ဆောင်းရာသီအတွက်အသင့်လျော်ဆုံး စမတ် Gadget ခုနစ်မျိုး
2016-12-02 19:33|
ဒီဇင်ဘာလထဲ ချင်း နင်းဝင်ရောက်လာ ခြင်းနဲ့အတူ ဆောင်း ရာသီရဲ့ အငွေ့အသက်တွေ က ပို ပြီး ပီပြင်ထင်ရှား လာပါတယ်။ နေ့တာ ပိုတိုလာသလို အအေး ဓာတ်က သိသိသာသာ လွှမ်းခြုံ လာတယ်။
‘‘ဆောင်းတွင်းမှာ အေးလာရင် မီးလှုံရုံပေါ့’’ ဆိုတာမျိုးက နည်းပညာ ထွန်းကားတဲ့ ဒီနေ့ ခေတ်မျိုးမှာ အကောင်းဆုံး ဖြေ ရှင်းမှု မဟုတ်တော့ပါဘူး။ အခု ဆောင်းပါးမှာတော့ ဆောင်းရာသီရဲ့ အအေးဓာတ်ကို အန်တုဖို့ အကူညီပေး နိုင်တဲ့ အကောင်းဆုံး နည်းပညာ Gadget ခုနစ်မျိုးကို စုစည်း ဖော်ပြထားပါတယ်။
USB ခြုံစောင်
အေးမြတဲ့ ဆောင်းတွင်းမှာ စောင်ထူထူ နွေးနွေးကြီးခြုံပြီး အိပ် ရာထဲ ကွေးနေရတာဟာ ဇိမ်အ ကျဆုံး ကိစ္စတစ်ခု ပါ။ ဒါပေမဲ့ အိပ်ချိန်မဟုတ်ဘဲ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာ မျိုး၊ ဧည့်ခန်း ထဲမှာ TV ကြည့်နေတာမျိုး ဆိုရင် တော့ စောင်ထူထူကြီးတွေကို သယ်ဆောင် လာဖို့ ခက်ပါလိမ့် မယ်။ Perpetual Kid က ထုတ် လုပ်တဲ့ USB ခြုံစောင်ကတော့ ဒီအခြေအနေမျိုးကို အကောင်း ဆုံး ဖြေရှင်းနိုင်ဖို့ကူညီပါလိမ့် မယ်။ ၃၃ လက်မရှည်ပြီး ၁၈ လက်မ ကျယ်တဲ့အတွက် ခန္ဓာ ကိုယ် အပေါ်ပိုင်းကို လွှမ်းခြုံထားဖို့ အသင့်တော်ဆုံး အရွယ်အစား ဖြစ်ပါတယ်။ ပြီးတော့ ဇစ်ပါ ပြန်ပိတ်ထားနိုင်တာကြောင့် ခြုံ စောင်ကို လမ်းလျှောက်သွားလာ ချိန်မှာပါ ကိုယ်နဲ့မကွာ ယူဆောင် သွားနိုင်ပါတယ်။ အနွေးဓာတ်ကို လိုသလောက် ချိန်ညှိနိုင်ပြီး USB Port ကနေတစ်ဆင့် စွမ်းအင် ဖြည့်သွင်း နိုင်မှာ ပါ။
USB အပူပေး ခြေနင်း
အပေါ်ပိုင်း နွေးနွေးထွေး ထွေး ဝတ်ထားရင်တောင် ခြေဖျား တွေ အေးစက်နေတဲ့အခါ နေရ ထိုင်ရ အတော်လေး ကသိက အောက် ဖြစ်တတ်တာကို ကြုံဖူး ကြမှာပါ။ ကွန်ပျူတာနဲ့ အလုပ် လုပ်နေတဲ့ အချိန်မျိုးမှာ ခြေ ထောက် တွေကို နွေးထွေးနေစေ ချင်ရင်တော့ Cozy Foot Warmer Floomat ဆိုတဲ့ ခြေနင်းလေးက ကူညီပါလိမ့်မယ်။ အရှည် ၂၀ ဒသမ ၅ လက်မ၊ အကျယ်က ၁၄ လက်မ ရှိတာကြောင့် ခြေ ထောက် နှစ်ဖက်စလုံး လုံလောက်တဲ့ အကျယ်အဝန်းမှာ သက်သောင့် သက်သာ တင်ထားနိုင်မှာပါ။ ဒီ ခြေနင်းကိုလည်း USB နဲ့ ချိတ် ဆက်ပြီး စွမ်းအင် ထောက်ပံ့ထား ရမှာ ဖြစ်ပါတယ်။
ကော်ဖီခွက် အနွေးပေးစက်
