လျှပ်စစ်ရထားပြေးဆွဲမှု ရပ်ဆိုင်းမည်

2016-07-01 17:12|၇ ရက်နေ့စဉ်သတင်းစာ

55297_500x500

လျှပ်စစ်ရထားတစ်စီး ပြေးဆွဲနေစဉ် (ဓာတ်ပုံ - နစ်ကီ)

ရန်ကုန်မြို့ ကမ်းနားလမ်း တွင် ငါးလကျော်ပြေးဆွဲနေသော လျှပ်စစ်ရထားသည် ခရီးသွားပြည်သူ များအတွက် ထိရောက်သည့် သယ်ယူပို့ဆောင်မှု မလုပ်ဆောင်နိုင် ခြင်းကြောင့် ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ကမ်းနားလမ်းမှာက အခက် အခဲတွေ အများကြီး ကျော်လွှား ရတယ်။ ကွန်တိန်နာကား တွေရပ် ထားရတာမျိုးနဲ့ ယာဉ်ကြောပိတ် ဆို့သွားတာတွေ ရှိတယ်။ လျှပ်စစ် ရထားကို ရပ်လိုက်ခြင်းကတော့ ထိရောက်တဲ့သယ်ယူပို့ဆောင်မှု ကိုလည်း မလုပ်နိုင်တာကြောင့်ပါ။ ဒီထက်ကောင်းတဲ့ လမ်းကြောင်း ကို ရှာဖွေမယ်၊ နည်းလမ်းကောင်း တွေ ယူမယ်’’ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေ မန်နေဂျာဦးထွန်းအောင်သင်းက ပြောသည်။

လျှပ်စစ်ရထားပြေးဆွဲမှု ရပ်နားထားချိန်၌ ၀ါးတန်းလမ်းတွင် ထားရှိမည်ဖြစ်ပြီး အခြား အစားထိုး ပြေးဆွဲနိုင်မည့် လမ်းကြောင်းများ၌ အဆင်သင့် အသုံးပြုနိုင်ရန် ထိန်းသိမ်း ဆောင်ရွက်ထားမည်ဟုဆိုသည်။

လက်ရှိတွင် လျှပ်စစ်ရထား ခရီးသည် စီးနင်းမှု အခြေအနေ သည် တစ်ရက်လျှင် ပျမ်းမျှ ၄၅ ဦးခန့်သာရှိကြောင်း သိရ သည်။

လျှပ်စစ်ရထားကို ယခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် စတင်ပြီး ဇွန်လ ၃၀ ရက်အထိ နောက်ဆုံးပြေးဆွဲပေးမည် ဖြစ်သည်။

လျှပ်စစ်ရထားတွင် ခရီးသည်ပေါင်း ၁၈၀ ဦး စီးနင်းနိုင် သည့် တွဲဆိုင်းနှစ်ဆိုင်းနှင့် ခရီး သည် ၉၄ ဦးစီးနင်းနိုင်သည့် တွဲ ဆိုင်းတစ်ဆိုင်းပါဝင်ကာ နေ့စဉ် နံနက် ၈ နာရီ၌ ၀ါးတန်းဘူတာမှ လင်စဒေါင်းဘူတာသို့ ပြေးဆွဲပေးပြီး ခရီးသည်တစ်ဦးလျှင် ၁၀၀ ကျပ်သတ်မှတ်ထားသည်။

လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံမှ West Corporation တို့ပူးပေါင်း၍ ဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါ ရထားကို ဂျပန်နိုင်ငံ ဟီရိုရှီးမားကုမ္ပဏီက ဂျပန်ယန်း ၄၅၄ သန်းဖြင့် မှာယူထားခြင်းဖြစ် ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။

မြန်မာ့မီးရထားက လျှပ်စစ် ရထားပြေးဆွဲခြင်းကို ကမ်းနားလမ်းတွင် ပထမ အဆင့်နှင့် ဒုတိယ အဆင့် အနေဖြင့် ကြည့်မြင်တိုင်နှင့် လင်းစဒေါင်း၊ ပုဇွန်တောင်ဘူတာ သို့ ပြေးဆွဲရန် သတ်မှတ်ထား သော်လည်း လက်ရှိ ပြေးဆွဲနေသည့် လျှပ်စစ်ရထား ရပ်ဆိုင်းမည်ဖြစ်၍ ဒုတိယအဆင့်ကို ဆက်လက်ဆောင်ရွက်ဖွယ် မရှိသေးကြောင်း မြန်မာ့မီးရထားမှ သိရသည်။ (By ဖြူဖွေးသန့်)

55297_500x500

昆明信息港-彩云桥 记者袁思思 据《七日新闻》6月30日报道,7月1日起,仰光海滨路上的电车线路将被取消,电车将停运。

“路上行驶的货车特别多,加上较严重的交通拥堵情况,所以,电车在海滨路上行驶起来非常困难,这并不能发挥它的载客功能。”缅甸铁路(下缅甸)总经理吴吞敖丁解释说,之后,他们将寻找比海滨路更好的道路,并选择在交通情况较好的道路上开通电车线路。

该条电车线路自今年1月10日起开通,运营时间长达5个月。停运期间,电车将被停放瓦丹路,待找到可以替代运营的新路线时再投入使用。

据缅甸铁路介绍,电车是从日本广岛公司(Japan Hiroshima Co.)订购而来,总价454亿元,由缅甸铁路运输部和日本西部公司合作运营。该趟电车由2节能容纳180位乘客的车厢以及2列能容纳94位乘客的车厢组成。运行时间为早上8:00到下午13:00,始发站为海滨路瓦丹站,终到站为林撒道站,票价为每人100缅币。电车平均每天的客流量约为45人。

缅甸铁路原计划在海滨路实施一期和二期电车工程,终到站为季敏黛站以及林撒道站、布棕山站,但是现运营的电车停运,所以,二期工程将被搁浅。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်