၂၀၁၆ ခုနှစ် ဧပြီလ၊ ပြည်တွင်းထုတ် စီးကရက်နှင့် အရက်ပေါ် အခွန်ကောက်ခံမည်

2015-12-24 16:02|မြန်မာတိုင်းမ်

လာမည့် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်ကာ ပြည်တွင်း ထုတ် စီးကရက်နှင့် အရက်များ အပေါ် အလွှာအလိုက် သတ်မှတ် ထားသော အခွန်နှုန်းထား အတိုင်း ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံ သွားမည် ဖြစ်ကြောင်း ဘဏ္ဍာ ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန် က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြည်ထောင်စု လွှတ်တော် သို့ ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ(မူကြမ်း)ကို လွှတ်တော်သို့ တင်သွင်း ရာ၌ "တစ်မျိုးသားလုံးရဲ့ ကျန်းမာရေး နဲ့ အကျင့်စာရိတ္တကို ထိခိုက် စေနိုင်တဲ့ အရက်၊ စီးကရက် အစရှိတဲ့ ကုန်စည် တွေကို ပြည်သူပြည်သားတွေ အလွန်အကျွန် သုံးစွဲခြင်း မှလျှော့ချနိုင်ရန် အတွက် လည်းကောင်း၊ ကုန်စည် ထုတ်လုပ် သူ၊ လက်လီရောင်းချသူ၊လက်ကားရောင်းချသူ နဲ့ စားသုံးသူများ အကြား အခွန် ရှောင်တိမ်းမှုကို တားဆီး ကာကွယ် နိုင်ရန် အတွက် လည်းကောင်း၊ ထုတ်လုပ် ရောင်းချတဲ့ စီးကရက် အရေအတွက် နဲ့ အရက် ပမာဏ အလိုက် ရောင်းချတဲ့ ဈေးကွက် ပေါက်ဈေး အတိုင်း သတ်မှတ် ကောက်ခံဖို့ ပြင်ဆင် ထားပါတယ်" ဟု ဦးဝင်းရှိန်က ပြောကြားခဲ့သည်။

ပြည်တွင်းထုတ် စီးကရက်များ အပေါ် အခွန် ကောက်ခံမည့် နှုန်းထားများမှာ အလိပ် ၂၀ ပါဘူးများ အတွက် တစ်ဘူး ရောင်းဈေး ကျပ် ၃၀၀ အထိ ဖြစ်လျှင် တစ်လိပ်လျှင် သုံးကျပ်နှုန်း၊ ရောင်းဈေး ၃၀၁ ကျပ်မှ ကျပ် ၅၀၀ ထိ ဖြစ်လျှင် တစ်လိပ် ရှစ်ကျပ်နှုန်း၊ ရောင်းဈေး ၅၀၁ ကျပ်မှ ၁,၀၀၀ အထိ ဖြစ်လျှင် တစ်လိပ်ကို ၁၄ ကျပ်နှုန်း၊ ရောင်းဈေး ၁,၀၀၁ ကျပ် မှ ကျပ် ၂,၀၀၀ အထိ ဖြစ်လျှင် တစ်လိပ်ကို ၂၉ကျပ် နှုန်း၊ ရောင်းဈေး ၂,၀၀၁ ကျပ်မှ ၃,၀၀၀ ကျပ် အထိ ဖြစ်လျှင် တစ်လိပ် ၄၈ကျပ်နှုန်း၊ ရောင်း ဈေး ၃,၀၀၁ ကျပ်နှင့် အထက် ဖြစ်လျှင် တစ်လိပ်ကို ၁၂၀ ကျပ်နှုန်းဖြင့် ကောက်ခံ သွားမည် ဖြစ်ပြီး၊ ပြည်ပ မှ တင်သွင်းသည့် စီးကရက်များ အတွက်လည်း ကုန်းပေါ်ရောက် တန်ဖိုး ၏ ၁၂၀ ရာခိုင်နှုန်း ကို ကုန်သွယ် လုပ်ငန်းခွန် အဖြစ် ကောက်ခံမည် ဖြစ်သည်။

ယခင်က စီးကရက်အပေါ် အခွန်ကောက်ခံရာ၌ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက် ဥပဒေ အရ ၁၀၀ ရာခိုင်နှုန်း ဖြင့် ကောက်ခံရန် ပြဋ္ဌာန်းထား ခဲ့သော်လည်း လက်ရှိ ဘဏ္ဍာနှစ် အတွက် ပြည်တွင်းထုတ် နှင့် ပြည်ပမှ တင်သွင်း သည့် စီးကရက် အားလုံး အပေါ် ၁၂၀ ရာခိုင်နှုန်း အဖြစ် သတ်မှတ် ကောက်ခံ နေသည် ဟုသိရသည်။

