အစိုးရသစ်လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခု စတင်ခွင့်ပြု

2016-06-30 16:33|၇ ရက်နေ့စဉ် သတင်းစာ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်သည် အစိုးရသစ် လက်ထက်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ရှစ်ခု ကို စတင် ခွင့်ပြုလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
အသစ်ပြန်လည် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ ပထမဆုံး   အစည်းအဝေး တွင် အဆိုပါလုပ်ငန်း ရှစ်ခုကို စတင်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုခြင်းကို အစိုးရသစ်တက် မည့် မတ်လမှစတင်ကာ နှစ်လ ကျော်ရပ်နား ထားရာမှ ဇွန်လ နောက်ဆုံးပတ်တွင် ပြန်လည်ခွင့် ပြုမိန့် ထုတ်ပေးခြင်းဖြစ် သည်။

ခွင့်ပြုပေးလိုက်သည့် လုပ် ငန်းရှစ်ခုတွင် အထည်ချုပ်လုပ် ငန်း၊ လျှပ်စစ်ဝိုင်ယာ ထုတ်လုပ် ခြင်းလုပ်ငန်း၊ သစ်အချောထည် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ် ဆောက်လုပ်ခြင်းလုပ်ငန်း နှင့် မီဒီ ယာလုပ်ငန်းတို့အား နိုင်ငံခြား သား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရန် ခွင့်ပြုမိန့် ထုတ်ပေး လိုက်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ဖော် ပြပါရှိသည်။

ခွင့်ပြုလိုက်သည့် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများတွင် အာဆီယံ ဒေသတွင်း နိုင်ငံများ၏ ရင်းနှီး မြှုပ်နှံမှု အများဆုံးပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များ၌ လုပ်ကိုင်ရန် ခွင့်ပြုမိန့် လျှောက်ထား ခြင်းများကို လုပ် ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ၀င်ရောက် လာခဲ့ သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ဘီလီ ယံဝင်ရောက်မည်ဟု အစိုးရ သစ်က ခန့်မှန်း ထားသည်။ (By မိုးညို)

昆明信息港-彩云桥 记者袁思思 缅甸《七日新闻》6月30日报道,缅甸投资委员会发布消息称,新一届政府执执政期间,首次批准8个国内外投资项目。

该项决定是在新组建的缅甸投资委员会第一次会议上被通过的。虽然新一届政府于5月开始执政,但直到6月最后一个星期才颁布了有关这项决定的许可令。

目前,已经颁发了批准外商投资服装加工业、电线制造业、木材加工业、酒店建造业和媒体行业等的许可令。批准的外国投资项目中,大部分投资来自东盟国家,它们申请投资建设仰光省工业区的许可令此前已经颁发。

据了解,2015-2016财年,外国对缅投资金额为93亿美元。新一届政府预计2016-2017财年,外国对缅投资金额将达80亿美元。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်