တစ်နိုင်ငံလုံးတွင် စက်သုံးဆီအရောင်းဆိုင် ၁,၆၀၀ ကျော် ဖွင့်ခွင့်ပြုထား မန္တလေးတိုင်းတွင် အများဆုံးရှိ

2015-11-19 09:46|၇ရက်နေ့စဉ်သတင်းစာ

缅甸加油站

ပုဂ္ဂလိက စက်သုံးဆီဆိုင်တစ်ခု

မန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီ အရောင်းဆိုင် ၁,၆၆၉ ဆိုင် ဖွင့်လှစ်ခွင့်ပြုထားပြီး မန္တ လေးတိုင်းဒေသကြီးတွင် အများ ဆုံးခွင့်ပြုပေးထားကြောင်း သတင်း ရရှိ သည်။

မြန်မာ့ရေနံထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် စွမ်းအင်ဝန်ကြီးဌာန ၏ မြန်မာ့ ရေနံ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို၂၀၁၀ ဇွန်လမှ စတင်ကာ လွတ်လပ် စွာ လုပ်ကိုင်ခွင့် ပြုခဲ့သည်။

စက်သုံးဆီ အရောင်းဆိုင် ၁၆၆၅ ဆိုင်နှင့် စက်သုံးဆီ သို လှောင်ကန်စခန်း ခြောက်ခုအား စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့်လိုင်စင်ကို လည်းကောင်း၊ ရေယာဉ် ၁၄ စီးသို့ စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ကိုလည်းကောင်း၊ Pioneer Aero-drome Service Co.,Ltd သို့ လေယာဉ်ဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို လည်းကောင်း စိစစ် ခွင့်ပြု ထုတ်ပေးခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးမင်းမင်းဦးက ပြော သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလိုက် စက်သုံးဆီတိုက်ရိုက်ဖြန့် ဖြူးရောင်းချခွင့်လိုင်စင် ထုတ်ပေး မှုအခြေအနေ များအရ နေပြည် တော်တွင် ပုဂ္ဂလိကပိုင် ၅၇ ဆိုင်၊ ရန်ကုန်တိုင်း တွင် ပုဂ္ဂလိကပိုင် ၁၃၂ ဆိုင်၊ မန္တလေးတိုင်း တွင် ၄၀၄ ဆိုင်၊ ဧရာဝတီတိုင်း ၁၉၆ ဆိုင်၊ ပဲခူးတိုင်း ၁၉၂ ဆိုင်၊ စစ်ကိုင်းတိုင်း ၁၀၁ ဆိုင်၊ မကွေးတိုင်း ၉၇ ဆိုင်၊ တနင်္သာရီတိုင်း ၁၄ ဆိုင်၊ ကချင်ပြည်နယ် ၆၃ ဆိုင်၊ ကယား ၁၁ ဆိုင်၊ ကရင်၂၃ဆိုင်၊ ချင်းတစ်ဆိုင်၊ မွန် ၇၇ ဆိုင်၊ ရခိုင် ၂၈ ဆိုင်နှင့် ရှမ်းပြည်နယ်တွင် ပုဂ္ဂလိကပိုင် ၂၇၃ ဆိုင်ခွင့်ပြုပေး ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါ ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင်ထုတ်ပေးမှုတွင် နိုင် ငံပိုင်အဖြစ် သီးသန့် ၁၂ ဆိုင်ပါ ဝင်သည်။

‘‘ကျွန်တော်တို့ လက်ရှိစက် သုံးဆီအရောင်းဆိုင်တွေကို တစ် နိုင်ငံလုံး အတိုင်းအတာနဲ့ ၁,၆၆၅ ဆိုင်လို့ပဲ ဖော်ပြထားပါတယ်။ ထပ်ပြီးတော့လည်း လိုင်စင်တွေ လျှောက်ထားတာ ရှိပါတယ်။ အဲဒါတွေကိုလည်း လုပ်ထုံး လုပ်နည်းနဲ့အညီ ခွင့်ပြုပေးသွားမှာဖြစ်ပါ တယ်။ ဆိုင်ဘယ်နှဆိုင်အထိ ခွင့်ပြုမလဲဆိုတာကတော့ ဈေးကွက် လိုအပ်ချက်အရ လိုအပ် ချက်ရှိသ လောက် ကျွန်တော်တို့က ပေး သွားမှာဖြစ်ပါတယ်’’ ဟု စွမ်းအင် ဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ပြောသည်။

ထို့အပြင် ပြည်ပမှ စက်ဆီ ချောဆီ တင်သွင်းခွင့်နှင့် ပတ် သက်၍ Brand Name အသစ် တင်သွင်းမည် ဆိုပါက ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် စွမ်း အင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံ ထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းသို့ ဦးစွာ တင်ပြရန် လိုအပ် ကြောင်း သိရသည်။

ယနေ့အထိ ဝန်ကြီးဌာနသို့ ကုမ္ပဏီ ၂၅၈ ခုမှ Brand Name ၂၈၉ ခုအား ခွင့်ပြုပေးထား ကြောင်း သတင်း ထုတ်ပြန်ထား သည်။ (By ပိုင်စိုးသူ၊ ရဲနိုင်)

缅甸加油站

私人加油站

昆明信息港-彩云桥 记者文丽荣 据悉,目前缅甸全国范围内,获批开设的加油站已有1669家,其中以曼德勒省内开设的加油站最多。

为促进石油产品销售行业的发展与增长,缅甸能源部于2010年6月开始,允许民营企业经营燃油销售行业。

缅甸能源部秘书助理吴敏敏乌介绍,“我们已经批准开设1669家加油站,颁发燃油储存销售牌照予燃油储存基地6个,下发燃油销售牌照予14艘加油船,批准 Pioneer Aero-drome Service Co.,ltd经营航空燃油牌照。”

“到目前为止,在缅甸全国范围内,我们已经批准开设了1600多家加油站。现在还有加油站正在申请中。只要符合要求,我们都会颁发开店执照。总共要批准多少家,将根据市场需求而定,如果市场不饱和的话,我们会批准开设更多新的加油站。”缅甸能源部部长吴敏梭说道。

此外,私营企业主如果要从国外进口新品牌的燃油,需要提前向缅甸能源部及缅甸石油产品销售行业相关部门申请。现在共有258个公司已经向能源部申请了289个燃油新品牌,并且都得到了批准。

据缅甸能源部介绍,缅甸以省和邦为单位,颁发燃油销售牌照。在1669家加油站中,内比都民营加油站57家,仰光省民营加油站132家,曼德勒省404家,伊洛瓦底省196家,勃固省192家,实皆省101家,马圭省97家,德林达依省14家,克钦邦63家,克耶邦11家,克伦邦23家,钦邦1家,孟邦77家,若开邦28家,掸邦273家。此外,还有12家国有加油站。

အယ်ဒီတာ: မိုးဦသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်