မြန်မာအမျိုးသားလေကြောင်းလိုင်း ရန်ကုန်-ချင်းမိုင်ခရီးစဉ်ကို နိုဝင်ဘာ ၄ ရက် စတင်ပြေးဆွဲမည်
2016-10-20 22:53|
နိုင်ငံပိုင်လေကြောင်း လိုင်းဖြစ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း(MNA)၏ စတုတ္ထမြောက် ပြည်ပခရီးစဉ်အ ဖြစ် ရန်ကုန်မှ ထိုင်းနိုင်ငံချင်းမိုင် မြို့သို့ နိုဝင်ဘာ ၄ ရက်ကစတင်၍ တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းပြေး ဆွဲမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ခရီးသွားရာသီတွင် ချင်းမိုင် မြို့သို့ ခရီးသွားများ အဆင်ပြေစွာ သွားရောက်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပျံသန်းပြေးဆွဲရခြင်း ဖြစ်ကြောင်း အဆိုပါလေကြောင်း လိုင်း အမှုဆောင်အရာရှိချုပ် ကပ္ပတိန် ဦးသန်းထွန်းက ပြော ကြားသည်။
လက်ရှိတွင် စင်ကာပူသို့ မနက်ပိုင်းလေကြောင်းလိုင်းသာ ပျံသန်းပြေးဆွဲပေးနေရာမှ စင်ကာပူနိုင်ငံက ဗီဇာကင်းလွတ်ခွင့်စတင်ခွင့်ပြုမည့် ဒီဇင်ဘာ ၁ ရက်ကစတင်ကာ ရန်ကုန်-စင်ကာပူ ညနေပိုင်းပျံသန်းသည့် ခရီးစဉ်များကိုပါ တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း MNA မှ စီးပွားရေးဆိုင်ရာ အရာရှိချုပ် ကပ္ပတိန် ဦးနိုင်စောလွင်က ပြောကြားသည်။
‘‘လက်ရှိမှာတော့ စင်ကာပူ ကို နေ့တိုင်း ပြေးဆွဲနေတယ်။ ဗီ ဇာကင်းလွတ်ခွင့်ပေးမယ့် ဒီဇင် ဘာ ၁ ရက်က စပြီး ညနေပိုင်း Flight တွေကို တစ်ပတ်ငါးရက် တိုးချဲ့ပြီး ပြေးဆွဲမှာဖြစ်ပါတယ်’’ ဟု ဦးနိုင်စောလွင်က ပြောကြားခဲ့ သည်။
မြန်မာအမျိုးသား လေ ကြောင်းလိုင်းက ချင်းမိုင်မြို့သို့ ပျံသန်းပြေးဆွဲရာတွင် တနင်္လာ၊ သောကြာ နှစ်ရက် ညနေပိုင်းအ ချိန်များ၌ ပျံသန်းပြေးဆွဲမည် ဖြစ်ကာ ရန်ကုန်-ချင်းမိုင်-ရန်ကုန်ခရီးစဉ်အတွက် အထူးပရိုမိုးရှင်းဈေးနှုန်း အမေရိကန် ၁၇၈ ဒေါ်လာဖြင့် ဝယ်ယူစီးနင်းနိုင်မည် ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ပျံသန်းပြေးဆွဲမှုဆိုင်ရာ သတင်းထုတ်ပြန်ချက်က ဖော်ပြသည်။
၁၉၄၈ က စတင် တည်ထောင်ခဲ့သော အဆိုပါနိုင်ငံပိုင်လေကြောင်းလိုင်းသည် လက်ရှိအချိန်တွင် ပြည်တွင်းရှိ မြို့ ၂၇ မြို့သို့ ပျံသန်းပြေးဆွဲနေပြီး ပြည်ပ ခရီးစဉ်များဖြစ် စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်မြို့များသို့ ပြေးဆွဲလျက်ရှိသည်။
မြန်မာအမျိုးသား လေ ကြောင်းလိုင်းသည် ၂၀၁၄ ဒီဇင် ဘာ ၅ ရက်က စတင်ကာ ဖွဲ့စည်းပုံ ပြောင်းလဲဖွဲ့စည်းပြီး နိုင်ငံပိုင်လေ ကြောင်းလိုင်းအဖြစ် ဆက်လက်ရပ်တည်ကာ ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ပြေးဆွဲလျက်ရှိသည်။ (By မင်းဟိန်းကျော်)
昆明信息港-彩云桥 记者袁思思 据缅甸《七日新闻》报道,缅甸国家航空公司(MNA)将于11月4日起执飞仰光-清迈航线,该航线将成为缅甸国家航空公司的第4条国际航线,每周执飞两个航班。
缅甸国家航空公司行政总裁吴丹吞表示,从10月下旬起,缅甸将迎来旅游旺季,开通仰光-清迈航线旨在为国内外游客提供便利,并引进更多的国外游客。
据悉,仰光-清迈航线将于11月4日起正式运营,每周两个航班,即周一和周五,执飞时间预定在下午,往返特价机票价格预计为178美元。
缅甸国家航空公司是缅甸最大的航空公司之一,成立于1948年,此前名为“缅甸航空联盟”,1989年更名为“缅甸航空”,后于2014年11月5日改组更名为“缅甸国家航空”。目前,缅甸国家航空公司执飞国内27个城市航线,以及新加坡、香港及曼谷3条国际航线。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


