ပထမဆုံးဆင်နွှဲခဲ့သော ကမ္ဘာ့တိရစ္ဆာန်များနေ့
2015-10-04 15:45|
ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနားသို့ တက်ရောက်လာသော ကလေးငယ်များ
ရန်ကုန်မြို့၏ အထင်ကရ နေရာဖြစ်သည့် ကန်တော်ကြီး မျှော်စင်ကျွန်းထဲ၌ ဆင်တူအင်္ကျီများ ၀တ်ဆင်ထားသော တိရစ္ဆာန်ချစ်သူများက တောရိုင်းတိရစ္ဆာန်လေးများကို သတ်ဖြတ်ခြင်းမပြုရန် တိုက်တွန်းထားသည့် အသိပညာပေးဆိုင်းဘုတ်များအနီးတွင် စုဝေးနေကြသည်။
ဆင်များ မသတ်ဖြတ်ရေး၊ ငါးမန်းတောင်များ အသုံးမပြုရေး စသည့် တိရစ္ဆာန်အစိတ်အပိုင်းပစ္စည်းများ မသုံးစွဲရေး ဆောင်ပုဒ်များကို ကလေးငယ်အချို့က ကိုင်ဆောင်ထားကြသည်။
ထို့အတူ အိမ်မွေးတိရစ္ဆာန် ချစ်သူများကလည်း ချစ်စရာအိမ်မွေးခွေးကလေးများကို ကိုယ်စီ ခေါ်ဆောင်ကာ ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ဆင်နွှဲရန် စိတ်အားထက် သန်နေကြသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့သည် တိရစ္ဆာန်အားလုံးနှင့် သက်ဆိုင် သော်လည်း ကမ္ဘာတွင်ရော မြန်မာနိုင်ငံတွင်ပါ ရှားပါးစပြုနေ သည့် ဆင်နှင့်ကြံ့တို့နှင့် ပတ်သက်သော လှုပ်ရှားမှုကို အဓိကထားပြုလုပ်ခဲ့သည်။
အထူးသဖြင့် ဆင်များသည် အစွယ်ကြောင့် သတ်ဖြတ်ခံနေရသည့်အတွက် ဆင်စွယ်ပစ္စည်း များ မသုံးစွဲရေး၊ ဆင်များ သတ်ဖြတ်ခြင်း မပြုရေးတို့အတွက် ပညာပေးမှုများ ပြုလုပ်လျက်ရှိကြသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့သည် အောက်တိုဘာ ၄ ရက်တွင် ကျရောက်သော်လည်း ကမ္ဘာနှင့် တစ်ဝန်းတွင် အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့၌ ကျင်းပ လျက်ရှိသည်။
အောက်တိုဘာ ၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့တိရစ္ဆာန်များနေ့ကို နိုင်ငံအနှံ့အပြား၌ နှစ် စဉ်ပြုလုပ်လျက်ရှိရာ ထိုင်းနိုင်ငံ အခြေစိုက် ဆင်ထိန်းသိမ်းရေး အဖွဲ့အစည်း (Save Elephant Foundation)၏ ပံ့ပိုးမှုဖြင့် မြန်မာ နိုင်ငံကလည်း ယခုနှစ်တွင် အခြား နိုင်ငံများ နည်းတူ ပါဝင်ဆင်နွှဲခဲ့သည်။
အခမ်းအနား ဖွင့်လှစ်ချိန်တွင် ကမ္ဘာ့တိရစ္ဆာန်များနေ့၌ အသားပေးထားသည့် အဓိက ဇာတ်ကောင် ဆင်ကို ဦးစားပေးကာ ကျောက်ဆည်ဆင်အကဖြင့် ကပြဖျော်ဖြေမှု စတင်ခဲ့ ရာ၌ ဟိုနားတစ်စု ဒီနားတစ်စု ဖြစ်နေသည့်တိရစ္ဆာန်ချစ်သူများသည် မျှော်စင်ကျွန်း ထဲ၌ ပိုမိုစုဝေးလာကြ သည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့အခမ်းအနားကို မြန်မာနိုင်ငံမှ တိရစ္ဆာန် ချစ်သူများနှင့်ကလေးငယ် များ အပါအ၀င် လူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး တိရစ္ဆာန်ချစ်သူ မြန်မာ အနုပညာရှင်များနှင့် ထိုင်းနိုင်ငံမှ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။
‘‘လူတွေရဲ့ အသုံးအဆောင်ပစ္စည်းအတွက် ဆင်တွေဟာ ဆယ့်ငါးမိနစ် တစ်ကောင်နှုန်းနဲ့ သေနေကြရတဲ့အတွက် ကာကွယ် ဖို့လိုပါတယ်’’ ဟု ကမ္ဘာ့တိရစ္ဆာန် များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အဆိုတော် ငယ်ငယ်ကဆိုသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့ကို Save Elephant Foundation ၏ ဦးဆောင်မှုဖြင့် ၂၀၁၃ တွင် စတင် ကျင်းပခဲ့ရာ ယင်းအချိန်က ကမ္ဘာ့ နေရာအနှံ့မှ မြို့ ပေါင်း ၄၀ ကျော် ၌ ပြုလုပ်ခဲ့ကြသော်လည်း ယခု နှစ်တွင် မြို့ပေါင်း ၁၄၀ ၌ ပြုလုပ် သည်ဟု ခန့်မှန်းထားသည်။
