စီးပွားရေးဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းနှင့်ပြည်နယ်များတွင် ရင်းနှီးမြှုပ်နှံပါက ၀င်ငွေခွန် ကင်းလွတ်ခွင့်ပေးရန်စီစဉ်
2016-06-16 18:16|
ဖွံ့ဖြိုးမှုအနည်းဆုံးဒေသ (ဓာတ်ပုံ - စိုင်းဇော်)
အရပ်သားအစိုးရလက်ထက်တွင် စီးပွားရေးဖွံ့ဖြိုးမှုအားအနည်းဆုံး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်စေရန် ဆွဲဆောင်မှုတစ်ခုအဖြစ် ၀င်ငွေခွန်ကို အနည်းဆုံးခုနစ်နှစ်အထိ ကင်းလွတ်ခွင့်ပြုကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် ထည့်သွင်းထားသည်ဟု သတင်းရရှိသည်။
ဝင်ငွေခွန်ကင်းလွတ်ခွင့်အပြင် ရင်းနှီးမြှုပ်နှံမည့်ကုန်ပစ္စည်းများ တင်သွင်းပါကလည်း သွင်းကုန် အခွန်ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။ ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့်များပေးခြင်းသည် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရည်ရွယ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦသန်းအောင်ကျော်က ပြောသည်။
‘‘ဖွံ့ဖြိုးရေးအတွက် လိုအပ်ရင် ကင်းလွတ်ခွင့်ကို ပြည်ထောင်စုအစိုးရက ခွင့်ပြုနိုင်တယ်။ ရင်းနှီးမြှုပ်နှံမယ့်သူကလည်း အဆိုပြုလွှာမှာ ထည့်ပြီးဖော်ပြရင် ပြည်ထောင်စုအစိုးရက ညှိနှိုင်းပြီး ခွင့်ပြုနိုင်တယ်’’ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းတွင် ၀င်ငွေခွန်ကင်းလွတ်ခွင့်ကို တိုင်းနှင့်ပြည်နယ် အလိုက် ဖွံ့ဖြိုးမှု အခြေအနေပေါ် မူတည်၍ ဇုန်အလိုက်သတ်မှတ်ခွဲထားသည်။ ဖွံ့ဖြိုးမှု အားအနည်းဆုံးကို ဇုန်(၁)အဖြစ် သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမည့်သူ များကို အခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်နှင့်အထက်ပေးထားသည်။ ဖွံ့ဖြိုးမှု အလယ်အလတ် ရှိသော တိုင်းနှင့်ပြည်နယ်များတွင် ဇုန် (၂)အဖြစ် သတ်မှတ်ကာ ရင်းနှီးမြှုပ်နှံမည့်သူများကို ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်နှင့် ဖွံ့ဖြိုးမှုအားအကောင်းဆုံး တိုင်းနှင့်ပြည်နယ်များအတွက် ၀င်ငွေခွန်ကင်းလွတ်ခွင့် သုံးနှစ်သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရလက်ထက်၌ ဖွံ့ဖြိုးမှုအားအနည်းဆုံးဖြစ်သည့် ချင်း၊ ကယား၊ ရခိုင်ပြည်နယ်တို့တွင် အခြေခံအဆောက်အအုံများဖြစ်သော လျှပ်စစ်မီး၊ ရေ၊ လမ်းတံတားဆိုင်ရာများ၌ ရင်းနှီးမြှုပ်နှံလိုသူများအား အထူးအခွင့်အရေးပေးရန် စီစဉ်ထားသည်ဟု သိရသည်။
ယခင်အစိုးရလက်ထက်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရန် ၂၀၁၂ ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေတွင်လည်း ပြည်ပရင်းနှီးမြှုပ်နှံသူများကို အခွင့်အရေးတစ်ခုအဖြစ် ၀င်ငွေခွန်ငါးနှစ်ကင်း လွတ်ခွင့်ပြုခဲ့သည်။ သို့သော် ပြည်တွင်း လုပ်ငန်းရှင်များက အခွန်ကင်းလွတ်ခွင့်မရသဖြင့် ဝေဖန်မှုများကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပေါင်းစည်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည်ရေးဆွဲရခြင်း ဖြစ်သည်။
‘‘ရင်းနှီးမြှုပ်နှံမယ့်သူတွေက အခွန်မက်လုံးအပြင် တခြားပံ့ပိုးမှုတွေလည်းလိုချင်တယ်။ ဒါတွေကို ဖြည့်ပေးနိုင်မှ ရည်မှန်းချက်တိုင်းဖြစ်လာမှာပါ’’ ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောသည်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် အခွန်ကင်းလွတ်ခွင့် အခွင့်အရေးသာမက အခြေခံအဆောက်အအုံပိုင်းဖြစ်သော လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ဥပဒေစိုးမိုးရေး၊ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးသည့် ဥပဒေများ ပြည့်စုံရေးတို့အပြင် ဒေသငြိမ်းချမ်းရေးကိုလည်း လိုလားကြသည်ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။ (By ပြည်သိမ်း)
发展最落后地区
昆明信息港-彩云桥 记者文丽荣 据《缅甸7日新闻》报道,缅甸现政府时期,为吸引投资商,发展经济落后地区。凡投资缅甸经济最落后地区,无论国内外投资商,均可免除至少7年的所得税。该举措已被列入缅甸新投资法草案。
缅甸投资与公司管理司副司长吴丹昂觉表示,除免除所得税外,还将对进口的投资商品施行税务减免,其目的是吸引投资商进来投资,增加就业率,促进地区和经济发展。该举措也已被列入缅甸投资法草案。
投资商前往经济落后地区投资过程中,如发展需要,希望获得相应免税权,可在提交投资申请时注明,联邦政府磋商之后,可给予批准。
根据各省邦发展情况,缅甸新投资法草案就所得税免税权,按区域发展情况规定不同的免税期。发展最落后的地区为一区,投资商可免7年至以上所得税;发展中等的地区为二区,投资商可免5年所得税;最发展的地区为第三区,投资商可免3年所得税。
此外,在发展最落后的钦邦、克耶邦、若开邦,投资基础设施,如电、水、道路相关领域的投资商,将给予特殊权利。
据了解,前政府时期,为吸引外国投资商,2012年出台了外商投资法。该投资法规定,外国投资者在缅甸投资可免所得税5年。但国内投资商则无法享受这一待遇,因而遭受议论。对此,缅甸将综合缅甸投资法和外商投资法,重新制定新的缅甸投资法。
“对投资商而言,除免税激励之外,还需要国家给予相应的支持。只有这两项支持同时进行,才能吸引到更多投资者。”缅甸工商协会副主席貌貌雷博士表示,国内外投资商对基础设施,如电力、交通运输,法治,完善的投资保护法以及该地区的稳定也是非常重视的。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့

