ရန်ကုန် လျှပ်စစ်ရထားကို နှစ်တစ်ရာကျော်မှ ပြန်လည် ပြေးဆွဲ လျှပ်စစ်ရထားစီးပြီး ရန်ကုန်မြို့ရှုခင်း ခံစား
2016-01-29 09:19|
တစ်ပတ်မှာတော့ ပရိသတ်ကြီးအတွက် အတွေ့အကြုံအသစ်တစ်ခုနဲ့ မိတ်ဆက်ပေးလိုပါ တယ်။ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် ပြေးဆွဲနေတဲ့ လျှပ်စစ်ရထားကိုစီးဖူးအောင် တစ်ခေါက် တော့ စီးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုလိုနီခေတ် နောက်ခံဝတ္ထုဇာတ်လမ်းတချို့မှာ ပါဝင်နေကျဖြစ်တဲ့ ရန်ကုန်မြို့ထဲသို့ လျှပ်စစ်ရထားကြီးစီးသွားတဲ့ ဇာတ်ရုပ်ဇာတ်ကောင် တွေကို ကြည့်ဖူးထားတယ်ဆိုရင်တော့ အဲဒီအတိုင်း ပြန်လည်တွေးတောရင်းခံစားနိုင်မှာပါ။
လျှပ်စစ်ရထားပြေးဆွဲမှုကို မြန်မာနိုင်ငံမှာဒုတိယကမ္ဘာစစ် ဖြစ်ခဲ့ချိန်ကရပ်တန့်ခဲ့ပြီးအခုနှစ် ပေါင်း ၁၁၁ နှစ် ကျော်ကြာမှ ပြန်လည်ပြေးဆွဲခြင်းလည်းဖြစ်တာမို့ နှစ်တစ်ရာကျော်မှ တစ်ဖန်ပြန်စီးခွင့်ရတာပါ။
လျှပ်စစ်ရထား ပြန်လည်ပြေးဆွဲခြင်းရည်ရွယ်ချက်ကခရီးသွားလာသူတွေ အချိန်မြန်ပြီး လူပင်ပန်းမှု သက်သာ စေရုံသာမက ရန်ကုန်မြို့တွင်းယာဉ်ကြောကျပ်တည်းမှုကိုပါ တစ်နည်းဖြေရှင်းပေးဖို့ ရည်ရွယ်ပါတယ်တဲ့။
ဂျပန်နိုင်ငံကမှာယူထားတဲ့လျှပ်စစ်ရထားကိုအပျော်စီးအနေနဲ့လည်းဗဟုသုတရှာဖွေရင်း စီးနင်းမယ်ဆိုရင် မြန်မာ့မီးရထားက လူတစ်ဦးကို တစ်ရာကျပ်နှုန်း ကောက်ခံပါတယ်။
တကယ်လို့ လျှပ်စစ်ရထား စီးမယ် ဆိုရင် ဒါလေးတွေ သတိထားရပါမယ်။ မနက် ၈ နာရီမှာ လျှပ်စစ်ရထားဟာ ကမ်းနားလမ်း ၀ါးတန်း ဘူတာကနေ စတင်ထွက်ခွာမှာ ဖြစ်ပြီး လင်းစဒေါင်းဘူတာကို နာရီဝက်အကြာ မနက် ၈ နာရီခွဲမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။
ဝါးတန်း ဘူတာကနေကမ်းနားလမ်းတစ်လျှောက် လင်းစဒေါင်းဘူတာထိကို နာရီဝက်ခန့်၊ လင်းစဒေါင်းဘူတာ ကနေ ၀ါးတန်း ဘူတာ ကို နာရီဝက်နဲ့ အခေါက်ရေခြောက်ခေါက် နေ့စဉ် ပြေးဆွဲပေးနေပါတယ်။
လျှပ်စစ်ရထားဟာကမ်းနားလမ်းအမြန်လမ်းပေါ်မှာပြေးဆွဲ ပေးထားတာ ဖြစ်တဲ့အတွက် ညနေပိုင်းမှာ ကွန်တိန်နာ တင်ယာဉ်များ ဖြတ်သန်းမှုများလို့ နေ့စဉ် မနက် ၈ နာရီက နေမွန်းလွဲ ၁ နာရီအတွင်းသာပြေးဆွဲပါ တယ်။
လျှပ်စစ်ရထား စီးကြည့် လိုက်ရင်မြို့တွင်းမြို့ပတ်ရထား များကဲ့သို့မဟုတ်ဘဲ ရထား စီးနင်း ရာမှာတုန်ခါမှုမရှိ သလို တိတ်ဆိတ်ငြိမ်သက်စွာအေးစိမ့်တဲ့ခံစားမှုမျိုးကိုခံစားမိပါ တယ်။
