ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းခရီးသည် အဆောက်အအုံသစ်ဖွင့်လှစ်

2016-12-08 09:03|၇ ရက်နေ့စဉ်သတင်း

15388678_695100133981528_197268778_o

အသစ်ဖွင့်လှစ်လိုက်သည့် ရန်ကုန်လေဆိပ်ရှိ ပြည်တွင်းခရီးသည်အဆောက်အအုံသစ် (ဓာတ်ပုံ-ဖြူဖွေးသန့်)

ရန်ကုန် အပြည်ပြည်ဆိုင် ရာလေဆိပ်၏ ပြည်တွင်းခရီး သည် လေဆိပ်အဆောက်အအုံ သစ် (New Domestic Terminal 3) ကို ဒီဇင်ဘာ ၅ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက် ကစ၍ ပြည်တွင်း လေကြောင်း လိုင်းများအားလုံးကို အဆိုပါအ ဆောင်သစ်သို့ ပြောင်းရွှေ့ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

‘‘Domestics ဆိုပေမယ့် International လောက်ကို ကောင်းပါတယ်။ ဒီစီမံကိန်းမှာ အစိုးရဘတ်ဂျက်မပါဘူး။ YACL ကုမ္ပဏီကပဲ အကုန်အကျခံတည် ဆောက်တာပါ။ လက်ရှိအသုံးပြု နေတဲ့ ပြည်တွင်းခရီးသည်လေ ဆိပ် အဆောက်အအုံကို ဒီလအ တွင်းမှာ နိုင်ငံတကာလေဆိပ်တွေ ဖြစ်တဲ့ Terminal 1 နဲ့ Terminal 2 တွေကို ဆက်စပ်ပေးတဲ့  အဆောက်အအုံအဖြစ် ဆောက်လုပ်သွားမှာပါ’’ဟု လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲ ထွဋ်အောင်က ပြောသည်။

အဆိုပါ အဆောက်အအုံ သစ်တွင် ပြည်တွင်းလေကြောင်း လိုင်းများအားလုံး ဒီဇင်ဘာ ၉ ရက်ကစ၍ ပြောင်းရွှေ့ဝန်ဆောင် မှုပေးမည်ဖြစ်ပြီး လက်ရှိအသုံးပြု နေသော ပြည်တွင်း ခရီးသည်လေဆိပ် အဆောက်အအုံ ကို ဖျက် သိမ်း၍ နိုင်ငံတကာလေဆိပ် Terminal 1 နှင့် Terminal 2 ကို ဆက်စပ်ပေးသည့် အဆောက်အ အုံအဖြစ် YACL ကုမ္ပဏီက ပြောင်း လဲဆောက်လုပ်မည်ဖြစ်သည်။

ပြည်တွင်းခရီးသည် အဆောက်အအုံ၏ ဧရိယာမှာ အလျားမီတာ ၂၆၀ နှင့် အနံ မီတာ ၆၀ ကျယ်ဝန်းကာ Check-in ကောင်တာ ၃၈ ခု၊ Aerobridge လေးခုနှင့် Remote Gate နှစ်ခု ပါရှိပြီး ၂၀၁၅ အောက်တိုဘာမှစ၍ YACL ကုမ္ပဏီက တည် ဆောက်ခဲ့ရာ ၁၅ လအကြာ တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ ရဲ့ စီးပွားရေးမြို့တော်ကြီးဖြစ် သလို ကုန်စည်စီးဆင်းမှု၊ နိုင်ငံ ခြားဧည့်သည် ခရီးသွားလာသူ များ၊ ပြည်တွင်းခရီးသွားလာသူ များနဲ့ အမြဲတမ်းစည်ကားနေ တဲ့ ဂိတ်ဝေးရဲ့အစပဲ ဖြစ်ပါတယ်။ ရန်ကုန်ဟာ ရေကြောင်း၊ လေကြောင်း လမ်းတွေရဲ့ အစ နေရာ မှာ တည်ရှိပါတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းတွေ တိုးတက်လာဖို့ ကုန်စည် စီးဆင်းမှုတွေ တိုးတက်မှန်ကန်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအ တွက် လေဆိပ်ဟာ အလွန်အဆမတန် အရေးကြီးပါတယ်’’ ဟု အဆိုပါလေဆိပ် အဆောက် အအုံသစ်ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထည့်သွင်း ပြောကြားခဲ့ သည်။

လက်ရှိတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်ပ လေကြောင်းလိုင်း ၂၉ လိုင်း နှင့် ပြည်တွင်းလေကြောင်းလိုင်း ကိုး လိုင်းတို့က ဝန်ဆောင်မှုပေးနေပြီး ပြည်တွင်းခရီးသည် လေဆိပ် အ ဆောက်အအုံ၌ နေ့စဉ်ပြည်ပ ခရီးသည်ခြောက်ထောင်ခန့်နှင့် ပြည်တွင်း ခရီးသည် ခြောက်ထောင်ခန့် အသုံးပြုလျက်ရှိကြောင်း သိရ သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁၉၅၂ က စတင် တည်ဆောက်ခဲ့ပြီး ၁၉၅၇ ဇန်နဝါ ရီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် တိုးချဲ့မှုတစ်ကြိမ်နှင့် ၂၀၀၄ ၌ တိုးချဲ့မှုတစ်ကြိမ် ပြုလုပ်ခဲ့ပြီး ၂၀၁၅ မတ်လ ၁၂ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ ခရီးသည်ဆောင် အဆောက်အအုံ သစ် Terminal 1 ကို ဖွင့်လှစ်ပေး ခဲ့သည်။By ဖြူဖွေးသန့်

15388678_695100133981528_197268778_o

仰光国际机场新建成的国内航站楼

昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》消息,12月5日,仰光国际机场T3国内航站楼开业仪式举行,标志着T3国内航站楼建成并正式投入使用,并从12月9日起,承接缅甸所有的国内航班。

“T3国内航站楼项目由YACL公司全额投资建设,该项目的建设水平不亚于国际化水平。目前正在使用的国内航站楼将在本月内改为国际航站楼,与T1和T2共同承接国际航班。”缅甸航运司副司长吴耶团敖表示。

T3国内航站楼长约260米,宽60米,共有38个值机柜台,4个登机桥及2扇自动门,由YACL 公司于2015年10月开始建设,耗时15个月建成。

仰光省长吴朴敏登出席仰光国际机场T3国内航站楼开业仪式并致辞。吴朴敏登表示,作为缅甸的经济中心,仰光市历来都是货物输送的集散地,是面向国内外旅客的窗口,是缅甸水路和空路交通的始发点。在发展旅游业,提高货物流通量,促进缅甸经济发展的过程中,机场起着至关重要的作用。

据悉,目前正在使用的仰光国际机场共有29条国际航线和9条国内航线,国内航站楼每天运送的国际旅客和国内旅客均为6000余人。

仰光国际机场于1952年开始建设,1952年1月8月投入使用,1988年后期进行第一次扩建,2003年再一次进行扩建,2015年3月12日开始使用T1航站楼。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်