ဗဟိုဘဏ်က သံတမန် များအနေဖြင့် နိုင်ငံခြားငွေ စာရင်းအား ပုဂ္ဂလိက ဘဏ် များတွင် ဖွင့်လှစ်ခွင့်ပြု ကြောင်းကြေညာ
2016-03-24 20:40|
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကသံတမန်များအတွက် နိုင်ငံခြားငွေစာရင်းဖွင့်ခွင့်အားယခင်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တွင် သာဖွင့်ခွင့်ပြုခဲ့ရာကနိုင်ငံခြားငွေ ရောင်းချခွင့် လုပ်ငန်းလိုင်စင် ရရှိသည့် ပုဂ္ဂလိကဘဏ်များတွင်ပါ ဘဏ်စာရင်းဖွင့်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြေညာချက် ထုတ်ပြန်သည်။
အစိုးရဌာနများ ၊ အစိုးရအဖွဲ့အစည်းများ ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများက အစုရှယ်ယာ ပါသော ဖက်စပ် အဖွဲ့အစည်း များ၏ နိုင်ငံခြားငွေဖြင့် စာရင်းရှင် အပ်ငွေ စာရင်း များအား နိုင်ငံခြားသုံးငွေ များ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း လိုင်စင် ရဘဏ် များနှင့် Semi Government ဘဏ်များတွင် ဖွင့်လှစ်ခွင့်မပြုပဲကန့်သတ်ထားရာမှ ညွှန်ကြားချက် ထုတ်ပြန်သည့် နေ့မှစ၍ ပယ်ဖျက် လိုက်ကြောင်းကြေညာချက် ထဲတွင် ပါရှိသည်။
မြန်မာအရှေ့တိုင်းဘဏ်မှ ဥက္ကဋ္ဌ ဦးမြင့်သန်းက “ ဒါကကောင်းတဲ့ ခြေလှမ်းတစ်ခုလို့ မြင်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့လည်း ငွေပေးချေ မှုတွေ ပိုမိုကောင်းမွန် လာတယ်လို့ မြင်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။
၎င်းကြေညာချက်အား မတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့