ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားကောင်းတဲ့ အရံဟင်း ရှားစောင်းခါးကြော်

2015-12-24 17:38|မန်မာတိုင်းမ်

炒仙人掌

ဒီနေ့မှာ ရှားစောင်းခါးကြော်ကို ပြောပြတယ်။ အရသာခါးသက်သက်လေးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားကောင်းတဲ့ အရံဟင်းတစ်ခွက် ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

· ရှားစောင်းခါး အစိတ်သား

· ပုစွန်ခြောက် ထမင်းစားဇွန်း ၃ ဇွန်း

· ငရုတ်သီးခွဲခြမ်း ထမင်းစားဇွန်း ၁ ဇွန်း

· ဆားနဲ့ ဟင်းခတ်မှုန့် အနည်းငယ်

· ငါးပိနဲ့ ဆီ အနည်းငယ်

· ကြက်သွန်ဖြူ ၄ မြွှာ

· ကြက်သွန်နီ ၂ လုံး

ပြင်ဆင်ပုံ

ရှားစောင်းခါးတွေကို ထုပါ။

ထုပြီးတဲ့အခါ အရွယ်တော် ပိုင်းဖြတ်ပါ။

ပြီးတဲ့အခါ ရေဆေးပြီး အရည်ညှစ်ထုတ်ပစ်ပါ။

အားလုံး လုပ်ပြီးပြီဆိုရင် ကြက်သွန်ဖြူ၊နီနဲ့ ငရုတ်သီးခွဲခြမ်းကို ဆီသတ်ပါ။

ကြက်သွန်ကျက်ပြီး အနံ့မွှေးလာပြီဆိုရင် ပုစွန်ခြောက်မှုန့်နဲ့ ငါးပိထည့်မွှေပါ။

နှံ့သွားပြီဆိုရင် ရှားစောင်းခါးတွေ ထည့်ချက်ပါ။

ဆားနဲ့ ဟင်းခတ်မှုန့် ထည့်ပါ။

ရှားစောင်းခါးတွေ နွမ်းလာပြီဆိုရင် အပေါ့အငန် မြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်တယ်ဆိုရင်
မီးပိတ်လို့ရပါတယ်။ (By ဗေဒါရီ)
 

炒仙人掌

昆明信息港-彩云桥 记者袁思思 今天要教大家做的是炒仙人掌。大家一定会很好奇,仙人掌作为一种观赏植物,怎么能拿来食用呢?其实,仙人掌分为可食用仙人掌和观赏性仙人掌,可食用仙人掌和普通的蔬菜一样,也能被作成美味的菜肴。可食用仙人掌有促进新陈代谢,提高人体免疫力,增强肝功能、胰脏功能等的功效,下面是炒仙人掌的具体做法:

材料:

仙人掌、干虾米、红椒丝、盐、五香粉、鱼虾酱、食用油、蒜、洋葱

做法:

1、将仙人掌去刺洗净后切成丝;红辣椒、蒜、洋葱姜洗净切成丝;

2、坐锅点火放入油,油四成热时倒入蒜和洋葱,炒出香味后,放入干虾米和鱼虾酱,继续翻炒;

3、炒至香味溢出后,放入仙人掌翻炒,待仙人掌软后,放入盐、五香粉,翻炒均匀后出锅即可。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်