လက်ကိုင်လွှစက်များကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ထောက်ခံချက်ဖြင့်သာ တင်သွင်း ရောင်းချခွင့်ပြု
2016-06-27 14:51|
ဈေးကွက်တွင် အလွယ်တကူ ၀ယ်ယူနိုင်သော လက်ကိုင် လွှစက်များကို ယခုလ နောက်ဆုံးပတ် မှစ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ထောက်ခံချက် ပါရှိမှသာ တင်သွင်း ရောင်းချ ခွင့်ပြုမည် ဟု ဇွန်လ ၂၄ ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့က သတင်း ထုတ်ပြန်သည်။
လက်ကိုင် လွှစက်များ အလွယ်တကူ ၀ယ်နိုင်ခြင်းသည် တရားမ၀င် သစ်ခိုးထုတ်မှုများကို အားပေး အားမြှောက် ပြုရာ ရောက်သောကြောင့် သစ်ခိုးထုတ်မှုများ ကာကွယ်နိုင်ရေး အတွက် လွယ်လင့်တကူ ယ်ယူ ရရှိနေသော လက်ကိုင် လွှစက်များ ထိန်းချုပ်ရန် ကန့်သတ် ရခြင်း ဖြစ်သည် ဟု ဆိုသည်။
အဆိုပါ ကန့်သတ်ချက် အပြင် မြို့နယ် အလိုက် ထားရှိသင့်သည့် လက်ကိုင် လွှစက် အရေအတွက်ကို လည်း သတ်မှတ် ကန့်သတ် သွားမည် ဟု သိရသည်။
မြို့နယ် အလိုက် ရှိသည့် လက်ကိုင် လွှစက် အရေအတွက် သတ်မှတ်ရေး အတွက် ကုမ္ပဏီ နှင့် အရောင်းဆိုင် များက တင်သွင်း ရောင်းချ ဖြန့်ဖြူး နေသည့် လက်ကိုင် လွှစက် စာရင်းများကို လစဉ် စစ်ဆေး သွားမည် ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဌာနက သတင်း ထုတ်ပြန် ထားသည်။
သွင်းကုန် လိုင်စင်များ ထုတ်ပေး ရာတွင် သစ်တော ဦးစီးဌာန၏ ထောက်ခံချက် ဖြင့်သာထုတ်ပေးရန် စီးပွားရေးနှင့် ကူသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနကို ညွှန်ကြား ထားပြီး အဆိုပါ လွှစက်များ ရောင်းချ နေသည့် ဆိုင်များကိုလည်း သစ်တော ဦးစီးဌာန၏ ထောက်ခံချက် ပါရှိမှသာ ရောင်းချရန် ပြည်ထောင်စု အစိုးရ အဖွဲ့က ညွှန်ကြား ထားသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၏ သွင်းကုန် လိုင်စင်တွင် ပင်လယ် ရေကြောင်း ဆိပ်ကမ်း မှ တင်သွင်းသည့် ပုံမှန် ကုန်သွယ်ရေးနှင့် နယ်စပ် ကုန်သွယ်ရေး၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပေးသည့် သွင်းကုန် လိုင်စင်များ အားလုံး ပါဝင်သည်။
သက်ဆိုင်ရာ ခရိုင် သစ်တော ဦးစီးဌာန၏ ထောက်ခံချက် ပါရှိမှသာ ရောင်းချ ပေးရန် ကုမ္ပဏီနှင့် အရောင်းဆိုင် များကို ပြည်ထောင်စု အစိုးရ အဖွဲ့ မှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များအား ညွှန်ကြား ထားကြောင်း သတင်း ရရှိသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၏ ထောက်ခံချက် မပါရှိသည့် ရောင်းဝယ် ဖောက်ကားသူ များကို တရားမ၀င် လက်ကိုင် လွှစက် ကိုင်ဆောင်သူ များအဖြစ် သတ်မှတ်၍ ခရိုင်နှင့် မြို့နယ် အဆင့် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းကာ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဟု သတင်း ရရှိသည်။ (By အိဖြူမွန်)
昆明信息港-彩云桥 记者文丽荣 《缅甸七日新闻》报道,24日缅甸政府宣布,从六月最后一周开始,将控制国内电锯数量,凡进口手锯必须获得缅甸资源和环保部的允许方可进行。
据悉,电锯是伐木重要工具,先前在缅甸随意就可买到电锯,这助长了非法伐木事件频繁发生。对此,政府出台相关措施,以控制国内电锯数量,从而减少非法伐木事件。
缅甸资源和环保部表示,缅甸将按照各镇现状来规定该镇区允许拥有多少电锯,合理控制电锯数量。并根据规定的各镇允许拥有的电锯数量,每月清查公司和商店进口的在销售电锯数量。
缅甸中央政府表示,商店只有在获得林业局的允许之后才能销售电锯。没有获得资源和环保部允许就销售电锯的经销商将被当作非法持有电锯者,由县和镇各级组成督查小组对其进行制裁。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့