ကူမင်းခရီးစဉ် စတင်တော့မည့် အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း
2015-11-30 15:25|
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းသည် ဒီဇင်ဘာလကုန်မှ စတင်ကာ ရန်ကုန်-မန္တလေး-ကူမင်း ခရီးစဉ်ပျံသန်းပေးတော့မည်ဟုလေကြောင်းလိုင်း လက်ထောက် အထွေထွေ မန်နေဂျာ ဒေါ်အေးမရသာကမြန်မာတိုင်း(မ်)ကိုပြောသည်။
"မြန်မာနိုင်ငံကို လာမယ့် တစ်ဖက်နိုင်ငံ က ဧည့်သည်တွေကို အဓိကထားပြီးပြေးဆွဲတာပါ။ မြန်မာဘက်က ကုန်သည် အများစု ကလည်း ဒီခရီးစဉ်ကို စိတ်ဝင်စားကြပါတယ်" ဟု ၎င်းက ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်းသည် ရန်ကုန်-မန္တလေး-ကူမင်းခရီးစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ တစ်ပတ်သုံးရက်ပြေးဆွဲပေးမည်ဖြစ်သည်။ ၎င်းခရီးစဉ်ကို ၁၉၉၃ မှ ၉၅ ခုနှစ်အထိ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှ ပြေးဆွဲပေးခဲ့ဖူး သော်လည်း ခရီးသည်အရေတွက်နည်းနေ သောကြောင့် ယခုမှ ပြန်လည်ပြေးဆွဲပေးခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။ "လက်မှတ်နှုန်းထားတွေက မသိရသေးပါ ဘူး။ အားလုံး အဆင်ပြေတဲ့ဈေးနှုန်းထားတွေ နဲ့ပြေးဆွဲပေးမှာပါ။ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ လကုန်မှာ အင်္ဂါ၊ ကြာသပတေး၊သောကြာ၊ တနင်္ဂနွေ တစ်ပတ်လေးရက် ရန်ကုန်တိုင်ပေ ခရီးစဉ်သစ် တိုးချဲ့ ဖို့ရည်ရွယ်ထားပါတယ်" ဟုဒေါ်အေးမရသာက ပြောသည်။
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်းသည် ယခုလက်ရှိတွင် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလန်ပူ၊ ဗုဒ္ဓဂယာနှင့် ကွမ်ကျိုး လေဆိပ်များသို့ အဲဘတ်စ် လေယာဉ် လေးစင်း ဖြင့် ပျံသန်းပေးနေကြောင်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလကုန်အထိ ရန်ကုန်မြို့သို့ နိုင်ငံခြားခရီးသွားဧည့်သည်တစ်သန်းကျော် ၀င်ရောက်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က မြန်မာတိုင်း(မ်)ကို ပြောသည်။ "လေဆိပ်နဲ့နိုင်ငံခြားအပျော်စီးသင်္ဘောမှ ၀င်ရောက်တဲ့ စာရင်းတွေအရ တစ်သန်းကျော်သွားပါပြီ။
တစ်နိုင်ငံလုံး အတိုင်းအတာအနေ နဲ့ဆိုလျှင် ၃ ဒသမ ၇၈ သန်းအထိရရှိနေပါပြီ" ဟု ၎င်းကပြောသည်။ သို့သော်လည်း ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်းရှင်ကုမ္ပဏီများ၏ ဧည့်သည်ရရှိမှုမှာ ပြီးခဲ့သည့်နှစ်ထက် သိသိသာသာ ကျဆင်းနေ လျက်ရှိပြီး ရာခိုင်နှုန်း အားဖြင့် ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းနေကြောင်း သိရသည်။
"အွန်လိုင်းကတစ်ဆင့် လာရောက်တဲ့ တစ်ဦးချင်း ခရီးသွားတွေ များလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက ခရီး သွား ကုမ္ပဏီတွေ တိုးလာတာကြောင့်ကုမ္ပဏီ တစ်ခုချင်းစီအလိုက် နည်းသွားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၄ မှာ မှတ်ပုံတင်ပြီး ခရီးသွားကုမ္ပဏီ ၁,၆၀၀ ကျော်ရှိရာမှာ လက်ရှိတွင် ၁,၉၂၃ ခု ရှိနေပါပြီ။ ၀န်ကြီးဌာနအနေနဲ့ နှစ်ကုန်မှာ ဧည့်သည် လေးသန်းခွဲကျော်အထိ ၀င်ရောက် နိုင်မယ်လို့ ခန့်မှန်းထားပါတယ်"ဟု ဦးမျိုးဝင်းညွန့်က ပြောသည်။ (By အိအိသူ)
昆明信息港-彩云桥 记者袁思思 据《缅甸时光报》报道,缅甸国际航空公司将于12月底开通仰光—曼德勒—昆明航线,执飞时间为每周一、周三、周五。
缅甸国际航空公司有关负责人杜埃玛亚达表示,“现在还不知道机票价格,但是,我们一定会给大家一个最合适的票价。” 航线开通后,将能吸引更多的中国游客到缅甸旅游,同时,大部分缅甸商人对这条航线的开通很感兴趣,他们的的出行也将多一种选择。
该条航线曾经于1993年至1995年由缅甸国际航空公司执飞,但由于旅客数量较少,因此被取消。
据介绍,目前,缅甸国际航空公司采用4架空客飞机执飞曼谷、新加坡、科伦坡、布达葛雅和广州。此外, 缅甸国际航空公司计划于2016年11月底增开仰光至台北航线,执飞时间为每周二、周四、周日。
缅甸饭店和旅游部主任吴苗温纽表示,据出入仰光机场和乘坐观光游轮的旅客数量统计可知,截至10月底,到仰光旅游的外国游客人数超过100万。从全缅甸范围来看,到缅甸旅游的外国游客数量已达378万。
吴苗温纽补充说到,“现在,通过网上订票的人越来越多了,旅行社的数量也在不断增加,大家选择也更多了。据统计,2014年新登记注册的旅行社共有1600多家,截至目前,全国共有1923家旅行社。缅甸饭店和旅游部预计今年年底将有450万游客入缅。”
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
