သင်္ကြန်တွင်းလက်မှတ်ဈေးနှုန်းမြှင့် ရောင်းသည့် အဝေးပြေး ယာဉ်လိုင်းများကို ဒဏ်ကြေးကောက်ခံမည်
2016-03-16 16:50|
အောင်မင်္ဂလာအဝေးပြေးဝင်း တစ်နေရာ (ဓာတ်ပုံ − ကျော်ဇင်သန်း)
သင်္ကြန်တွင်းပြေးဆွဲမည့် အဝေးပြေးဂိတ်ယာဉ်လိုင်းများလက်မှတ်နှုန်းထားများကိုသတ်မှတ် နှုန်းထားထက် ဈေးမြှင့်ရောင်းချခြင်းတွေ့ရှိပါကဒဏ်ငွေကျပ်ငါးသောင်းတပ်ရိုက်သွားမည် ဖြစ်ကြောင်း မထသ အဝေးပြေးမှ သတင်းထုတ်ပြန်သည်။
သင်္ကြန်တွင်းပြေးဆွဲမည့် အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံ ဧရာအဝေးပြေးတို့မှ ယာဉ်လိုင်း များသည် လက်မှတ် နှုန်းထား များကို သတ်မှတ်နှုန်းထက် ဈေးမြှင့် ရောင်းချခြင်းများ ပြုလုပ် ပါက ယာဉ်တစ်စီးလျှင် ဒဏ်ငွေကျပ် ငါးသောင်း ကောက်ခံ အရေးယူမည်ဟု မထသ အဝေးပြေး ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောသည်။
‘‘သင်္ကြန်တွင်းက ခရီးအသွား များကြတော့ တချို့ယာဉ် လိုင်းတွေက လက်မှတ် ဈေး ပိုတင် ရောင်းကြတယ်။ ဒီနှစ်မှာတော့ မတ်လကစပြီး လက်မှတ်ဈေး ပိုတင်ရောင်းတဲ့ ကားတွေကို အရေးယူသွားမယ်။ ကားလက်မှတ် တွေကိုဈေးတင်ရောင်းချတဲ့ ယာဉ်လိုင်းတွေက ကားတွေကို ဒဏ်ငွေ ချက်ချင်း ရိုက်မယ်’’ ဟု ၎င်းကပြောသည်။
သင်္ကြန်ကာလ ပြေးဆွဲမည့် အဝေးပြေး ယာဉ်လိုင်း များကို ကြီးကြပ်မည့် သင်္ကြန်ကာလ ယာဉ်လိုင်း ကြီးကြပ်ရေး ကော်မတီအဖွဲ့အား လက်မှတ် ဈေးနှုန်း နှင့်ပတ်သက်သော တိုင်ကြားမှုများ၊ ခရီးသွား လက်မှတ် နှင့်ပတ်သက်သော မသမာ မှုများ၊ ကြိုတင် လက်မှတ် အတုအယောင် များတွေ့ ရှိပါက တိုင်ကြား နိုင်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၅ သင်္ကြန် ကာလအတွင်း အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေးရှိ ယာဉ်လိုင်း ပေါင်း ၃၄ လိုင်း၏ လက်မှတ်ဈေး မြှင့်ရောင်းချမှုကိုခရီးသွား ၁၂၅ ဦးက တိုင်ကြား ခဲ့ပြီး အဆိုပါ ယာဉ်လိုင်း များမှ ဒဏ်ကြေးငွေ ကျပ် ၂၇ သိန်း ကောက်ခံ ရရှိခဲ့ ကြောင်း သိရသည်။
