖိတ်ခေါ်
2016-12-09 17:54|
ရန်ကုန်မြို့တော်ရှိ မြို့အ၀င်တည်နေရာများနှင့် အထင် ကရနေရာများတွင် ဆိုင်းဘုတ်များ ၌ ထည့်သွင်းအသုံးပြုရန် လိုဂိုဒီဇိုင်းပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင် ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖိတ်ခေါ်ထားသည်။
ဆုရလိုဂိုဒီဇိုင်းအတွက် ဆု ကြေးငွေကို ဆူးလေရှန်ဂရီလာက ပေးအပ်မည်ဖြစ်ပြီး လိုဂို ရွေးချယ်ဆုပေးမှုကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဦးဆောင်လုပ်ကိုင် မည်ဖြစ်သည်။
‘‘သုံးမှာကတော့ ရန်ကုန်လေ ဆိပ်လိုမျိုးနေရာတွေမှာ Welcome to Yangon လိုမျိုး ဆိုင်း ဘုတ်တွေအတွက် သုံးသွားမှာပါ’’ ဟု ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက်ဌာန (YCDC) လက်ထောက် ညွှန်ကြားရေးမှူးဦးလှမင်းက ပြောကြားသည်။
ဆုရလိုဂိုအတွက်ပေးအပ် မည့် ဆုကြေးငွေနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ဆူးလေရှန်ဂရီလာဟိုတယ်တို့က ထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိပေ။ ‘‘ဆုကြေးကို ထုတ်ပြောထားတာမရှိသေးဘူး။ အံ့သြဖွယ်ငွေသားဆုလို့ပဲ ပြော ထား သေးတယ်။ ရွေးချယ်တာက တော့ YCDC ဘက်ကရွေးချယ်မှာ ပါ’’ဟု ဆူးလေ ရှန်ဂရီလာသတင်း ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ကပြောသည်။
ပြိုင်ပွဲဝင်လိုဂိုတွင် မြန်မာ နိုင်ငံ၏ တိုးတက်မှုအခန်းကဏ္ဍ တစ်ခုပါဝင်ရမည်ဖြစ်ပြီး ယဉ်ကျေးမှုနှင့် ရိုးရာအမွေအနှစ်တို့ ပေါင်းစပ်ကာ ရန်ကုန်မြို့တော်ကို ကိုယ်စားပြုရမည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ကိုယ်တိုင်ဖန်တီး ထားသော လိုဂိုဒီဇိုင်းကို ဒီဇင်ဘာ ၁၆ရက် နောက်ဆုံး ပေးပို့ပြိုင်ဆိုင်ရမည်ဖြစ်ပြီး ပြိုင်ပွဲ အတွက် တင်သွင်းရန် လမ်းညွှန်ချက် ရှစ်ချက်နှင့် တင်သွင်းရန် ပုံစံအမျိုးအစား သုံးခုကို မြို့တော်စည်ပင်က ထုတ်ပြန်ကြေညာခဲ့ သည်။(By မြင့်ကျော်လှိုင်)
昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》消息,仰光市将启动城市形象Logo设计征集大赛,获奖作品将有机会被印在广告牌上,并树立在仰光入城口及著名景点。
据了解,参赛作品必须为原创设计,展现缅甸的一项发展成果,包含文化和传统遗产,并且能代表仰光市。目前,仰光市政委员会已于日前公布了参赛指南和作品形式,对标识设计感兴趣者,可于12月16日前将参赛作品提交至委员会。
“诸如印有‘仰光欢迎你’这一类标识的广告牌将被树立在仰光机场。”仰光市政委员会公共关系和信息局助理主任吴腊敏表示。
本次大赛评委由仰光市政委员会担当,将对获奖者给予奖金奖励,奖金由苏蕾香格里拉酒店提供。关于大赛奖项的设立情况,仰光市政委员会和苏蕾香格里拉酒店并未作详细说明。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့