အာလူးလုံးမွမွကြော်

2016-10-27 15:17|၇ ရက်နေ့စဉ်သတင်းစာ

14445893_10155269810396040_1627837913_n

ဒီတစ်ပတ်တော့ အိမ်သားတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ လုပ်စားနိုင်မယ့် အာလူးလုံးကြော်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

အာလူး၃၀ ကျပ်သား

ဂျုံမှုန့်တစ်ထုပ်

ကြက်ဥတစ်လုံး

ပေါက်မုန့်ခြောက်မှုန့်အနည်းငယ်

ဆီ၂၀ ကျပ်သား

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ပထမဦးစွာ အာလူးများကို ရေစင်အောင်ဆေး၍ ကျက်သည်အထိ ပြုတ်ပေးပါ။

၂။ ထို့နောက် အအေးခံပြီး အခွံနွှာ၍ ခြစ်တံဖြင့်ခြစ်ကာ အရသာမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြင့် ဖွဖွနယ်ထားပါ။

၃။ ကြက်ဥကို ဆားအနည်းငယ်ထည့်၍ ခလောက်ကာ ဂျုံမှုန့်နှင့် ပေါင်မုန့်ခြောက်မှုန့်ကို တစ်ပန်းကန်စီ ခွဲထည့်ထားပါ။

၎။ အာလူးကို အလုံးလေးများလုံး၍ ဂျုံမှုန့်နှင့်လူးပါ။

၅။ ထိုအာလူးလုံးလေးများကို ကြက်ဥထဲသို့နှစ်၍ဆယ်ပြီး ပေါင်မုန့် ခြောက်မှုန့်ကပ်ကာ ရေခဲသေတ္တာထဲတွင် တစ်နာရီခန့် ထည့်ထားပါ။

၆။ ဒယ်အိုးတစ်ခုထဲတွင် ဆီထည့်၍ပူလာလျှင် အာလူးလုံးလေးများ ထည့်ပြီး ရွှေဝါရောင် သန်းသည်အထိ ကြော်ပေးပါ။

၇။ ထို့နောက် ဆီစစ်၍ မိမိနှစ်သက်ရာ ဆော့စ် တစ်မျိုးမျိုးဖြင့် သုံးဆောင် နိုင်ပါပြီ။

14445893_10155269810396040_1627837913_n

昆明信息港-彩云桥 记者文丽荣 本周,小编要教大家做的是简单易学的油炸土豆圆子。土豆,又称马铃薯、地蛋、洋芋等,是中国五大主食之一,其营养价值高、适应力强、产量大,是全球第三大重要的粮食作物。土豆中含有丰富的膳食纤维,有助促进胃肠蠕动,疏通肠道。其做法丰富多样,既可炖汤、煮食,还可火烤、煎炸等。下面是土豆圆子的具体做法:

材料:

土豆、面粉、鸡蛋、面包屑、食用油

做法步骤:

1.将土豆用清水洗净、蒸熟;

2.冷却后剥皮、捣碎,加入适量味精、盐、少量辣椒粉;

3.在碗里打一个鸡蛋,放少许盐,搅拌均匀;再准备一碗面粉和面包屑;

4.把土豆搓成小圆球,裹上一层面粉;

5.在鸡蛋液里蘸一下,然后粘上面包屑,在冰箱里放置1分钟左右;

6.往锅里倒入油,待油热后,放入土豆圆子,炸至金黄色;

7.出锅滤油后,即可蘸着自己喜欢的酱料食用。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်