‘‘ကမ္ဘာ့အနှံ့အပြားမှာ တိရစ္ဆာန်ချစ်သူတွေက ကမ္ဘာ့ တိရစ္ဆာန်များနေ့ အခမ်းအနားကို နှစ်စဉ်ပြုလုပ်နေပါတယ်။ ထိုင်း နိုင်ငံမှာဆိုလည်း အနုပညာရှင် တွေကပါ ဦးဆောင်ပါဝင်ပြီး ဆင် စွယ်မသုံးစွဲရေး၊ ဆင်တွေကို မသတ်ဖြတ်ရေးအတွက် ပညာပေးမှုတွေ လုပ်နေပါ တယ်’’ဟု Save Elephant Foundation သံတမန် မစံပယ်ကပြောသည်။
ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနားသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း တိရစ္ဆာန်ချစ်သူများ၊ သဘာဝပတ်ဝန်းကျင်ချစ်သူများဖြင့် စည်ကားခဲ့သည်။
‘‘တိရစ္ဆာန်ထိန်းသိမ်းရေးအတွက် ဒီလိုပွဲမျိုးလုပ်တာကို ပထမဆုံး ကြုံဖူးတာပဲ။ ဒီပွဲလုပ်မှပဲ ကမ္ဘာ့တိရစ္ဆာန်များနေ့ ရှိတယ်ဆိုတာ သိရတော့တယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆင်တွေအ ကြောင်းကို ပြောပြတဲ့အခါမှာ လည်း ဆင်တွေက ဒီလို သတ်ဖြတ်ခံနေ ရပါလားဆိုတာ သိရ တယ်’’ဟု ကမ္ဘာ့တိရစ္ဆာန်များနေ့ အခမ်းအနားသို့ လာရောက်သည့် ကိုမင်းမင်းကပြောသည်။
ယင်းနေ့အခမ်းအနားတွင် အနုပညာရှင်များနှင့် ထိုင်းနိုင်ငံ အခြေစိုက် Save Elephant Foundation တည်ထောင်သူများ က မြန်မာနိုင်ငံတွင်ရော ကမ္ဘာတွင်ပါ ဆင်၊ ကြံ့နှင့် တောရိုင်း တိရစ္ဆာန်များ တရားမ၀င် သတ်ဖြတ်ခံရမှုများကို ပညာပေးဟော ပြောခဲ့သည်။
‘‘ဆင်တွေက မကြာခဏ သတ်ဖြတ်ခံရတဲ့အပြင် ဆင်တွေကို အကောင်လိုက် ရောင်းတာ တွေပါ ဖြစ်နေပါတယ်’’ဟု Save Elephant Foundation (Myanmar) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းကပြောသည်။
ဖျော်ဖြေမှုပြီးဆုံးချိန်တွင်တော့ ကျောက်ဆည်ဆင်ကြီးများ ဦးဆောင်ကာ တိရစ္ဆာန် ချစ်သူ များ စုဝေး၍ တိရစ္ဆာန်များ ကာကွယ်ထိန်းသိမ်းရေး ဆိုင်းဘုတ်များ၊ တိရစ္ဆာန် ရုပ်ပုံလေးများ ကိုင်ဆောင်ကာ ကန်တော်ကြီးအတွင်း လမ်းလျှောက်ခြင်းဖြင့် ကမ္ဘာ့ တိရစ္ဆာန်များနေ့ အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါသည်။(By ခိုင်ခိုင်စိုး)
参加动物保护会的孩子们
昆明信息港-彩云桥 记者文丽荣 在仰光著名的甘多基湖塔岛上,为唤起人们保护野生动物的意识,动物爱好者们身穿相同的衣服聚集在知识广告牌附近。
孩子们举着印有“不屠杀害大象,不要食用鱼翅等野生动物的身体部位 ”字幕的牌子。
此外,爱养小动物的人也带着自家的爱犬前来参加世界动物日纪念活动。
目前,缅甸大象和犀牛的数量正在不断减少,因此,缅甸更应该重视对大象和犀牛的保护。尤其是要进行“不要使用象牙制品,不屠杀大象”等宣传教育活动。
官方规定世界动物日为10月4 日,但实际上全世界人民是在10月3日和4日举行活动。
泰国拯救大象基金会(Save Elephant Foundation)每年10月4日都在全国各地举行世界动物日。今年,在该组织的帮助下,缅甸与其它国家一起举办保护动物的活动。
活动开始时,因为大象是世界动物日的主要吉祥物之一,因此,活动过程中,在表演象舞的时候,动物爱好者们会慢慢塔岛四周聚集。
共有1000多名缅甸动物爱好者、儿童参加了此次活动,此外,还有也爱护动物的缅甸艺术家和泰国艺术家。
参加世界动物日活动的歌手奈奈说,“为了制作人们的日常用品,每15分钟就有一只大象被屠杀,因此,迫切需要保护大象。”
据介绍,在拯救大象基金会(Save Elephant Foundation)的带领下,举办世界动物日活动的城市数量从2003年40多个增加到今年的140个。
拯救大象基金会(Save Elephant Foundation)大使玛然贝表示,“全球动物爱好者每年都会举办世界动物日活动,同时还举行泰国艺术家率先参加的以“不使用象牙、不屠杀大象”为主题的宣传教育活动。”
虽然缅甸首次举行世界动物日活动,但是参与者热情高涨,十分积极。
参加世界动物日活动的古敏敏告诉记者说,“我们是第一次参加这样的活动。通过举办这样的活动,才能让更多的人了解世界动物日,知道大象现在面临的危机。”
此次活动中,艺术家们和拯救大象基金会建立者分别就大象、犀牛以及其他野生动物正在遭受非法屠杀的事件发表演说。
据拯救大象基金会缅甸分会主席吴钦貌温介绍,大象除了被屠杀外,还有的被整只的拿到市场上进行售卖。
活动结束前,以象舞表演者为首的动物爱好者们聚集在一起,带着动物面具,举着保护动物广告牌在甘多基湖中央的塔岛上绕圈。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့