ပထမဦးဆုံး အများပိုင် တောင်သူလယ်သမားဘဏ်အား ပုသိမ်မြို့တွင် စတင်ဖွင့်လှစ်

2015-12-07 15:42|မြန်မာတိုင်းမ်

ဧရာဝတီတိုင်းဒေသကြီး အတွင်း ရှိ တောင်သူလယ်သမားများ အတွက် ချေးငွေ ပံ့ပိုးပေးနိုင် ရန် ဧရာဝတီ တောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ် (A Bank) ကို အများပိုင်ဘဏ် အဖြစ် နိုဝင်ဘာလ ၂၇ ရက်နေ့က ပုသိမ်မြို့တွင် ဖွင့်လှစ် ခဲ့သည်။

ဘဏ်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ဧရာဟင်္သာကုမ္ပဏီများ အုပ်စု အပါအ၀င် မိတ်ဖက် စီးပွားရေး လုပ်ငန်းရှင် ၁၅ ဦး တို့ ၏ အစုရှယ်ယာ ထည့်ဝင်မှုဖြင့် ဖွဲ့စည်း တည်ထောင်လိုက်ခြင်း ဖြစ်သည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး အတွက် လယ်သမား များတွင် ရှိသော လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် ပုံစံ (၇) ကို ခိုင်မာအောင် လုပ်ကာ ဘဏ်တွင် အပေါင်ခံထား၍ ငွေထုတ်ချေးမည် ဖြစ်သည်။ ဆန်စက်ပိုင်ရှင်များ နှင့် ပြည်ပ ပို့ကုန် လုပ်ငန်းရှင်များ ကုန်တင်ပို့ချိန်တွင် ငွေလိုအပ် ပါကလည်း ငွေထုတ်ချေးမည် ဖြစ်ကြောင်း ဘဏ်ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်က ပြောသည်။

ဒုတိယ အနေဖြင့် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် တိုင်းဒေသကြီး အတွင်း စက်မှုဇုန်များ အကောင်အထည်ဖော် ပြီး ပါက ချေးငွေ ပံ့ပိုးသွားမည် ဖြစ်သည်။ တတိယ အနေဖြင့် ရော်ဘာ၊ ခရီးသွားလုပ်ငန်း၊ သားငါး၊ အဆောက်အအုံ စသည့်ကဏ္ဍများ အတွက် လည်း တိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန် ချေးငွေ ပေးရန် ရှိကြောင်း ၎င်းက ပြောသည်။ သို့သော် အများပိုင်ဘဏ် ဖြစ်သောကြောင့် ဘဏ် အကျိုးအမြတ်ကို လည်း ထည့်သွင်း စဉ်းစားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ "အများပြည်သူကို ရှယ်ယာ ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ရောင်းချပြီး သွားရင် နောက် ဖြစ်ပေါ်လာမယ့် စီးပွားကဏ္ဍ တွေ မှာလည်း တစ်ဖက်တစ်လမ်း ကနေ အထောက်အပံ့ ပေးနိုင်တဲ့ ဘဏ် တစ်ခု အဖြစ် ဟန်ချက် ညီညီ ကြိုးစား လုပ်ဆောင် သွားမယ်" ဟု ဦးဇော်ဝင်းရှိန်က ပြောသည်။

ချေးငွေ အပေါ် ရယူသော အတိုးနှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် သတ်မှတ်ထား သည့်အတိုင်း ၁၃ ရာခိုင်နှုန်းဖြင့် ချေးမည် ဖြစ်သည်။ ချေးငွေအချိုးကို လည်း ဗဟိုဘဏ်က သတ်မှတ် သည့်အတိုင်း အပ်ငွေ ပမာဏပေါ် မူတည်၍ ထုတ်ချေးမည် ဖြစ်သလို ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပြည်ပ ချေးငွေ ရှာဖွေ သွားမည် ဖြစ်ကြောင်း ဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

"ကျွန်တော်တို့ဘဏ်က နိုင်ငံခြား ကနေ ချေးမယ်။ ပြီးရင် ဒီမှာရှိတဲ့ တောင်သူ      လယ်သမားတွေ၊ ဆိပ်ကမ်း တည်ဆောက်တဲ့သူတွေ၊ ဟိုတယ်လုပ်ငန်း လုပ်တဲ့ သူတွေ၊ ဆောက်လုပ်ရေး လုပ်တဲ့သူတွေကို ပြန်လည် ချေးပေး သွားမယ်" ဟု ၎င်းက ပြောသည်။ ဘဏ် စတင်ချိန် ကနဦးကာလတွင် အချိန် ယူရ ဦးမည် ဖြစ်သော်လည်း ၂၀၁၆ ခုနှစ်တွင် ခိုင်မာသော ၀န်ဆောင်မှုများ ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ (By ချမ်းမြထွေး)

昆明信息港-彩云桥 记者文丽荣 11月27日,缅甸农民发展银行在勃生市开业,该银行属于国有银行,向伊洛瓦底省的农民们提供贷款。

据农民发展银行行长吴佐温鑫介绍,该银行是由包括伊洛瓦底省政府与伊洛欣达公司的15位合作企业家共同出资入股成立的。农民、米厂老板、国外出口商都可以向银行贷款。

此外,农民发展银行还能为伊洛瓦底江省工业园区的建造,橡胶业、旅游业、渔业、房产业等领域的发展提供贷款,从而推动伊洛瓦底江省的工业、手工业、旅游业等的发展。但是,由于该银行属于国有银行,因此,也要将银行的盈利问题考虑在内。吴佐温鑫表示,“银行会出售股票,并且努力为各个经济领域的发展提供资金保障。”

银行副行长吴耶敏昂指出,“贷款利息将按照缅甸中央银行规定的13%来收取,贷款额度也将依照中央银行规定的额度来发放。此外,我们还会与国外有关组织建立联系,寻求贷款方。”

据介绍,农民银行将会向国外银行借款,然后再将其贷款给伊洛瓦底省的农民、建港口的人、从事酒店业和建筑业的人。吴耶敏昂说到,“虽然银行在成立初期需要花费大量的时间,但是,相信到2016年,将能够为大家提供稳固的服务。”

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်