ထို့အပြင် ၂ နှစ်ဆက်တိုက် တိုင်ကြားမှု ခံရသည့် ယာဉ်လိုင်း များကို ဒဏ်ငွေငါးသောင်း ထက် ပို၍ ဒဏ်ရိုက် သွားမည် ဖြစ်ပြီး လာရောက် တိုင်ကြားသူ များကိုလည်း မထသ အဝေးပြေးမှ လျော်ကြေးငွေအဖြစ် ပြန်လည် ဆုချီး မြှင့်မှုများ ပြုခဲ့သည်ဟု ဦးညွန့်ဝေက ဆိုသည်။
‘‘သင်္ကြန်တွင်းခရီးသွားရင် လက်မှတ် ဈေးတွေက တအား များတယ်။ ဒါမှ မ၀ယ်ရင်လည်း သွားရမှာ မဟုတ်တော့ နှစ်တိုင်း နီးပါး လက်မှတ် ဈေးတွေပိုပေး ၀ယ်ရတယ်။ တချို့ဆိုရင် ကြို တင်လက်မှတ်ရောင်းထားပြီးအနားနီးမှ သွားဝယ်တော့ ပိုက်ဆံပိုပေးတဲ့ တခြားသူကို ရောင်းလိုက် တာတွေလည်း ကြုံရတာ မျိုးတွေ ရှိတယ်’’ဟု ဗိုလ်တထောင်မြို့နယ် နေ မသင်းသင်းခိုင်က ပြောသည်။
အဝေးပြေး ယာဉ်လိုင်း များတွင် ပုံမှန် ခရီးသွား အာမခံ တစ်ရာကျပ်နှင့် အထူးခရီးသွား အာမခံ သုံးရာကျပ် ကောက်ခံ ပေးထားသည်။
လက်ရှိတွင် အောင်မင်္ဂလာ အဝေးပြေး ယာဉ်လိုင်း၌ ယာဉ် လိုင်းပေါင်း ၁၀၇ လိုင်း၊ ယာဉ် အစီးရေ ၁၃၄၀ စီးနှင့် ဒဂုံဧရာ အဝေးပြေးတွင် ယာဉ်လိုင်း ၃၉ လိုင်း၊ ယာဉ်အစီးရေ ၃၁၁ စီးဖြင့် ခရီးသည်များကို ၀န်ဆောင်မှု ပေးလျက်ရှိသည်။ (Byဖြူဖွေးသန့်)
敖敏格拉长途汽车站
昆明信息港-彩云桥 记者袁思思 据《缅甸时光报》14日报道,缅甸泼水节期间,如果长途汽车票价比规定的价格高,将对其处以5万缅币的罚款。
缅甸长途汽车客运公司主席吴纽伟介绍说,泼水节期间,从敖敏格拉长途汽车客运公司和德贡长途汽车客运公司发出的客车票价如果比规定的价格高,将对每辆车处以5万缅币的罚款。
“以前多出来的票价是用来作意外伤害保险的。”吴纽伟说道,由于泼水节期间出行的人比较多,一些客车会调高票价,但从今年3月开始,将免除意外伤害保险费,追究调高车票的客车司机责任。
据介绍,泼水节期间,乘客可对长途汽车进行监督,如遇不合理票价、不合格车票、假票等情况,都可以向长途汽车监管委员会投诉。
2015年泼水节,敖敏格拉长途汽车客运公司和德贡埃亚长途汽车客运公司因旗下的34条线路客车调高票价,所以遭到125名乘客投诉,被罚款250万缅币。
已连续两年有客车被乘客投诉,并缴纳罚款超过5万缅币。此外,长途汽车客运公司还要支付投诉乘客一定的赔偿金。
“如果想在泼水节期间出去旅游,买汽车票特别贵。不买的话又不能去旅游,所以大家也只能用更多的钱来买车票了。虽然一些客车公司也会提前售卖车票,但是部分人买过来之后,马上就以更高的价格转手给了其他乘客。”来自博达涛镇的玛丁丁凯告诉记者说,像这样的情况,几乎每年都能遇到。
据悉,缅甸长途客车的普通意外伤害险为每人100缅币,特殊意外伤害险为每人300缅币。目前,敖敏格拉长途汽车客运站共有107条线路、1340辆客车,德贡埃亚长途汽车客运站共有39条线路、311辆客车,都能为乘客提供服务。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့