ပြည်တွင်းထုတ် အရက် အမျိုးမျိုး အပေါ်တွင်လည်း ဈေးနှုန်းအလွှာလိုက် ကောက်ခံမည် ဖြစ်ရာ တစ်လီတာ တန်ဖိုးကျပ် ၅၀၀ အထိ ရှိသော အရက်များ အတွက် တစ်လီတာလျှင် ၆၆ ကျပ်နှုန်း၊ တစ်လီတာ ၅၀၁ ကျပ်မှ ၁,၀၀၀ အထိ ရှိသော အရက်များ အတွက် ၁၉၇ ကျပ်နှုန်း၊ တစ်လီတာ ၁,၀၀၁ ကျပ်မှ ၂,၀၀၀ အထိ ရှိသော အရက်များ အတွက် ၃၉၄ ကျပ်နှုန်း၊ တစ်လီတာ၂,၀၀၁ ကျပ် မှ ၃,၀၀၀ အထိ အရက်များ အတွက် ၆၅၆ ကျပ်နှုန်း၊ တစ်လီတာ ၃,၀၀၁ ကျပ်မှ ၄,၀၀၀ အထိ ရှိသော အရက်များ အတွက် ၉၁၉ ကျပ်နှုန်း၊ တစ်လီတာ ၄,၀၀၁ ကျပ်မှ ၅,၀၀၀ အထိ ရှိသော အရက်များ အတွက် ၁,၁၈၁ ကျပ်နှုန်း၊ တစ်လီတာ ၅,၀၀၁ ကျပ်မှ ၇,၀၀၀ အထိ ရှိသော အရက်များ အတွက် ၁,၅၇၅ ကျပ်နှုန်း၊ တစ်လီတာ ၇,၀၀၁ ကျပ်မှ ၁၀,၀၀၀ အထိ ရှိသော အရက်များ အတွက် ၂,၂၃၁ ကျပ်နှုန်း၊ တစ်လီတာ ၁၀,၀၀၁ ကျပ်နှင့် အထက်ရှိသော အရက်များ အတွက် တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း ကောက်ခံရန် သတ်မှတ်ထားပြီး ပြည်ပမှ တင်သွင်းလာသော အရက် အမျိုးမျိုး အတွက်လည်း ကုန်းပေါ်ရောက် တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း ကောက်ခံ ရန် သတ်မှတ်ထားသည်။

၂၀၁၅ ခုနှစ် အခွန် အကောက် ဥပဒေ အရ ယခုနှစ် အတွင်း ကောက်ခံ လျက်ရှိသော အခွန် ကောက်ခံသည့် ပုံစံမှာမူ ထိုကဲ့သို့ မဟုတ်ဘဲ ပြည်တွင်းထုတ် အရက်နှင့် ပြည်ပမှ တင်သွင်း သည့် အရက် အမျိုးအစား အားလုံး အပေါ် ၆၀ ရာခိုင်နှုန်းဖြင့် သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းဖြင့် ပြဋ္ဌာန်း ကောက်ခံ ခဲ့သည်။ ဘီယာ အမျိုးမျိုးပေါ်မှ ကောက်ခံ သည့် အခွန်နှုန်းများကိုမူ ၆၀ ရာခိုင်နှုန်း သတ်မှတ်ထား သကဲ့သို့ ၀ိုင်အမျိုးမျိုးပေါ်မှ ကောက်ခံသည့် အခွန်နှုန်း ထားမှာလည်း ပြောင်းလဲခြင်း မရှိဘဲ ၅၀ ရာခိုင်နှုန်းသာ ပြဋ္ဌာန်း ထားသည်။

ရေးဆွဲ တင်ပြထားသော ဥပဒေ(မူကြမ်း) အရ လက်ရှိ ကျင့်သုံး လျက်ရှိသည့် ၂၀၁၅ ခုနှစ် အခွန် ဥပဒေထက် အခွန်ငွေကျပ် ၂၆၉ ဒသမ ၉၅၄ ဘီလျံ ပိုမိုရရှိရန် လျာထားကြောင်း တွေ့ ရသည်။ယခုနှစ် အတွက် လျာထားငွေမှာ ကျပ် ၅,၉၄၈ ဒသမ ၃၇၅ ဘီလျံ ဖြစ်ပြီး လာမည့်နှစ် အတွက်ကိုမူ ကျပ် ၆,၂၁၈ ဒသမ ၃၂၉ ဘီလျံ ရရှိရန် လျာထားခြင်း ဖြစ်သည်။ (By ထူးသန့်)

昆明信息港-彩云桥 记者文丽荣 据缅甸时光报消息,缅甸财政部部长吴温欣在缅甸联邦议会上表示,自2016年4月起,将按照新的税率征收缅甸国产烟酒贸易税。

吴温欣表示,“根据财政部向议会提交的联邦税法(草案),为了减少市场上对人们的身体健康及行为有危害的烟酒类等商品,减少人们对烟酒的需求量,抑制商品生产者、零售商、批发商以及消费者逃税。2016年起,缅甸将根据市场上销售的烟酒数量来征收烟酒贸易税。”

缅甸国产香烟(规格:20只/包)

烟酒税1

此外,外国进口香烟按120%征收贸易税。

据悉,2014年缅甸联邦税法规定缅甸烟酒按100%征收贸易税,但在本财政年(2015.04 - 2016.03),国产及进口香烟全部按120%征收贸易税。

缅甸国产酒:也按价格表来收取贸易税。

烟酒税2

此外,国产酒每升超过10001的按60%收取贸易税;国外进口酒也按60%来收取。

本财政年(2015.4 - 2016.3)征收的所有酒贸易税,除葡萄酒按照50%来征收以外,其他都不按2015年税法规定的50%来征收,而是按60%来征收。

本财年的税收额,如果按照此前提交的2016年税法草案来征收,将比按照2015年税法征收的税额多2699.54亿缅币。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်