ရာသီဥတု အေးအေးမှာ ကော်ဖီနွေးနွေးလေးနဲ့ နှပ်ရတာ အရသာ တစ်မျိုးပါ။ ဒါပေမဲ့ ရာသီဥတု အေးတာနဲ့အမျှ ကော်ဖီကလည်း မြန်မြန်ဆန် ဆန်အေးသွားပါမယ်။ ဒီပြဿနာ ကို ဖြေရှင်းဖို့အတွက် USB နဲ့ ချိတ်ဆက်အားသွင်း ပြီး အလုပ် လုပ်တဲ့ ကော်ဖီခွက် အနွေး ပေး စက်လေးတွေက ဆောင်းရာသီ နဲ့ အံကိုက်ပါပဲ။ Mr. Coffee က ထုတ်လုပ်တဲ့ MWBLK Mug Warmer ဟာ ကော်ဖီမတ်ခွက် အရွယ်အစား တော်တော်များများ ကို အသုံးပြုနိုင်ပြီး အလေးချိန်က လည်း အတော်လေး ခံနိုင်ရည်ရှိပါ တယ်။ ဒါ့အပြင် ကော်ဖီကို ကိုယ် အလိုချင်ဆုံး အပူချိန်မှာ ချိန်ညှိ ထားနိုင်တယ်။ ဒါပေမဲ့ အောက် ခံအပူပေး ဧရိယာကိုတော့ သွား မထိဖို့ သတိထားရပါမယ်။ Mr. Coffee က အဲဒီ နေရာကို ရေတစ် စက်ကျရင်တောင် ချက်ချင်း အငွေ့ပြန်သွားနိုင်တယ်လို့ ကြေ ညာထားတာကြောင့်ပါ။
4.%20Heated%20Bra
အပူပေး ဘရာစီယာ
နည်းနည်းတော့ ရယ်စရာ ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ရာသီ ဥတု အေးလွန်းတဲ့ နေရာမှာ ရှိနေ မယ့် အမျိုးသမီးတွေ အတွက် တော့ အမှန်တကယ် သင့်တော်တဲ့ စမတ် Gadget တစ်မျိုးလို့ ဆိုရ ပါမယ်။ ဈေးကွက်ထဲမှာ အပူပေး ဘရာစီယာတွေထုတ်လုပ်တဲ့ ကုမ္ပဏီ တချို့ ရှိနေပါပြီ။ အခြေခံ အားဖြင့်တော့ USB ကြိုးနဲ့ အား သွင်းပြီး အနွေး ဓာတ်ကို ထိန်းညှိ ထုတ်လွှတ်ပေးနိုင်အောင် တီထွင် ထားတာ ဖြစ်ပါတယ်။ အရွယ်အ စား အမျိုးမျိုး ထုတ်လုပ်ထား လေ့ ရှိတာကြောင့် အသင့်တော်ဆုံးကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး အွန်လိုင်း အရောင်းဆိုင်တွေမှာလည်း တွေ့ရ တတ်ပါတယ်။ သေချာတာ ကတော့ ဒီပစ္စည်းမျိုး သုံးတဲ့အ ခါ ဆောင်းရာသီမှာ ရင်ဘတ်အ အေးမိတာမျိုး ဖြစ်လာ မှာကို စိုး ရိမ်စရာ မလို တော့ဘူး ဆိုတာပါပဲ။
အပူငွေ့လွှတ်စက်
ရာသီဥတု ပူတဲ့အခါ အအေး ဓာတ် လွှတ်ပေးတဲ့ Air Cooler တွေ သုံးကြပါတယ်။ ဒီကိရိယာ များကတော့ ဆန့်ကျင်ဘက်လို့ ဆိုရမှာပါ။ အေးမြတဲ့ ပတ်ဝန်း ကျင်မှာ အနွေး ဓာတ်ကို ဖြန့်ကြက် ထုတ်လွှတ်ပေးတာမျိုး ဖြစ်ပါ တယ်။ ဥပမာ Dyson က ထုတ် လုပ်တဲ့ AM05 လို ကိရိယာမျိုး ပါပဲ။ အလုပ်လုပ်ပုံက ပတ်ဝန်း ကျင်ရဲ့ အေးမြတဲ့ လေထုကို စုပ် ယူလိုက်ပါတယ်။ ပြီးတော့ စက်ရဲ့ အတွင်းပိုင်းမှာ ထည့်သွင်းထားတဲ့ အပူပေး ကိရိယာက လေရဲ့ အပူ ချိန်ကို မြှင့်တင်လိုက်ပြီး ပြင်ပ ကို ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ် စေလောက် တဲ့ အပူချိန်ကို ချိန် ညှိပေးမယ့် စနစ်လည်းပါ တာ ကြောင့် စက်ချို့ယွင်းပြီး လွန်လွန် ကဲကဲ ပူလာတာမျိုး မကြုံရ အောင် တားဆီးပေးပါ လိမ့်မယ်။
အပူပေး စမတ်ဦးထုပ်
