အောက်တိုဘာ လကုန်အထိ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ဒေသများသို့ နိုင်ငံခြားဧည့်အ၀င် တစ်သိန်းကျော် ဝင်ရောက်ခဲ့
2015-11-30 08:53|
တောင်ကြီးမြို့ မြင်ကွင်း။
၂၀၁၅ အောက်တိုဘာ လကုန်အထိ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ခရီးစဉ်ဒေသများသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်သိန်းကျော် ၀င်ရောက်ခဲ့ပြီး ယမန်နှစ် ကထက် ခရီးသည်အ၀င် မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ အင်းလေး၊ ကလော နှင့် ပင်းတယ ခရီးစဉ်များသည် သဘာဝရှုခင်းများနှင့် တိုင်းရင်း သားလူမျိုးများ၏ ရိုးရာဓလေ့များ လေ့လာနိုင်သည့် အတွက် တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်မှု တိုးတက်လာ ကြောင်း ဖော်ပြထားသည်။
‘‘လက်ရှိ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ လာပြီးလည်ပတ်တတ်တဲ့ ခရီးစဉ်တွေထဲမှာ ရှမ်းပြည်နယ်က အလှဆုံးဖြစ်တဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ခရီးသည် ၀င်ရောက်မှုက တိုးတက် နေပါတယ်။ နောက်မှာလည်း အခုထက် တိုးတက်လာမယ်လို့ ခန့်မှန်း ထားကြပါတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။
ရှမ်းပြည်နယ်သည် မြန်မာ နိုင်ငံ၌ ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံး တိုင်းရင်းသား ခရီးသွားဒေသ အဖြစ် ရပ်တည်နေပြီး ဟိုတယ်လုပ် ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကာ တောင်ကြီး၊ အင်းလေးနှင့် အနီးတစ်ဝိုက်ဒေသများတွင် ပါ ဟိုတယ်သစ်များ တိုးချဲ့တည် ဆောက်သွားရန် စီစဉ်နေသည်ဟု သိရသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ရှမ်းပြည်နယ်တောင်ပိုင်းသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် များ လာရောက်လည်ပတ်မှုမှာ ၂၀၁၂ တွင် ၆၈,၁၉၂ ဦး၊ ၂၀၁၃ တွင် ၁၀၇,၆၀၆ ဦး၊ ၂၀၁၄ တွင် ၁၃၄,၀၉၃ ဦးနှင့် ၂၀၁၅ တွင် အောက်တိုဘာလကုန်ထိ ၁၀၈,၅၅၄ ဦး ၀င်ရောက်ခဲ့ကြောင်း စာရင်းဇယားများက ဖော်ပြထားသည်။ (By နိုင်လင်းအောင်)
俯瞰东枝。
昆明信息港-彩云桥 记者袁思思 据缅甸酒店和旅游部的数据报告显示,截至2015年10月底,到掸邦南部各个旅游景区游玩的外国游客数量已超10万,比去年有所增长。
由于掸邦南部的东枝、茵莱、格劳和彬德亚景区拥有优美的自然风光和少数民族传统习俗,游客在感受风景的同时还可以了解少数民族风俗习惯,因此,到这些景区游玩的游客在逐年增加。
自然梦旅游业总经理杜伞贝澳介绍,“目前,外国游客前往的旅游景区中,掸邦各个景区的风景是最美的,到此游玩的游客数量也在逐年增长,预计以后还会增长。”
掸邦是缅甸旅游景区开发程度最好的少数民族地区,许多商人都想到这里投资兴业,目前正计划在东枝、茵莱及其附近景区建造酒店。
据悉,2012年,到掸邦南部游玩的外国游客数量为68192人;2013年,达107606人次;2014年为134093人;截至2015年10月底,为108554人。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့