ကုန်ပစ္စည်း ၁၄ မျိုးကို တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့်ပြုရန် စီစဉ်
2016-07-03 15:13|
လက်နက်၊ မူးယစ်ဆေး တို့မှအပ ယခင်ကန့်သတ်ထား သော ကုန်ပစ္စည်းများကို ပြည်တွင်း ဈေးကွက် ဝယ်လိုအားနှင့် ထုတ်လုပ်မှုပေါ်မူတည်ပြီး တစ် ဆင့်ခံ ပြည်ပတင်ပို့ခွင့် (Re- Export)ခွင့်ပြုပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပင်လယ်ရေကြောင်းမှ တင် သွင်းသော ကားတာယာ၊ စားသုံး ဆီများအပါအဝင် လယ်ယာ ထုတ်ကုန်၊ အလှကုန်၊ စား သောက်ကုန်နှင့် အဝတ်အထည် စသောကုန်ပစ္စည်း ၁၄ မျိုးကို မူဆယ်နယ်စပ် ကုန်သွယ်ရေး မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချရန် စီစဉ်နေသည်။ ကား တာယာများကို ပြည်တွင်း ရော်ဘာစေး မထွက်မီ သုံးလကြာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဖြင့် ပြည်ပမှတင်သွင်းပြီး တရုတ် နိုင်ငံသို့ ရောင်းချရန် စမ်းသပ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
တစ်ဆင့်ခံ ပြည်ပတင်ပို့မှု များကို ခွင့်ပြုပေးခြင်းသည် ကုန် သွယ်မှုတွင် လိုငွေပမာဏလျော့ နည်းရန်၊ နိုင်ငံတော်မှ အခွန်ငွေ ပိုရရှိရန်နှင့် ပြည်တွင်းမှ အသေး စားနှင့် အလတ်စားကုန်သည်များ လုပ်ငန်း ပိုမို လုပ်ကိုင်နိုင်ရန်ဖြစ် သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆို သည်။
ယခင်အစိုးရလက်ထက် တွင် ကုန်သွယ်မှုကဏ္ဍ၌ လိုငွေ ပမာဏကြီးမားနေမှုကို ကုစားရန် ပြည်တွင်းက ထုတ်လုပ်နိုင်ခြေမရှိ သော စက်သုံးဆီ၊ တရုတ်နိုင်ငံမှ လိုအပ်ချက်ကြီးမားသော သကြား တို့ကို တစ်ဆင့်ခံ တင်ပို့ခွင့်ပြုခဲ့ သည်။
"သကြားကို တစ်ဆင့်ခံတင် ပို့ခွင့်ပေးတာ လုပ်ငန်းရှင်ကြီးတွေ ပဲ မဟုတ်ဘဲ တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်းရှင်တွေလည်း အဆင်ပြေတယ်" ဟု မူဆယ်မြို့မှ ကုန်သည်ဦးမင်းသိန်းက ပြော သည်။
သကြားကို တစ်ဆင့်ခံတင်ပို့ ခွင့်ပြုခြင်းကြောင့် မူဆယ်မြို့မှ တရုတ်နိုင်ငံသို့ တစ်ရက်လျှင် သကြားတန်ချိန် ၃,၀၀၀ မှ ၅,၀၀၀ကြား ရောင်းချနေရ၍ ယခင်တရုတ်နိုင်ငံသို့ ဆန်ရောင်းချနေ သည့် ကုန်သည်များ သကြားကို ပြောင်းလဲတင်ပို့ရောင်းချလာ ကြောင်း သိရသည်။ (By ပြည်သိမ်း)
昆明信息港-彩云桥 记者文丽荣 缅甸《七日新闻》6月24日报道,据缅甸商务部发布的消息,为减少贸易逆差,增加国家税收及促进国内中小型企业发展,根据国内目前的市场购买力和生产力,除武器和毒品外,缅甸将允许转口此前被禁止的商品。
商务部一名官员表示,缅甸正计划将轮胎、含有食用油的农产品、化妆品、食品以及服装产品等14种海运进口商品经木姐边贸口岸转口到中国。在缅甸国内橡胶未出产前3个月,将尝试通过海运方式从国外进口轮胎,再将其出口到中国。通过转口的方式,。
在前政府时期,为减少贸易逆差,缅甸将国内不能生产的机油以及中国需求量大的白糖进行转出口。
“白糖转口贸易,除了对大商户有利外,对个体中小商户来说也是非常有利的。”木姐商人吴敏登表示,由于国家批准了白糖转口贸易,每天3000吨至5000吨的缅甸白糖从木姐出口到中国,因此,之前向中国出口大米的商人都纷纷转做白糖出口贸易。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့