ဆီဒိုးနားဟိုတယ်၏ Inya Wing တာဝါသစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်

2015-10-16 18:18|၇ရက်နေ့စဉ်သတင်စာ

喜多娜酒店-1

အသစ်ဖွင့်လှစ်ထားသော Inya Wing တာဝါသစ်ကို ယခင်အဆောက်အအုံနှင့်အတူ တွေ့ရစဉ်

ကြယ်ငါးပွင့်အဆင့်ရှိ ဆီဒိုးနားဟိုတယ် Inya Wing တာဝါသစ်ကို အောက်တိုဘာ ၁ ရက်က စတင် ဖွင့်လှစ် ခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန် ဒေါ်လာ သန်း ၈၀ ရင်းနှီးမြှုပ်နှံထားသော Inya Wing တာဝါကို ၂၀၁၃နှစ်လယ်ခန့်က စတင် တည်ဆောက်ခဲ့သည်။ ၂၉ထပ်မြင့်ပြီး အခန်းပေါင်း ၄၃၁ ခန်းပါဝင်ကာ ပင်မဆီဒိုးနားဟိုတယ်နှင့် ချိတ်ဆက် ထားသည့် ဒီဇိုင်းဖြင့် တည်ဆောက်ထားသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း ပေါ်ရောက်နေချိန်တွင် Kappel Land ကဲ့သို့ နိုင်ငံတကာ ဦးဆောင်ကုမ္ပဏီများ က ဟိုတယ်လုပ်ငန်း၏ တည်ခင်း ဧည့်ခံမှုဆိုင်ရာဝန်ဆောင်မှုများ အဆင့်မြှင့်တင် တိုးချဲ့မှုကြောင့် ကမ္ဘာ လှည့်ခရီးသည် တိုးတက်လာမှု နှင့်အညီ အားရ ကျေနပ်မိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ပြည်ထောင်စု ၀န်ကြီး ဦးဌေးအောင်က Inya Wing တာဝါဖွင့်ပွဲ၌ ပြော ကြားခဲ့သည်။

Inya Wing တာဝါတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် ၀န်ဆောင်မှုများ ပါဝင်မည် ဖြစ်ပြီး အားကစားခန်းမ၊ ချွေးထုတ်ခန်း၊ ရေကူးကန်၊ တင်းနစ်ကွင်းနှင့် တစ်နေ့လုံး ဖွင့်လှစ်ပေးထားမည့် စားသောက်ဆိုင်စသည်တို့ ပါရှိ သည်။

လက်ရှိ ၀န်ဆောင်မှု ပေးနေသည့် ပင်မဆီဒိုးနားဟိုတယ်တွင် အခန်းပေါင်း ၃၆၆ ခန်း ပါဝင်ပြီး တာဝါအသစ် ဖြစ်သည့် Inya Wing နှင့် ချိတ်ဆက်ထား၍ ၀န်ဆောင်မှုများ တိုးချဲ့ပေးနိုင်မည်ဟု ဆီဒိုးနားဟိုတယ်၏ ဦးဆောင် ကုမ္ပဏီ Kappel Land မှ သတင်းရရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ၂၀၁၅ သြဂုတ်လဆန်း အထိ နိုင်ငံ တစ်ဝန်းတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၁,၂၁၆ လုံးအထိ လိုင်စင်ထုတ်ပေး ထားကြောင်း သတင်းရရှိ သည်။ (By နိုင်လင်းအောင်)

45340.jpg

位于喜多娜酒店旁的新开业的茵雅之翼大厦

昆明信息港-彩云桥 记者袁思思 缅甸五星级酒店——喜多娜酒店茵雅之翼大厦已于10月1日正式开业运营。

投资8亿美元的茵雅之翼大厦于2013年年中开工建设,大厦共有29层,431个房间,该大厦建筑风格沿用的是喜多娜酒店的风格。

缅甸饭店和旅游部部长吴特敖在茵雅之翼大厦开业典礼上表示,缅甸现在正处于发展时期,像吉宝置业这样的世界领先企业,因其在酒店服务方面拥有较高的水平,获得了国际旅游者的好评。

茵雅之翼大厦实行国际级酒店服务管理制度,内设有体育馆、汗蒸室、游泳馆、网球馆以及全天开放的餐厅。

据喜多娜酒店的运营管理方—吉宝置业表示,喜多娜酒店以及新开业的茵雅之翼大厦将同时运营,喜多娜酒店共有366间房间。

缅甸饭店和旅游部部长公布的数据可知,截止2015年8月初,饭店和旅游部为缅甸1216家酒店和旅馆颁发了营业执照。

相关链接:

吉宝置业(KEPPEL LAND)是新加坡最大的跨国企业吉宝集团旗下房地产上市公司之一。作为高品质住房的开发商,吉宝集团核心业务还包括岸外与海事、基础建设等业务。缅甸全国范围内的喜多娜酒店均为吉宝置业的产业。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်