Vietjet လေကြောင်းလိုင်းက မြန်မာအပါအဝင် နိုင်ငံငါးခုကို ‘၀’ဒေါ်လာ အစီအစဉ်ဖြင့် လက်မှတ်ငါးသိန်း ရောင်းချမည်

2015-09-17 11:03|၇ရက်နေ့စဉ်သတင်းစာ

越捷

Vietjet လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး

ဗီယက်နမ်အခြေစိုက် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet လေကြောင်းလိုင်းက မြန်မာနိုင်ငံအပါအဝင် နိုင်ငံနှင့် ဒေသ ငါးခု သို့ ‘၀’ဒေါ်လာဟု အမည်ပေးထား သော အခမဲ့နီးပါးရရှိနိုင်မည့် လေ ယာဉ်လက်မှတ်ပေါင်း ငါးသိန်းကို ရောင်းချပေးမည်ဟု သတင်းရရှိသည်။

အရောင်း မြှင့်တင်ရေး လက်မှတ်များကို စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ နံနက် ၁၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲ အတွင်း အမေရိကန်ဒေါ်လာ ကိုးဒေါ်လာ၊ ၁၃ ဒေါ်လာ၊ ၁၈ ဒေါ်လာ စသည့် နှုန်းထားများဖြင့် ရောင်းချပေး မည်ဖြစ်သည်။

‘‘မြန်မြန်ဝယ် များများဈေး သက်သာ အရောင်းမြှင့်တင်ရေး အစီအစဉ်နဲ့အတူ ဒီလိုအံ့ဩဖွယ် ဈေးနှုန်းတွေကို ပေးအပ်တာဟာ အလည်အပတ်၊ အလုပ်ကိစ္စနဲ့ မိသားစုတွေ ပြန်လည် ဆုံစည်းရေး ကိစ္စတွေမှာ ခရီးသွားမယ့်သူ တွေကို အဆင်ပြေအောင် ကူညီ ပေးသွားမှာပါ’’ဟု Vietjet ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန ဒါရိုက်တာ မစ္စတာဒက်စ်မွန်လင်း က ပြောသည်။

အရောင်းမြှင့်တင်ရေး အစီအစဉ် အနေဖြင့် လျှော့ချ ပေးလိုက်သည့် ခရီးစဉ် များမှာ ဗီယက်နမ်နိုင်ငံမှ မြန်မာ၊ တောင်ကိုရီးယား၊ တိုင်ပေ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ ခရီးစဉ်များဖြစ်သည်။

အဆိုပါ လက်မှတ်များဖြင့် ၂၀၁၆ ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၂၂ ရက်အတွင်း လိုက်ပါစီးနင်းနိုင် မည်ဖြစ်သည်။

လက်မှတ်များဝယ်ယူခြင်း ကို www.Vietjetair.com တွင် ကြိုတင်စာရင်းပေးဝယ်ယူနိုင်ပြီး Visa၊ Master Card၊ JCB၊ American Express တို့အပါအဝင် အခြားငွေ ပေးချေရေးကတ် များဖြင့်လည်း ပေးချေ နိုင်မည် ဖြစ်သည်။

Vietjet လေကြောင်းလိုင်း သည် ရန်ကုန်-ဟိုချီမင်းခရီးစဉ် ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် အသွားအပြန်ပြေးဆွဲပေးမည် ဖြစ်သည်။ (By နိုင်လင်းအောင်)

越捷

一架越捷航空飞机

昆明信息港-彩云桥 记者文丽荣 据悉,越南越捷航空将启动机票零美元计划,向包括缅甸在内的五个国家和地区出售几近免费的50万张机票。

活动时间为9月16日到9月18日的早上11点半到中午1点半,公开出售9美元、13美元、18美元等的机票。

越南航空经济发展部门董事长德斯蒙德林说,“买的越多,越便宜,大家只需用这样的惊喜价就可以旅游、出差以及和家人团聚。”

此次机票优惠活动包括的航线有越南—缅甸、越南—韩国、越南—中华台北、越南—新加坡和越南—泰国。乘客可在越捷官网(www.Vietjetair.com)提前购买机票,支持维萨信用卡、万事达信用卡、日本国际信用卡、美国运通卡等银行卡付款。可以在2016年1月1日到4月22日期间持上述机票乘坐飞机。
据悉,从仰光市到越南胡志明的往返航线时间为每周一、周三、周五、周六和周日。

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်