သက်တမ်းကုန် ကျောက်စိမ်းကျောက်မျက်တူးဖော်ရေး လုပ်ကွက်များကို တူးဖော်ခွင့်ယာယီရပ်ဆိုင်း
2016-08-03 18:10|
ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြစဉ် (ဓာတ်ပုံ − စိုင်းဇော်)
လိုင်စင် သက်တမ်းကုန်ဆုံးသွားသည့် ကျောက်စိမ်း ကျောက်မျက်တူးဖော်ရေး လုပ် ကွက်များကို သက်တမ်းထပ်မံ တိုးမြှင့်ပေးခြင်း မရှိတော့ဘဲ တူး ဖော်ခွင့် ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖားကန့်၊ လုံးခင်း၊ မိုးညှင်း၊ မိုင်းရှူး၊ ခန္တီး စသည့် ရတနာနယ်မြေများရှိ ပုဂ္ဂလိကပိုင် အစိုးရနှင့်အကျိုးတူ တူးဖော်နေသည့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များအားလုံးကို တူးဖော်ခွင့်လိုင်စင် သက်တမ်း ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက် ကျောက်မျက်တူးဖော်မှုများ ယာယီရပ်ဆိုင်းခြင်းဖြစ်ပြီး အစိုးရ အကူးအပြောင်း ကာလလွန်ခဲ့သည့် လများကတည်းက ထိုသို့ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အထက်ပါ တာဝန်ရှိသူက ပြောသည်။
‘‘လိုင်စင်သက်တမ်း ကုန် တာနဲ့ သက်တမ်းထပ်တိုးမပေး တော့ဘူး။ ပုဂ္ဂလိက လုပ်ကွက် တွေရော၊ အကျိုးတူ လုပ်ကွက် တွေရော အားလုံးကို ယာယီရပ် နားဆိုပြီးတော့ တူးဖော် ခွင့်ရပ် ဆိုင်းတယ်’’ဟု ၎င်းကပြောသည်။
ပုဂ္ဂလိကပိုင် ကျောက်မျက် တူးဖော်ရေး လုပ်ကွက်များနှင့် ပတ်သက်၍ ယခင်က သက်တမ်း ကုန်ရန် သုံးလအလိုတွင် အသိ ပေးအကြောင်းကြားကာ လေလံ စနစ်ဖြင့် သက်တမ်း တိုးပေးခဲ့ သော်လည်း ယခုအခါ ထပ်မံသက် တမ်းတိုးပေးခြင်းမရှိတော့ဘဲ ရပ် ဆိုင်းလိုက် ခြင်းဖြစ်သည်ဟု ဆို သည်။
အစိုးရ၏ မူဝါဒ အပြောင်း အလဲအရ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်း သက် သာစေရန်၊ ကျောက်စိမ်းကျောက် မျက် သယံဇာတ တူးဖော်ထုတ် လုပ်မှု လျှော့ချ ရန်နှင့် ကျောက် စိမ်း ကျောက်မျက်တူးဖော်မှုများ ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ယခုကဲ့သို့ ယာယီရပ်နားခြင်းဖြစ် ပြီး မည်သည့်အချိန်တွင် ပြန်လည်လုပ်ကိုင်ခွင့်ပြုမည်ဆိုသည်ကို အတိအကျမသိရသေးဘဲ ကျောက်မျက်ဥပဒေသစ် ပြင်ဆင်ပြဋ္ဌာန်းပြီးချိန်မှသာ ပြန်လည် လုပ်ကိုင်ခွင့်ပြုဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့်အစိုးရလက်ထက် ၂၀၁၅ အတွင်းက ကျောက်မျက် ဥပဒေ ပြင်ဆင် ပြဋ္ဌာန်းခဲ့ သော်လည်း လက်ရှိအထိ နည်းဥပဒေထွက်ပေါ်လာခြင်း မရှိသေးပေ။ လက်ရှိ အစိုးရသစ် လက်ထက် တွင် အဆိုပါ ကျောက်မျက်ဥပဒေ ကို ထပ်မံပြင်ဆင်ပြဋ္ဌာန်း ဖွယ်ရှိနေပြီး ပြင်ဆင်မည့် ဥပဒေ၌ ကျောက်မျက် တူးဖော်ရေး လုပ်ကွက်ချထားပေးမှုများနှင့် ပတ်သက်၍ အဓိကထားကာ အပြောင်းအလဲများ ပြုလုပ်ဖွယ်ရှိသည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
ကျောက်မျက် ဥပဒေသစ် အရ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များ ချထားပေးရာတွင် မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ များ ရှိမည်ဖြစ်ပြီး သဘာဝပတ် ဝန်းကျင်နှင့် လူမှုဘဝထိခိုက်နိုင်မှု ဆိုင်ရာစစ်တမ်းများ စနစ်တကျ ပြုလုပ်ပြီးမှသာ ကန့်သတ်ချက် အများအပြားဖြင့် လုပ်ကိုင်ခွင့်ချ ထားပေးဖွယ်ရှိသည်ဟု ဝန်ကြီး ဌာန တာဝန်ရှိသူများက ပြော သည်။
ကျောက်မျက်လုပ်ကွက်များ ထပ်မံတိုးပေးခြင်းမရှိတော့ဘဲ ယာယီရပ်ဆိုင်းခြင်းနှင့်ပတ်သက် ၍ တူးဖော်ရေးလုပ်ငန်း စတင် ခါစက လုပ်ငန်းရှင်အချို့ နစ်နာမှုများရှိနေပြီး ၎င်းတို့၏ နစ်နာမှု များအတွက် ထည့်သွင်းစဉ်းစား ပေးရန် မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း နှင့် ဝန်ကြီးဌာနထံ စာတင်တောင်း ဆိုမှုများရှိနေသည်ဟု ကျောက် မျက်အသင်း တာဝန်ရှိသူများက ပြောသည်။
‘‘တချို့ ဖော်ထုတ်လုပ်ကွက် တွေကျတော့ လုပ်ငန်းရှင်တွေက ကုန်ကျစရိတ်များ ထားတာ ရှိတယ်။ အခုမှ တူးလက်စကို ရပ် နားခိုင်းတော့ နစ်နာတာမျိုး ရှိ တယ်’’ဟု မြန်မာနိုင်ငံ ကျောက် မျက်ရတနာလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌဦးမြင့်ဟန်က ပြောသည်။ ကျောက်မျက် တူးဖော်ခွင့် လိုင်စင်များ သက်တမ်းထပ်မံ တိုး ပေးမည်မဟုတ်ကြောင်း တရား ဝင် ကြေညာထားခြင်း မရှိသေး သော်လည်း သက်တမ်းကုန်ဆုံး မည့် ကုမ္ပဏီ တစ်ခုချင်းစီ သို့အ ကြောင်းကြားစာများ ပေးပို့ပြီး လုပ်ကွက်သက်တမ်း တိုးမြှင့်ပေးတော့ မည် မဟုတ် ကြောင်း အကြောင်းကြားကာ ရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်း မှ တာဝန်ရှိသူက ဆိုသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန စာရင်းများအရ ဖားကန့်၊ လုံးခင်း၊ မိုးညှင်း၊ မိုင်းရှူး၊ ခန္တီး စသည့်ရတနာမြေများတွင် ကျောက်စိမ်းကျောက်မျက် တူးဖော်ရေးလုပ်ကွက် ၁၆,၀၀၀ ကျော် ရှိသည်ဟုဆိုသည်။