စတိုင်ကျကျ၊ နွေးနွေးထွေး ထွေးနဲ့ အပြင်ထွက်လည်ဖို့ ဆို ရင်တော့ ဒီလို ခေါင်းစွပ်ဦးထုပ် မျိုး လေးကို လိုပါလိမ့် မယ်။ MyDeal ရဲ့ Pom Pom ဦးထုပ်ဟာ ဦး ခေါင်းရဲ့ ပတ်ဝန်းကျင်ကို လိုသ လောက် အနွေးဓာတ်ပေးနိုင်ဖို့ ချိန် ညှိ ကူညီမှာ ဖြစ်ပါတယ်။ Blue-tooth စနစ်နဲ့ ချိတ်ဆက် အလုပ် လုပ်တာကြောင့် ကိုယ့်မျက်နှာ တစ်ဝိုက်မှာ ဝိုင်ယာကြိုးတွေ ရှုပ် နေတာ မျိုး ကြုံရမှာ မဟုတ်ပါဘူး။ ဦးထုပ်ထဲမှာ ဘက်ထရီပါ ထည့် သွင်းထားပြီး တစ်ကြိမ် အားသွင်း ထားရင် ငါးနာရီကနေ ခြောက် နာရီကြားလောက် အနွေးဓာတ် ပေးနေနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အ ပြင် ဦးထုပ်ဘေးဘက်မှာ ပါရှိတဲ့ နားကြပ် အသေးစားလေးတွေက ကိုယ့်စိတ် ကြိုက် သီချင်းတွေကို ဖွင့်ပြီး နားဆင်နေ နိုင်အောင် ကူ ညီဦးမှာပါ။
အပူပေး စမတ်အနွေးထည်
ဆောင်းတွင်းမှာ အနွေး ထည်ဝတ်တာ ဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ စတိုင်လည်းကျ၊ အအေး လည်း သက်သာဖို့ အမျိုး သားတွေရော၊ အမျိုးသမီးတွေပါ အနွေးထည်တွေကို ဝတ်ကြတာ ပါပဲ။ ပြဿနာက ပတ်ဝန်းကျင် ရဲ့ အအေး ဓာတ် အခြေအနေအလိုက် အနွေးထည် အထူ အပါး ရွေးချယ်ရခက်နေတတ်တာမျိုး ပါ။ ActiVHeat ရဲ့ အနွေး ထည်ဟာ ဒီကိစ္စအတွက် အကောင်းဆုံး အဖြေပါ။ အနွေးထည်ထဲမှာပါး လွှာပေါ့ပါးတဲ့ အပူပေးချစ်ပ်လေး တွေထည့် ထားပြီး ခန္ဓာကိုယ်အ ပေါ်ပိုင်း သုံးနေရာကို လိုသလို အပူပေးနိုင်ပါတယ်။ ဒီစမတ် အနွေး ထည်ကို လျှပ်စစ်ဓာတ်အား ချိတ်ဆက် အားသွင်းပြီး အသုံး ပြုရမှာပါ။ အရွယ်အစားကလည်း Small ကနေ XXL ထိ ရှိတာ ကြောင့် ကိုယ်နဲ့ ကိုက်ညီတာကို အလွယ်တကူ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ (By ဇွဲရဲဝင့်)
昆明信息港 实习记者杨吉梅 12月份才刚刚到来,缅甸人民已经能感受得到来自凉季满满的寒意了,眼看着天越来越冷了,在取暖这件大事上缅甸人也使出洪荒之力为大家安利取暖神器。
USB取暖披肩
对大家来说,冬天最惬意的事情莫过于裹着厚厚的被子窝在被窝里睡觉了,可是,如果我们也裹着厚被子在办公室上班或者在客厅看电视,想来也是件挺麻烦的事情吧?不用着急,USB取暖披肩帮你解忧。此款披肩长33英寸,宽为18英寸,披在肩上的话尺寸刚好合适,轻捷方便。而且拉上拉链,还能行动自如不影响出行。通过USB线口就能充电,还可调节温度大小哦!
USB取暖脚垫
俗话说,脚暖暖一身。对于坐在电脑前工作的小伙伴们来说,USB取暖脚垫一定是不能少的。此神器长20.5英寸,宽14英寸,放在脚下灵活方便不占地方,同样也是USB接口充电。
咖啡保温杯
缅甸的凉季,喝上一杯暖暖的咖啡驱走寒意,那真是一种妙不可言的滋味。凉季如何给心爱的咖啡保温呢?Mr.Coffee就出品了一款咖啡保温杯。它不仅适用于各种类型的咖啡杯,还能自己调节温度。特别需要提醒的是,一定不要碰触杯坐底下的发热器,以免烫伤。
发热内衣
对天气较冷地方的美女们来说,这款发热内衣绝对是一件不可少的神器。这是一款充电式的发热内衣,网上已经有网店在卖这款内衣了,而且还有不同的码号供选择哦!
暖风机
应对酷暑,我们有空调,凉季来了,怎么少得了暖风机呢?
智能发热帽
这款帽子是大家凉季出门的必备品,戴着它不仅超有范儿,而且还暖和。帽子里面安装有电池,充满电以后可以持续使用五到六个小时,而且帽子的温度与人体温度吻合,安全放心。帽子一旁还装有蓝牙耳机,可以播放音乐。
智能发热外套
选择一件时尚又保暖的外套有何难?ActivHeat 出的这款发热外套解决了大家所有的难题,外套里层装有发热芯片,充电后就可以使用,而且男女款都有,码数从S号到XXL号,轻薄时尚,凉季也可以让你“美丽动人”。
俗话说的好,“神器”在手,取暖不愁,如果大家也正在遭受严寒的折磨,那快剁手吧,“神器”,你值的拥有。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့