ဒါ့အပြင် လျှပ်စစ်ရထားစီးရင်းရန်ကုန်မြို့ရှုခင်းကိုခံစားမယ်ဆိုရင်လည်းကမ်းနားလမ်း တစ်လျှောက်မှာရှိတဲ့ ဈေးတွေ၊ စေတီပုထိုးတွေ၊ ဆိုင်တွေ၊ ကားမှတ်တိုင်တွေ၊ သင်္ဘောဆိပ်ရှုခင်းတွေ၊ ခုံးကျော် တံတားတွေ၊ ကိုလိုနီခေတ် လက်ကျန် ရှေးဟောင်း အဆောက်အအုံတွေ ကြားကအလုပ်သွား၊ ကျောင်းတက်နေကြတဲ့ ရောင်စုံလူတွေနဲ့ မြင်ကွင်းစုံကိုလည်း ရထားပေါ်ကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အချိန်မှန်ကန်မှုရှိလို့ အလုပ်သွားကျောင်းတက်ကြမယ့် ခရီးသွားတွေအတွက် အလွန် အသုံးဝင်တဲ့ ပို့ဆောင် ဆက်သွယ်ရေး ရထား တစ်စင်း ဖြစ်ပြီးနေ့စဉ် အခေါက်ရေ ခြောက်ခေါက် ပြေးဆွဲ ထားတာဖြစ်တဲ့အတွက် ကိုယ်နဲ့ အဆင်ပြေ ကိုက်ညီမယ့် အချိန် ကိုရွေးချယ် စီးနင်းနိုင်ပါတယ်။
လျှပ်စစ်ရထားကို ဇန်န၀ါရီ ၁၀ ရက်မှာပြေးဆွဲပေးနေပြီးထိုင်စီးနဲ့ မတ်တတ်ရပ်စီးခရီးသည် ပေါင်း ၁၈၀ ဦးစီး နင်းနိုင်တဲ့ တွဲဆိုင်းနှစ်ဆိုင်းနဲ့ ထိုင်စီးနဲ့ မတ်တတ်ရပ်စီးခရီးသည် ၉၄ ဦးစီးနင်းနိုင်တဲ့ တွဲဆိုင်းတစ်ဆိုင်းပါဝင် ပါတယ်။
ယင်းလျှပ်စစ်ရထားကို မြန်မာနိုင်ငံမှာပြေးဆွဲပေးဖို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံကနေ ဂျပန် ယန်းသန်း ၄၀၀ နဲ့ မှာယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်ကသတင်းဌာနတွေ အဆိုအရ ဒီရထားတွဲဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ လွန်ခဲ့တဲ့နှစ် ၆၀ ကျော်က သုံးစွဲခဲ့တဲ့ ရထားဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ရထားပြေးဆွဲချိန်မှာ လျှပ်စစ်ထုတ်လွှတ်စဉ် ခရီးသွားတွေ ဘေးအန္တရာယ် မဖြစ်စေရေး အတွက်လည်း မြန်မာ့ မီးရထားတာဝန်ရှိသူတချို့က ပညာပေး စောင့်ကြည့် ထိန်းသိမ်းနေ တယ်လို့ ဆိုပါတယ်။
ဒီတစ်ပတ်တော့ အနားလည်းယူ၊ အပန်းလည်းပြေ၊ ဗဟုသုတလည်းရှာဖွေရင်း မြန်မာ နိုင်ငံက လျှပ်စစ်ရထား ကို စီးဖူးတယ် ရှိအောင် စီးကြည့်ဖို့ လမ်းညွှန်လိုက်ရင်း....။ (Byဖြူဖွေးသန့်)
仰光电车
昆明信息港-彩云桥 记者文丽荣 每当读到以殖民时代为背景的一些缅甸小说时,主人翁乘坐电车到仰光的场景便会浮现在眼前,勾起很多人的回忆。那么,小编就满足大家的愿望,为大家介绍一下关于电车的新玩场。缅甸仰光停运很久的电车于1月10日运行,大家在乘坐的同时,不仅可以观光,还可以增长见识。
缅甸电车是在第二次世界大战爆发时停运的,至今已有111年之久。也就是说,从停运开始,经过100多年的时间,缅甸电车才得了再次运行。
仰光电车
该趟电车的运行不但能方便乘客,缓解其路途中的劳累,而且还能在一定程度上缓解仰光市内道路拥堵问题。同时,电车作为一种消遣工具,乘客们在乘坐的过程中可以增长见识。
由于电车沿途经过海滨路高速路段,并且每到下午的时候,海滨路上的货车特别多,因此,电车的运行时间为早上8:00到下午13:00,始发站为海滨路瓦丹站,终到站为林撒道站,单程运行时长为半小时,每天共运行6趟,票价为每人100缅币。
仰光电车
据介绍,该趟电车于2016年1月10日在仰光运行,目前,有2列能容纳180位乘客(有座和无座)的电车以及2列能容纳94位乘客(有座和无座)的电车。
该趟电车运行十分平稳,不会像城际列车一样颠簸。对于赶时间上班以及上学的乘客而言,它是一种非常便捷的交通工具。
仰光电车
此外,乘客们乘坐电车时,还可以欣赏仰光的美景,海滨路上沿途的集市、佛塔寺庙、商店、车站、港口风光、人行天桥、殖民时期遗留下来的古建筑以及赶着上班上学的路人等各种景色尽收眼底。
据悉,这批电车是由缅甸铁路运输部出资4亿日元从日本订购来的。此外,针对电车行驶过程中释放的电力是否会对乘客造成危害的问题,目前,缅甸铁路部相关负责人表示有待观察。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့