ကျောက်မျက် တူးဖော်ရေး လုပ်ကွက်များကို ပုဂ္ဂလိကပိုင်နှင့် အစိုးရနှင့်အကျိုးတူ တူးဖော် ရေး လုပ်ကွက်များအဖြစ် နှစ်မျိုးခွဲ ချထားပေးပြီး လုပ်ငန်းသက်တမ်း များကို ယေဘုယျ အားဖြင့် သုံး နှစ်သတ်မှတ်ထားသည်။ ပုဂ္ဂလိ က တူးဖော်ရေးလုပ်ကွက်များကို တစ်ဧက အကျယ်တွင် သတ်မှတ် လုပ်ကွက်နှင့် ဖော်ထုတ် လုပ် ကွက်ဟူ၍ ခွဲခြားကာ လေလံစနစ် ဖြင့် ချထားလုပ်ကိုင်ခွင့်ပြုခြင်းဖြစ် ပြီး အစိုးရနှင့် အကျိုးတူ တူးဖော် ရေးလုပ်ကွက်များမှာမူ ဧက အကျယ်အဝန်း မသတ်မှတ်ဘဲ နေရာလစ်လပ်မှုအပေါ် မူတည်ကာ ချထားပေး ခြင်း ဖြစ်သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သတင်းရရှိ သည်။
ကျောက်မျက် တူးဖော်ရေး လုပ်ကွက်များကို သက်တမ်း ထပ်မံမတိုးပေးတော့ဘဲ ယာယီ ရပ်ဆိုင်းသည့်အတွက် ၂၀၁၇ နှင့် ၂၀၁၈ များအတွင်း လုပ်ကွက်အများစု ရပ်နားဖွယ်ရှိ ကြောင်း ကျောက်မျက်လုပ်ငန်းရှင်အများစုက သုံးသပ်သည်။(By မောင်တာ)
帕敢地区玉石开采
昆明信息港-彩云桥 记者袁思思 缅甸《七日新闻》7月31日报道,缅甸资源和自然环境保护部缅甸宝石业的一位负责人表示,缅甸政府将暂停为玉石珠宝开采公司办理开采许可证延期。
该负责人指出,从上个月开始,缅甸政府已经暂停为帕敢、陇钦、迈戌、卡尼等地的矿区内所有私营或与政府合营的宝石开采公司办理开采许可证延期。此前,开采期满之前,政府会在3个月内通知私营宝石开采公司,并通过招标的方式来进行延期。
“按照政府的政策变化,为减少对自然环境的破坏,减少对玉石宝石资源的开采以及能对玉石宝石的开采进行有序规划,政府暂停办理开采许可证的延期。至于是否会恢复办理延期,具体的我们也不知道,要等到新的珠宝法颁布之后,才有可能恢复。”该负责人说道。
“很多宝石开采商在开采场投入了大量资金,政府暂停办理延期让他们很不满。”缅甸珠宝商协会副主席吴敏翰表示。
缅甸资源和环境保护部缅甸宝石开采业的负责人介绍说,政府没有统一发布有关不予办理延期的相关通知,而是单独发文告知每一家开采期满的公司。
缅甸珠宝协会负责人介绍说,很多宝石开采商对政府的这一举措感到不满,他们向缅甸珠宝商协会和有关部门提交请愿书,希望政府能重新考虑办理延期。
据悉,上一届政府原定于2015年颁布珠宝法,但是,截止目前,具体的细则尚未公布。现在,新政府将重新颁布珠宝法,法律中将明确宝石开采场的范围。在有序地开展自然环境和人类生活破坏调查工作之后,才能在无限定的范围内决定宝石开采场的范围。
据缅甸资源和自然环境保护部的统计可知,目前,缅甸帕敢、陇钦、迈戌、卡尼等地的矿区内,共有16000多个玉石宝石开采场。
缅甸宝石开采场分为私营的和与政府合营的两种,与政府合营的开采场开采期限为3年;私营开采场的范围按英亩来划分,分为规定的开采面积和实际的开采面积,通过招标的方式来决定;与政府合营的开采场的范围,不按英亩来计算,按照空置面积来决定。
缅甸大部分珠宝商认为,目前,政府只是暂停为宝石开采场办理延期, 2017年和2018年间有可能关闭大部分的开采场。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့