နှစ်ရက်အတွင်း ကျောက်မျက်၊ ကျောက်စိမ်း ယူရို ၄၅ သန်းကျော်ဖိုး ရောင်းချခဲ့

2016-11-27 23:00|၇ ရက်နေ့စဉ်သတင်းစာ

နေပြည်တော်တွင် ပြုလုပ်နေသည့် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ပထမ ရက် နှင့် ဒုတိယရက်     စုစုပေါင်း ကျောက်မျက်၊ ကျောက်စိမ်း ရောင်းချရမှုမှ ယူရို ၄၅ ဒသမ ၆၂ သန်း ကျော် ရရှိခဲ့ကြောင်း ပြပွဲကော်မတီက ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ ရက်တွင် တင်ဒါနှင့် ဈေးပြိုင်စနစ်ဖြင့် ကျောက်မျက်အတွဲပေါင်း ၄၄ တွဲ၊ နိုဝင်ဘာ ၂၃ ရက်တွင် တင်ဒါစနစ်တစ်မျိုး တည်းဖြင့် ကျောက်စိမ်း အတွဲ ၉၄၇ တွဲ ရောင်းချ ခဲ့ရကြောင်း သတင်းရရှိသည်။

‘‘ကျောက်မျက်တင်ဒါစနစ် မှာ ၃၄ တွဲနဲ့ ဈေးပြိုင်စနစ် ၁၀ တွဲ ရောင်းချနိုင်ခဲ့တယ်။ ငွေကြေး အားဖြင့် ယူရို    ၁ ဒသမ ၆၇ သန်း ရရှိခဲ့ပြီးတော့ ကျောက်စိမ်း ၉၄၇ တွဲကို တင်ဒါစနစ်နဲ့ ရောင်းချပေး ခဲ့ပြီး ယူရို ၄၃ ဒသမ ၉၅ သန်း ရရှိခဲ့ပါတယ်’’ ဟု ပြပွဲ ကျင်းပရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်း ဇော်ဦးက ပြောသည်။

‘‘အများစုက ပြည်တွင်း ကုန်သည်များတယ်။ သူတို့က ကျောက်မျက်အရိုင်းကို ဦးစားပေး ဝယ်ကြတယ်။      ကျွန်တော်တို့ ဒီပွဲ မှာက အရိုင်းတင်ပြမှု အရေအတွက်အရ ဆိုရင် အရင်ပွဲ တုန်းက အတွဲ ၂၀၀ တင်ပြခဲ့တယ်။ ဒီပွဲမှာ ဆိုရင် ၁၃၇ တွဲပဲ တင်ပြနိုင်ခဲ့ တယ်။ တင်ပြနိုင်တဲ့ အရိုင်းအတွဲလည်း နည်းသွားတဲ့အတွက် ရောင်းချရမှုနည်းသွားတာလည်း ပါမယ်’’ဟု ကျောက်မျက်လုပ်ငန်း ကော်မတီမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

ယခင်ပြပွဲများတွင် ကျောက် တွဲများဝယ်ယူရာ၌ ကျောက်မျက် လုပ်ငန်း ကော်မတီမှ အထူးကုန် စည်ခွန်၊       ဝန်ဆောင်ခနှင့် ကုန် သွယ်လုပ်ငန်းခွန်များကို ရောင်းချ သူထံမှ ကောက်ယူခဲ့ခြင်း ဖြစ် သော်လည်း ယခုပြပွဲ တွင် ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ကျောက်တွဲဝယ်ယူသူထံမှ စတင် ကောက်ခံခဲ့သည်။

‘‘ယခင်ပွဲထက် ပြောင်းလဲ ထားတာလေးက ဒီပွဲမှာ ဝယ်ယူ သူသည် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ပေးရမယ်လို့ပြော ထားတယ်။ အဲဒါကြောင့် ဒါလေး မှာလည်း ဝယ်ယူတဲ့ နေရာမှာ နည်းနည်း တွန့်သွားတဲ့      သဘောရှိ တယ်’’ဟု ဦးဝင်းနိုင်က ဆိုသည်။

ယခု နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်းကုန်သည် ၁,၇၂၃ ဦးနှင့် ပြည်ပ ကုန်သည် ၁,၇၉၃ ဦး တက်ရောက်လျက်ရှိသည်။

ပြပွဲကို နိုဝင်ဘာ ၂၀ ရက် တွင် စတင် ကျင်းပခဲ့ပြီး ကျန်ရှိသော ကျောက်စိမ်းတွဲ ၄,၇၈၈ တွဲ ကို နိုဝင်ဘာ ၂၉ ရက်အထိ ဆက်လက်ရောင်းချပေးမည်ဖြစ်သည်။By ပိုင်စိုးသူ

昆明信息港-彩云桥 实习记者杨吉梅 据缅甸《七日新闻》报道,11月20日,缅甸年中珠宝展在内比都举行。此次展会上,由于展出原石、毛料量减少以及购买者需向缅甸珠宝行业委员会交纳5%的贸易税,致使珠宝玉石交易量明显下降。

截至23日,展会上,共售出珠宝44堆,玉石947堆,销售总额达4562万欧元。

据展会筹办委员会副主席吴丹佐乌介绍,所售出的珠宝中,以拍卖方式售出34堆,以竞标方式售出了10堆,价值167万欧元。玉石共拍卖了947堆,总价4395万欧元。

“参加此次展会的大部分是缅甸国内商人,主要购买珠宝原石。往届展会展出的珠宝原石数为200堆,此次展会只有137堆,展览的原石量少,销售额也同步减少。”缅甸珠宝业委员会助理司长吴温奈表示。

“此次珠宝展中,不再向卖家征收特殊商品税、贸易税和服务费等费用,而是开始向购买者需征收5%的贸易税,所以,购买力自然也就下降了。” 吴温奈解释说。

据统计,参加此次年中珠宝展的缅甸国内商人有1723人,国外商人1793人。此次珠宝展将持续到11月29日,并将继续售卖4788玉石。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်