နိုင်ငံခြားသားများအား ရင်းနှီးမြှုပ်နှံ ခွင့်မပြုသည့် လုပ်ငန်းများ စာရင်း ထုတ်ပြန်
2016-04-16 19:03|
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်သည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံ ခွင့်မပြုသည့် လုပ်ငန်း ၁၂ မျိုးတွင် ကျောက်စိမ်း၊ ကျောက်မျက် ရတနာ ရှာဖွေခြင်း၊ စမ်းသပ် တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သတင်း ရရှိသည်။
နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရ နိုင်ငံခြားသား လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံ ခွင့်မပြု သည့် လုပ်ငန်း ၁၂ မျိုး၊ နိုင်ငံသား လုပ်ငန်းရှင်နှင့် ဖက်စပ် လုပ်ကိုင်မှသာ ခွင့်ပြုမည့် လုပ်ငန်း ၂၇ မျိုး၊ လုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနက ခွင့်ပြုမှသာ နိုင်ငံသား လုပ်ငန်းရှင်နှင့် ဖက်စပ် လုပ်ကိုင် ခွင့်ပြုမည့် လုပ်ငန်း ခုနစ်မျိုး၊ ဝန်ကြီးဌာန၏ ခွင့်ပြုချက် ဖြင့်သာ လုပ်ကိုင် ခွင့်ပြုမည့် ဖက်စပ် လုပ်ငန်း ၂၂ မျိုးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မတ်လ ၂၁ ရက်တွင် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု သဘော မသက်ရောက်သည့် ဝန်ဆောင်မှု လုပ်ငန်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက် ရမည် ဟု သိရသည်။
ကာကွယ်ရေး ဆိုင်ရာ လက်နက် ခဲယမ်း မီးကျောက်များ ထုတ်လုပ်ခြင်း နှင့် ပတ်သက်သည့် ဝန်ဆောင်မှု လုပ်ငန်း၊ ရေထိန်းတောများ၊ ဘာသာရေး အရ အထွတ်အ မြတ် ထားသည့် နေရာများနှင့် ရိုးရာ ပူဇော်ပသမှု ပြုလုပ်သည့် နေရာများ၊ စားကျက်မြေများ၊ လယ်ယာမြေများနှင့် ရေအရင်းအမြစ်ကို ပျက်စီး စေနိုင်သည့် လုပ်ငန်း များ၊ သဘာဝ သစ်တောများကို စီမံခန့်ခွဲသည့် လုပ်ငန်းများ၊ ကျောက်စိမ်း တူးဖော် လုပ်ကိုင်သည့် လုပ်ငန်းနှင့် ဓာတ်သတ္တု ထုတ်လုပ်သည့် လုပ်ငန်းများကို နိုင်ငံခြားသား များကို ရင်းနှီးမြှုပ်နှံ ခွင့်မပြုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လျှပ်စစ်ဓာတ်အား စနစ် လွန်ကဲခြင်း လုပ်ငန်း၊ လျှပ်စစ် ဆိုင်ရာ စစ်ဆေးရေး လုပ်ငန်း၊ လေကြောင်း ထိန်းသိမ်း ကွပ်ကဲ လမ်းညွှန် ဝန်ဆောင်မှု လုပ်ငန်း၊ ရွှေ အပါအဝင် သတ္တု တူးဖော်ခြင်း လုပ်ငန်း၊ ရေကြောင်းပြ လုပ်ငန်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြု ချက် မရှိဘဲ ပုံနှိပ် မီဒီယာ လုပ်ငန်းနှင့် ရေဒီယို ရုပ်သံလွှင့် လုပ်ငန်း နှစ်ခုကို ပူးတွဲ လုပ်ကိုင်ခြင်း လုပ်ငန်းနှင့် မြန်မာ အပါအဝင် တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေသည့် ပုံနှိပ် ဖြန့်ချိသည့် လုပ်ငန်းများကိုလည်း နိုင်ငံခြားသား လုပ်ငန်းရှင် များကို ရင်းနှီးမြှုပ်နှံ ခွင့်မပြုကြောင်း သိရသည်။
စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဖျော်ရည် ယမကာ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်း၊ မီးဖိုချောင် သုံးကုန် ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်း၊ ရေနှင့် ရေသန့် ထုတ်လုပ်သည့် လုပ်ငန်း၊ လူသုံးကုန် ထုတ်လုပ်ရေးနှင့် စက်မှု ကုန်ထုတ် လုပ်ငန်းများကို နိုင်ငံသား လုပ်ငန်းရှင်များနှင့် ဖက်စပ် လုပ်ကိုင်မှသာ ခွင့်ပြု ပေးမည် ဖြစ်သည်။
ထို့ပြင် နိုင်ငံတကာ အဆင့်မီ ဂေါက်ကွင်း၊ အပန်းဖြေ နေရာများ ဖော်ဆောင်ခြင်းနှင့် အိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို နိုင်ငံသား လုပ်ငန်းရှင်နှင့်သာ ဖက်စပ် လုပ်ကိုင် ခွင့်ပေးမည် ဖြစ်သည်။
မွေးမြူရေး၊ ရေလုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို သက် ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်နှင့် ဖက်စပ် လုပ်ကိုင် ခွင့်ပြုသည်။
ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် ဝန်ကြီးဌာန ပိုင်မြေများကို ငှားရမ်း အသုံးချခြင်းအား သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်နှင့် ဖက်စပ် လုပ်ကိုင် ခွင့်ပေးမည် ဖြစ်သည်။ (By မျိုးစန္ဒာအောင်)
昆明信息港-彩云桥 记者文丽荣 据《缅甸7日新闻》报道,缅甸投资委员会3月21日发布新规,公布了12个不允许外商投资的项目,其中包括玉石翡翠的勘探及开采。
根据外商投资法,缅甸投资委员会公布不允许外商投资项目12个,允许外商和缅甸商人合作投资项目27个,需获得该行业相关政府部门批准才能和缅甸商人合作投资项目7个,需要相关部门的批准才能从事的合作项目22个。此外,达不到投资性质的服务性项目,外商需要获得缅甸相关部门的批准之后才能从事。
其中,不允许外国人投资的项目有:与国防相关的武器和火药服务项目、河岸堤坝项目、宗教和信仰场所、破坏牧场农田和水资源项目、天然林管理项目、玉石开采和矿产品生产项目 。此外,过度耗费电力的项目、电力勘察项目、航空导航项目、包括金矿在内的矿产开采项目、未经政府批准的出版传媒项目以及用缅文和少数民族文字出版出版物项目。
允许外商和缅甸企业合资的项目有:食品生产项目、饮料生产销售项目、厨房用品生产项目、自来水和饮用水生产行业、日常用品生产项目、高级高尔夫球场、休闲度假区开发和房地产项目等。
此外,畜牧水产项目和环保项目、药品生产、运输、汽车修理及租用政府部门土地经营项目的,经相关部批准后可与当地企业合资经营。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
